Friday, June 1, 2012

အစိုးရအတိုက်အခံသမားတို့မှ Pron Web Site တည်ထောင်ကာအမျိုးကောင်းသမီးများ၏သိက္ခာကိုဖျက်စီးနေ(ပေးစာ)

Posted by မျိုးချစ်သူရဲကောင်းများ On 2:10 AM 0 comments


အတိုက်အခံတွေပေါများလှတဲ့မြန်မာနိုင်ငံတွင် မြန်မာပြည်သားအားလုံးတို့သည် ယခင်တပ်မတော်အစိုးရအုပ်ချုပ်ချိန်မှာကတည်းက ပြည်တွင်း အတိုက်အခံမီဒီယာတို့ကိုပိတ်ပင်ထားပေမယ့်ပြည်ပအတိုက်အခံမီဒီယာတို့၏မဟုတ်မမှန်သတင်းထုတ်လွှင့်မှုတို့အောက်တွင်ယုံကြည်နေခဲ့ကြပါတယ်ပြည်ထောင်စုသမ္မတနိုင်ငံတော်အဖြစ်သို့ကူးပြောင်းချိန်တွင်တော့မီဒီယာလွတ်လပ်ခွင့်တွေများစွာနှင့်အတူ ပိတ်ပင်ထားသော ဘလော့များ၊ဆိုဒ်များ၊မီဒီယာများကိုလွတ်လွတ်လပ်လပ်ရေးသားဖော်ပြခွင့် ပြည်သူများမှလည်းကြည့်ရှု့ခွင့်တွေပေးခဲ့ပါတယ်။၎င်းအချက်တို့ကိုအခွင့်ကောင်းယူကာ အစိုးရအတိုက်အခံတို့မှ နိုင်ငံရေးဘလော့များစွာနှင့်အတူပြည်တွင်းမှ မြန်မာပြည်သူပြည်သားအားလုံးကို မီဒီယာမှိုင်းဖြင့် အစိုးရအား အမျိုးမျိုးအတိုက်အခံပြုလုပ်နေပါတယ်။သတင်းတစ်ခုကိုအခြေခံကာ လိုသည့်ဘက်သို့ဆွဲရေးသားမှုမျိုးများဖြင့် အခြေအမြစ်ခိုင်မာသည်ဆိုသော၊မီဒီယာလွတ်လပ်ခွင့်တွေလိုအပ်ပါသည်ဆိုသောပြည်တွင်းမီဒီယာတို့သည်လည်းမီဒီယာကျင့်ဝတ်နှင့်မညီရေးသားဖော်ပြနေပါတယ်။

သို့ရာတွင် အစိုးရအတိုက်အခံတို့သည် ယခုအခါနည်းတစ်မျိုးဖြင့်ပြည်သူများအပေါ်အစိုးရကိုမုန်းတီးရေးပြုလုပ်လာပါတယ်။၎င်းမှာ Pron ညစ်ညမ်း ဆိုဒ်တည်ထောင်ကာလာရောက်ကြည့်ရှု့သူများအား နိုင်ငံရေးဆိုဒ်အသွင်မဟုတ်ပေမဲ့ အစိုးရမုန်းတီးရေးဝါဒဖြန့်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ Pron(ညစ်ညမ်း)ဆိုဒ်သည် သာမာန် ဆိုဒ်များထက်လူဝင်ရောက်ကြည့်ရှု့မှု့များပြားပါသည်။ထို့ကြောင့် ၎င်းဆိုဒ်ဖြင့် အစိုးရမုန်းတီးရေးဝါဒဖြန့်လုပ်ဆောင်ခြင်းသည်ပိုမိုအောင်မြင်နိုင်သည်ဟုသောယူဆချက်ဖြင့်အစိုးရအတိုက်အခံတို့သည်ညစ်ညမ်းသော စိတ်ဓါတ်တို့ဖြင့် Pron ဆိုဒ်တည်ထောင်ထားကြသည်။Pron ဆိုဒ်ဟုဆိုရာတွင်လည်း အခြား Pron ဆိုဒ်များကဲ့သို့မဟုတ်ပဲ မြန်မာအမျိုးကောင်းသားသမီးများအား ဈေး၊လမ်းမနှင့်အခြားလူစည်ကားရာအရပ်များအမျိုးသမီးပျိုလေးများအားဓါတ်ပုံခိုးရိုက်ကာတင်ထားခြင်းပင်ဖြစ်သည်။အချိုဆိုဒ်များသည် ကာယကံရှင်အမျိုးသမီးတို့၏မှားယွင်းမှု့ သိက္ခာမစောင့်ထိမ်းခြင်းများကြောင့်ဖြစ်ပေါ်လာသည့် ဓါတ်ပုံ၊ဗီဒီယိုဖိုင်များကိုသာ တင်ထားပါသော်လည်း ၎င်းအတိုက်အခံတို့၏ဆိုဒ်တွင်တော့သားကောင်းသမီးပျိုများအားအောက်တန်းကျလွန်းလှသောစိတ်ဓါတ်ဖြင့်ဖော်ပြနေခြင်းဖြစ်သည်။အတိုက်အခံတို့တဖက်လှည့်နည်းဖြင့်တည်ထောင်ထားသော Pron ဆိုဒ်အမည်မှာ (ဒို.တဏှာအစည်းအရုံး) ဘလော့ဖြစ်သည်။ဆိုဒ်ထဲရှိပုံအများစုမှာ သားကောင်းသမီးပျိုလေးများ၏ခိုးအရိုက်ခံရသောဓါတ်ပုံများပင်ဖြစ်ပါတယ်။၎င်းဘလော့တည်
  
ထောင်သူမှာယခင်ကဗကပဗမာပြည်ကွန်မြူနစ်ပါတီ)
 
အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုလည်းသိရပါတယ်။ယခုလက်ရှိတွင်တော့ ၎င်းပါတီမှာပျက်စီးလျှက်၇ှိနေပီး(ဗကပ)
 
အကျွင်းအကျန်တို့မှာ မြန်မာ့နိုင်ငံရေးတွင်
 
 ဒီမိုကရေစီနိုင်ငံတော်သစ်တည်ထောင်ခြင်းကိုဖျက်စိးလိုခြင်းဖြစ်သည်ဟုသိရပါတယ်။
 
မြန်မာအစိုးရအတိုက်အခံတို့၏ညစ်ညမ်းအောက်တန်းကျလှသောစိတ်ဓါတ်ကတော့စံထားလောက်ပေသည်။
 
အမျိုးကောင်းသမီးပျိုများအား သိက္ခာမဲ့ အကျင့်စရိုက်ဖြင့်ဖျက်စီးနေသော အစိုးရအတိုက်အခံတို့သည်
 
 မြန်မာပြည်ကောင်းစားရေးအတွက်
 
 လုပ်ဆောင်နေသည်ဆိုသည်မှာ လုံးဝပင်မဖြစ်နိုင်ကြောင်း သဘာဝမြေသို့ Mail ဖြင့်ပြည်သူတစ်ဦးမှ
 
 ပေးပို့ထားပါတယ်။

0 comments:

Post a Comment

LIKE BOX