Saturday, June 2, 2012

ဒီအညံ့စားသတင်း ဘယ်သူ့မှာတာဝန်ရှိသလဲ ?

Posted by မျိုးချစ်သူရဲကောင်းများ On 8:06 AM 0 comments


ဒီရက်ပိုင်းအင်တာနက်စာမျက်နှာတွေမှာ ဒီအပေါ်ကသတင်းအတော်ပျံ့နှံ့နေတာတွေရပါတယ် ၊ စတင်ပျံ့လာကာစက ဖတ်မိသော်လည်း အမှားများလွန်းသော သတင်းဖြစ်သဖြင့် အမှတ်တမဲ့ဆိုသလို နေခဲ့ပါတယ် ၊ ဒါပေမယ့်ဒီသတင်းတစ်ပတ်လည် ပြန်ရောက်လာတဲ့အခါမှာတော့ သတင်းကို share လုပ်ထားသူအတော်များနေတဲ့အပြင် ဒီသတင်းအပေါ်မှာ ယုံကြည်သူများလာနေတာကြောင့် ဒီစာကိုရေးဖြစ်တာပါ ။

ဒီသတင်းကို ဖြန့်ဝေသူဟာ ယခင် စစ်အစိုးရ အဖွဲ့ဝင်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့သမီး ဒေါ်မမ တာဝန်ယူထုတ်တဲ့ Hot News က ကောက်နှုတ်ဖေါ်ပြထားတယ်လို့ဆိုပါတယ် ။သတင်းတစ်ခုလုံးမှာ သတင်းရေးသားသူဟာ သမ္မတအကြံပေး ဦးမြင့်ရဲ့ပြောစကားတွေကို ကိုးကားပြီး ဖေါ်ပြထားတာတွေ့ရပါတယ် ။သေချာတာတစ်ခုကတော့ ဦးမြင့်နဲ့ သတင်းရေးသူ တစ်ဦးမှာ တစ်ယောက်ယောက် မှားနေတာတော့သေချာနေပါပြီ ပညာရှင်တစ်ယောက်ဟာ ဒီလောက်အမှားများလိမ့်မယ်လို့ မထင်ပါဘူး ။

မြန်မာကတရုပ်ကိုနှစ် ၃၀ စာရောင်းလိုက်တဲ့ ရတဲ့ ဒေါ်လာ ၂၉ ဘီလီယံ ဟာ ၂၀၀၆ခုနှစ် မလေးရှားရဲ့ ၂လစာ ဂက်စ်ရောင်းရငွေနဲ့ညီတယ် ၊ ဒီတော့မြန်မာရဲ့ ဆုံးရှုံးမှုဟာ အင်မတန်မြင့်မားနေတယ်လို့ ပညာရှင် ဦးမြင့်ကပြောတယ်ဆိုပြီးစထား ပါတယ် ၊ ဒီမှာပါတဲ့ " မြန်မာကတရုတ်ကိုနှစ် ၃၀ စာရောင်းလိုက်တဲ့ ရတဲ့ ဒေါ်လာ ၂၉ ဘီလီယံ ဟာ ၂၀၀၆ခုနှစ် မလေးရှားရဲ့ ၂လစာ ဂက်စ်ရောင်းရငွေနဲ့ညီတယ် " ဆိုတဲ့ ကိန်းဂဏန်းဖေါ်ပြချက်တွေဟာ တစ်ခုမှမမှန်ပါဘူး ဘယ်သူမှ နှစ် ၃၀ စာကြိုမရောင်းသလို ဘယ်သူမှလည်းကြိုမ၀ယ်ပါဘူး နှစ်အလိုက် ဓါတ်ငွေ့ ပို့လွှတ်နိုင်တဲ့ပမာဏအလိုက် ဈေးနှုန်းတွေ သတ်မှတ်ပေးချေနေတာဖြစ်ပါတယ် ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒီပစ္စည်းတစ်ခုကို ဘယ်လောက်ဈေးနဲ့ရောင်းရင် တန်ရာတန်ကြေးရမယ်ဆိုတာလောက်မှ မတွက်တတ် လောက်အောင် " အ " နေမယ်လို့ ကျွန်တော်တော့မထင်ပါဘူး ။

နောက်ပြီး ၂၀၀၆ ခုနှစ်က မလေးရှားရဲ့ ၂ လစာ ဂက်စ်ရောင်းရငွေဟာ ၂၉ ဘီလီယံဖြစ်တယ်ဆိုတဲ့ ဖေါ်ပြချက်ဖြစ်တယ် ။ ဒါ WTO လို့ခေါ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးက ထုတ်ပြန်တဲ့ စာရင်းပါ ၊ ဒီမှာ ၂၀၀၅ ခုနှစ် မလေးရှားရဲ့တစ်နှစ်လုံး ဂက်စ်ရောင်းရငွေပါ ၆.၅၈ ဘီလီယံပဲရှိပါတယ် ။



ဒီလိုဝင်ငွေရဘို့အတွက် မလေးရှားဟာ သဘာဝဓါတ်ငွေ့ နှစ်စဉ်ကုဗ မီတာပေါင်းဘယ်လောက်တင်ပို့လဲ ဆိုတာကြည့်ရအောင်ပါ ။အချက်အလက်ကို CIA World Factbook ကနေယူထားတာပါ ။

သဘာဝဓါတ်ငွေ့ရဲ့ကမ္ဘာ့ပေါက်ဈေးဟာလည်း ၅ နှစ်အတွင်းမှာ ဆက်တိုက်ဆိုသလို ကျဆင်းနေတာကိုတွေ့ရပါတယ် ဒီဇယားက ၅ နှစ်စာ ၁ ကုဗ မီတာပေါ်မှာ သဘာဝဓါတ်ငွေ့ပေါက်ဈေးတွေပါ ။


ဒီကိန်းဂဏန်းဖေါ်ပြချက်တွေအရ မလေးရှားဟာ သဘာဝဓါတ်ငွေ့ရောင်းရငွေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်သာရှိပါသည် ။ ဒီကိန်းဂဏန်းတွေ အဖွဲ့အစည်းတွေကိုယုံပါသည် ၊ ဒီအောက်ကဇယားက ကမ္ဘာ့ဓါတ်ငွေ့ရောင်းတဲ့ Rank ကိုဖေါ်ပြထားတာပါ မလေးရှားက အဆင့် ၈ ၊ မြန်မာက အဆင့် ၂၂ ပါ ။



Source: CIA World Factbook - Unless otherwise noted, information in this page is accurate as of January 1, 2011

ဓါတ်ငွေ့တင်ပို့မှုမှာ ကမ္ဘာ့အဆင့် ၈ မလေးရှားဟာ၂၀၁၀ - ၂၀၁၁ မှာ ဓါတ်ငွေ့ကုဗမီတာသန်းပေါင်း ၃၁၀၂၉ ရောင်းတဲ့မလေးရှားဟာ ဒေါ်လာ ၇ ဘီလီယံလောက်ရနေချိန်မှာ ကမ္ဘာ့အဆင့် ၂၂ မြန်မာနိုင်ငံက ကုဗမီတာသန်းပေါင်း ၈၅၅၀ ရောင်းပြီး ဘယ်လောက်ဝင်ငွေ၇တယ်ဆိုတာကြည့်ရအောင်ပါ ။

မြန်မာပြည်က ဓါတ်ငွေ့ရောင်းရတဲ့ ၀င်ငွေကို အစိုးရက တရားဝင်ထုတ်ပြန်ခြင်းမရှိပေမယ့် မြန်မာနဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ဖေါ်ပြချက်တွေကို ပေါင်းပြီး ပြည်တွင်း က Eleven , Flowers News , Mizzima သတင်းဌာနတွေကို ကိုးကားပြီး ဒေသတွင်းသတင်းတွေမှာဖေါ်ပြနေတာက မြန်မာပြည်ရဲ့ ဓါတ်ငွေ့ရောင်း၇ငွေက ၀င်တာဟာ ၂၀၁၀-၂၀၁၁ မှာ ဒေါ်လာသန်း ၆၄၀ တိုးပြီး ၃.၅၆၃ ဘီလီယံရှိတယ်လို့ ဖေါ်ပြထားပါတယ် ၊ ဒါက ဆင်ဟွာရဲ့ သတင်းဖေါ်ပြချက်ပါ ။


ဒီအချက်အလက်တွေကိုထောက်လိုက်ရင် ဟိုးအပေါ်ဆုံးက ယခင် စစ်အစိုးရ အဖွဲ့ဝင်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်းရဲ့သမီး ဒေါ်မမ တာဝန်ယူထုတ်တဲ့ Hot News မှာပါတဲ့ ဦးမြင့်ပြောပါတယ်ဆိုတဲ့ " မလေးရှားဟာ ၂၀၀၆ ခုနှစ်တစ်နှစ်စာထဲကနေ သဘာဝဓါတ်ငွေ့ရောင်းပြီး ၁၆၁ ဘီလီယံရတယ် ကျွန်တော်တို့က နှစ်၃၀ စာရောင်းပြီး ၂၉ ဘီလီယံပဲ၇တာ မလေးရှားရဲ့ ၂ လစာလောက်ပဲရှိတယ် " ဆိုတဲ့စကားဟာ ယုံနိုင်ဘွယ်မရှိပါဘူး အကွာကြီးကွာနေပါတယ် ။

ထို့နည်းတူစွာပဲ ယခင်အစိုး၇တာဝန်ရှိသူတွေဟာ ဓါတ်ငွေ့ကို တွေ့လေရာဈေးနဲ့ ရောင်းခဲ့တာ မဟုတ်ဘူးဆိုတာလဲ ဒီကိန်းဂဏန်းတွေမှာပေါ်နေပါတယ် ၊ တရုတ်ကိုဆိုတာက ရောင်းကို မရောင်းရသေးပါဘူး ပိုက်လိုင်းသွယ်တုန်းပါ ။

သတင်းရဲ့နောက်ဆုံးပိုင်းမှာလည်း မြန်မာ့အကြွေးက ADB မှာဘီလီယံ ၅၀၀ ၊ World Bank မှာ ဘီလီယံ ၄၀၀ ဆိုပြီးဖေါ်ပြထားသေးတယ် အကွာကြီးကွာနေတယ်ဗျာ ၊ မြန်မာ့ကြွေးမြီက ၁၁ ဘီလီယံရှိတယ်လို့ အစိုးရက တရားဝင်ကြေငြာထားတယ် ။

ကြိုက်ကြိုက်မကြိုက်ကြိုက်မေးလိုက်မယ် ဒီအညံ့စားစကားတွေနဲ့ အခြေအမြစ်မရှိတဲ့ ကိန်းဂဏန်းဖေါ်ပြချက်တွေ ဘယ်သူ့မှာတာဝန်ရှိသလည်း ???????

ဒေါက်တာဆိတ်ဖွား

0 comments:

Post a Comment

LIKE BOX