Wednesday, May 30, 2012

ဖြေရှင်းပေးကြပါ KIA

Posted by မျိုးချစ်သူရဲကောင်းများ On 5:17 PM 0 comments


ငါတို့ကချင်လူမျိုးတွေဟာ မိဘအဆက်ဆက် ကိုယ့်အားကိုယ်ကိုး နေလာခဲ့ကြတာ စစ်ပွဲကြောင့် ကိုယ့်ရပ်ရွာစွန့်ပြီး ဒုက္ခသည်စခန်းတွေမှာနေပြီး သူများတွေပေးတာ ကျွေးတာ လှူတာ ကိုစောင့်ရင်းနဲ့ နေလာရတာစိတ်ညစ်လာပြီ။
တခြားနေရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ပြီး ဒေသခံတွေ တည်ငြိမ်အေးချမ်းမှုအရသာကိုပျော်ရွှင်ခံစားနေချိန်မှာ ကချင်ပြည်နယ်မှာတော့ KIA ရဲ့ကြီးမားတဲ့ နိုင်ငံရေး စကားလှိုင်းလုံးတွေကြောင့် ခုချိန်ထိပစ်ခတ်နေကြတော့ ငါတို့ဒုက္ခသည်တွေရွာကို မပြန်နိုင်ကြသေးဘူး။
ကိုယ့်ရပ်ရွာကိုပြန်ချင်ပေမဲ့ ခက်နေတာက မယုံရတာက KIA ဖြစ်နေတယ်။ တောင်ယာ၊ စိုက်ခင်း၊ လူသွားလမ်း၊ ကားလမ်း နေရာတိုင်းမှာ မိုင်းထောင်၊ ဆက်ကြေးငွေတောင်း၊ စပါးတောင်း၊ လူငယ်တွေကိုအဓမ္မဖမ်းဆီး၊ ကချင်လူထုကောင်းစားရေးအတွက် အကြောင်းပြပြီး လက်နက်ကိုင် တိုက်ပွဲတွေမှာ ရှေ့ကထားလို့ ကချင်လူငယ်တွေသေကြ၊ ဒဏ်ရာက၊ ဒုက္ခိတတွေဖြစ်ကုန်ပြီ၊ အမျိုးသမီးငယ်တွေကိုလည်း အဓမ္မခေါ်ဆောင် KIA ခေါင်းဆောင်တွေရဲ့ ကာမကျေးကျွန်တွေဖြစ်၊ KIA ရဲဘော်တွေရဲ့ အုပ်စုလိုက် အဓမ္မကျင့်စော်ကားမှုတွေကြောင့် အပျိုရည်ပျက်ခဲ့ရတဲ့ မိန်းကလေးတွေ၊ အသက်နဲ့အရှက်လဲခဲ့တဲ့ မိန်းကလေးတွေ မရေတွက်နိုင်တော့ဘူး၊ ခေတ်ပြောင်းသွားပြီ။ စစ်တပ်မဟုတ်တာလုပ်၊ အနိုင်ကျင့်ရင် ဘယ်မှာဖြစ်ဖြစ်တိုင်လို့ရတယ်။ မင်းတို့ KIA တွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကိုတော့ ဘယ်မှာ တိုင်ရမှာလဲ၊ အဓမ္မကျင့်တာတွေအတွက် ဂွမ်မော်ကို တိုင်တော့လဲ ရှေ့တန်း မှာတော့ ဖြစ်တတ်ပါတယ်။ စုံစမ်းပေးမယ်ပြောတယ်။ ခုချိန်ထိ ဘယ်သူ့ကို အရေးယူပေးမလဲ၊ လူ့အခွင့်အရေးအဖွဲ့တွေလာပြီး စုံစမ်းပေးစေချင်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ သား/သမီးတွေမရှိတော့တဲ့ ငါတို့လူကြီးတွေနဲ့သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေကင်းမဲ့ရာ ဒုက္ခသည်စခန်းမှာ တစ်နေ့တစ်နေ့ ဘယ်သူလာပေး၊ လာကျွေး၊ လာထောက်ပံ့မှာလဲဆိုတဲ့ ညံ့ဖျင်းတဲ့ စိတ်ဓာတ်တွေနဲ့ မျှော်လင့်အသက်ရှင်နေရတဲ့ဘ၀ကို မုန်းတီးလာပြီ။
အဖဘုရားသခင် ဖန်ဆင်းကောင်းချီးပေးထားတဲ့ ကြီးမြတ်လှတဲ့ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေကင်းမဲ့ရာ ဒုက္ခသည်ဘ၀ကနေ အိမ်ပြန်ချင်ပြီ။ ကြာလာရင် ငါတို့ကချင်တွေ သူများပေးတာကို မျှော်လင့်စားသောက်အသက်ရှင်နေရတဲ့ စိတ်ဓာတ်ပျက်ပြားတဲ့လူမျိုးတွေ ဖြစ်ကုန်တော့မှာဘဲ။
ငါတို့ကချင်လူမျိုးတွေ ဒုက္ခသည်နွံနစ်ပြီး စိတ်ဓာတ်ပျက်ပြားအောင်လုပ်တဲ့ သမိုင်းတရားခံ ကတော့-စစ်ပွဲများဖန်တီးရှင် KIA ခေါင်းဆောင် ဂမ်ရှောင်ဆိုတာ ငါတို့ယုံကြည်တယ်-
ဂမ်ရှောင်ရေ
ငါတို့ဒုက္ခတွေကို ဘယ်လိုဖြေရှင်းပေးမှာလဲ?........
အပစ်အခတ်ဘယ်တော့ရပ်မလဲ?.......

အမျိုးချစ်တဲ့ ကချင်

0 comments:

Post a Comment

LIKE BOX