Sunday, May 27, 2012

ပြည်သူတွေ ဒါဖတ်ပြီးမှ ဆန္ဒပြကြပါ (ပေးစာ)

Posted by မျိုးချစ်သူရဲကောင်းများ On 10:28 AM 0 comments

From : ကိုပြည်ချစ်

ပြည်တွင်းမှာ မငြိမ်သက်မှုတွေ ဖြစ်လာရင်

ခုလတ်တလော မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှု သတင်းတွေဟာ အတော်လေးကို ဟော့ဖြစ်လာတယ်။ လျှပ်စစ်မီး ပြဿနာ ကတော့ ခုမှတက်တာတော့လည်း မဟုတ်ပါဘူး။ မီးမလာလို့၊ ရေမလာလို့ ဆိုတဲ့ သတင်းတွေဟာ သိပ်တောင် မထူးဆန်းတော့သလို ဖြစ်နေပါပြီ။
ဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီးလည်း ပြည်သူသို့ ပန်ကြားချက် ဆိုတဲ့ ခေါင်းစဉ်နဲ့ အမှတ်(၂) လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက ကြေငြာချက် တစ်စောင် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒီနေရာမှာ ကျွန်တော် ဆွေးနွေးချင်တာ (၂) ချက် ရှိပါတယ်။ ပထမတစ်ချက်က တက်ရောက်ခဲ့တဲ့ သင်တန်း တစ်ခုက သတင်းဆရာ ပြောပြတာကို ပြန်ပြီး ဖောက်သည် ချချင်လို့ပါ။ မီးမလာဘူး၊ ရေမလာဘူး ဆိုတဲ့ သူတွေ စဉ်းစားကြဖို့ပါ။ မီးပုံမှန် လာနေတာကို လူတိုင်းက လိုလား ကြတာကလည်း မဆန်းပါဘူး။ ဒါပေမယ့် မီးပုံမှန်လာအောင် ဘယ်လို လုပ်မလဲ။ ရေပုံမှန်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပြဿနာ။ မီးလွှတ်ပေး၊ ရေလာအောင် လုပ်ပေး ဆိုရုံလောက်နဲ့ မလုံလောက်ပါဘူး။ ငါဆိုရင် ဘယ်လို လုပ်မယ် Plan (a)၊ Plan (b) ဆိုတာမျိုး ချပြနိုင်မလား။ ချပြလို့ အကောင် အထည်ဖော်နိုင်မယ့် Plan ဆိုရင် အဲဒီအတိုင်း လုပ်သင့် မလုပ်သင့် သုံးသပ် သင့်တယ်။


သတိချပ်သင့်တာက

နိုင်ငံခြားကိုတော့ လျှပ်စစ်ဓာတ်အား ရောင်းတယ်။ ပြည်တွင်းမှာတော့ ဖူလုံမှုမရှိဘူး ဆိုပြီးလည်း တစ်ချို့က ဝေဖန်ကြ ပြန်တယ်။ ဒါကလည်း မှန်သင့်သလောက်သာ မှန်တယ်။ နိုင်ငံမှာလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေက ဆယ်စုနှစ်နဲ့ ချီပြီး ချမှတ်ခြင်း ခံထားရတာဆိုတော့ ဘယ်နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုမှ မရှိဘူး။ အိမ်နီးချင်း နိုင်ငံတွေရဲ့ သယံဇာတ ရင်းနှီး မြှပ်နှံမှုနဲ့ ရေအားလျှပ်စစ်ကဏ္ဍ ရင်းနှီးမြှပ်နှံမှုပဲ ရှိတယ်။ တကယ်တော့ မီးမလာရခြင်း၊ ရေမလာရခြင်းရဲ့ အကျိုးဆက် တွေဟာ အစိုးရ တစ်ရပ်တည်းကိုချည် အပြစ်ပုံချနေလို့ မရနိုင်ဘူး။ ဒဏ်ခတ် ပိတ်ဆို့မှုရဲ့ အကျိုးဆက် တွေလည်း ပါတယ်ဆိုတာ ပြည်သူတွေ အနေနဲ့ သတိချပ်သင့်တယ်။

ဒါမျိုးတွေကျ ဘယ်သူမှ ဆန္ဒထုတ်ဖော်မပြခဲ့ကြဘူး

၁၉-၅-၂ဝ၁၂ ရက်နေ့က ရွှေလီ-မန်စံ ၂၃ဝ ကေဗွီ ဓာတ်အားလိုင်းရဲ့ တိုင်အမှတ် (၇၃၊ ၂ဝ၆၊ ၂ဝ၇ နှင့် ၂ဝ၈) တိုင် လေးတိုင်တို့မှာ မိုင်းခွဲအချိုး ခံခဲ့ရတယ်။ အဲဒီဓာတ်အားလိုင်း မိုင်းခွဲ ခံရတာကြောင့် ရွှေလီဓာတ်အားပေး စက်ရုံကနေ ထုတ်လုပ်တဲ့ ဓာတ်အားပမာဏ ၂ဝဝ မဂ္ဂါဝပ်မှာ လျော့နည်း ဆုံးရှုံးခဲ့ရတယ်။
နိုင်ငံရေး ယုံကြည်ချက်ကြောင့် ပဲဖြစ်ဖြစ်၊ တစ်ခြား ဘယ်ရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ် ဒီလိုမျိုး ဓာတ်အားလိုင်း တွေကို မိုင်းခွဲ ဖျက်ဆီးတာကို ဘယ်လို နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဘယ်ပြည်သူ တစ်ဦး တစ်ယောက်ကမှ KIA ကို ဆန့်ကျင်ကြဆိုတဲ့ ကြွေးကြော်သံမျိုး မကြားရပါဘူး။ တကယ်ဆိုရင် "စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ခြွင်းချက်မရှိ ရုတ်သိမ်းပေး၊ ဓာတ်အားလိုင်းတွေ မိုင်းခွဲ ဖျက်ဆီးမှု ချက်ချင်းရပ် ချက်ချင်း ရပ်" ဆိုတဲ့ အသံမျိုးတွေ ပြည်သူတွေကြား ကျယ်ကျယ် လောင်လောင် ထွက်ပေါ် လာရင် ခုလိုဖြစ်ရတဲ့ ပြဿနာရဲ့ တစ်ဝက်ခန့်ကို ဖြေရှင်းပြီး ဖြစ်ပါလိမ့်မယ်။

ဒီမိုကရေစီ ခေတ်ပြောင်း တော်လှန်ရေး ရောက်ပြီဆိုပြီး လမ်းပေါ်ထွက် ဆန္ဒပြရင် ခေတ်မီတယ်လို့ ယူဆရင် ဆန္ဒပြ ပြည်သူတွေ role ကျ သွားလိမ့်မယ်။ အမြင်ကျယ်ကျယ် ထားကြဖို့လိုတယ်။ နိုင်ငံက ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ မနေ့ တစ်နေ့ကမှ စခါပဲ ရှိသေးတယ်။ နိုင်ငံတကာကလည်း ရင်းနှီး မြှပ်နှံမှုတွေ ဝင်လာဖို့ တာစူခါပဲ ရှိပါသေးတယ်။ ဒီလို အခြေအနေမှာ ပြည်တွင်းက မငြိမ်သက်မှုတွေကြောင့် တုံ့ဆိုင်း သွားနိုင်တယ်၊ ဒီလို အခြေ အနေလေးတစ်ခု ဖြစ်လာအောင် ဘယ်လောက် ကြိုးပမ်းခဲ့ရတယ် ဆိုတာ လျှပ်တစ်ပြက် အတွေးလေးနဲ့တင် သိနိုင် ပါတယ်။ ဒီအခြေအနေ လေးကနေ နောက်ပြန်ဆုပ်သွားမှာကို စိုးရိမ်မိလို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။

Myanmar Express

0 comments:

Post a Comment

LIKE BOX