Monday, May 28, 2012

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ရုံတည်ဆောက် ပြီးစီးပါက တစ်နိုင်ငံလုံး နွေရာသီတိုင်း မီးပေးနိုင်ဖွယ် ရှိဟုဆို

Posted by မျိုးချစ်သူရဲကောင်းများ On 4:39 PM 0 comments



ရန်ကုန်တိုင်း ဒေသကြီးအတွင်း တောင်ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည်ဖြစ်သော ကျောက်မီးသွေးဓာတ်အားပေး စက်ရုံနှစ်ရုံ ပြီးစီးပါက မြန်မာတစ်နိုင်ငံလုံး နွေရာသီရောက်တိုင်း၂၄နာရီ လျှပ်စစ်မီး ရရှိမည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနုဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ယနေ့ညနေတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် နှစ်ရက်ကြာ စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုနှင့်ပတ်သက်ကာ မေလ ၂၁ ရက်(ယနေ့) တွင်တိုင်း ဒေသကြီးလျှပ်စစ်နှင့် စက်မှုရေးရာဝန်ကြီးနှင့် တိုင်း လျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်းတို့ အပါအ၀င်မန္တလေး မြို့ခံများတက်ရောက်သည့် သတင်းစာရှင်းလင်း ပွဲတွင်အထက် ပါအတိုင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှာ လာမည့် သုံးနှစ်အတွင်းနှင့် ကျောက်မီးသွေးစက်ရုံမှာ နောက် ၁ နှစ်အကြာတွင် တည်ဆောက်မှု ပြီးစီးဖွယ်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။

မန္ဘလေးမြို့တော်တွင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မြို့ခံအများအပြားမှာ မေလ ၂၁ (ယနေ့)တွင်ပါ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြလျက်ရှိသည်။
မန္တလေးမြို့တော်တွင် မြို့ခံများ စတင်ဆန္ဒပြခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ၇၈ လမ်းမှ ၂၆ လမ်းဆုံအထိ လျှပ်စစ်မီးများလင်းထိန်နေသည်ကို တွေ့ရပြီး မေလ ၂၁ ရက်(ယနေ့)တွင်မူ ၇၃ လမ်းမှ ၂၆x ၆၉ လမ်းအထိ လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိကြောင်း မြို့ခံများထံမှ သိရသည်။

0 comments:

Post a Comment

LIKE BOX