Friday, June 1, 2012

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

Posted by မျိုးချစ်သူရဲကောင်းများ On 2:59 PM 0 comments



From :ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက်အမှတ် (၂၈/၂၀၁၂)ကို ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၃) ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်း၊ အမှတ် (၃၇၃) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အား ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉နှင့် အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ကြေညာအပ်ပါသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ မှတ်ပုံတင်အမှတ်မှာ ( ၅၄) ဖြစ်ကြောင်း သိရှိရသည်။


Myanmar Express

0 comments:

Post a Comment

LIKE BOX