Thursday, May 31, 2012

KIA ထောင်ထားသောမိုင်းကို နင်းမိသောကားအား KIA မှ မိုင်းဖိုးငွေပြန်တောင်း

Posted by မျိုးချစ်သူရဲကောင်းများ On 2:14 PM 0 comments

မေ ၃၀ ရက်
မေ ၂၇ ရက်နေ့ မွန်းလွဲ ၂နာရီ လောက်မှာ ပူတာအိုမှ မြစ်ကြီးနား သို့လာတဲ့ ကုန်တင်ယာဉ် ၂စီးဟာ က၀ပန်ရွာ နားမှာ KIA ထောင်ထားသော မိုင်းတစ်လုံးစီနင်းမိပြီး ယာဉ်၏ တာယာတွေပွင့်ထွက်သွားပေမယ့် လူကတော့ထိခိုက်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် KIA အဖွဲ့ က သေနတ်တွေကိုယ်စီနဲ့ ရောက်ခဲ့ပြီး ၎င်းတို့ထောင်ထားတဲ့မိုင်းကို နင်းမိတဲ့အတွက် ပိုက်ဆံ ၃၀၀၀၀ စီကိုအတင်းတောင်းခံခဲ့ပါတယ်။


ယာဉ်မောင်းတွေက မိုင်းကြောင့် ယာဉ်လည်းပျက်စီးခဲ့တယ်။ မိုင်းနင်းမိတဲ့ အတွက်ကြောင့် မိုင်းဖိုးကိုပြန်လျှော်ရတဲ့အတွက်ကြောင့် မိအေး ၂ခါနာဖြစ်ခဲ့ရပါတယ်။ KIA အဖွဲ့ က ဒီလိုမိုင်းကို လမ်းမှာထောင်ပြီး မိုင်းဖိုးကိုပြန်လျှော်ခိုင်းတာတော့ မကောင်းပါဘူး။ သူတို့က အစိုးရကားတွေကိုဘဲ မိုင်းကို နင်းစေချင်တဲ့သဘောမျိုးဖြစ်နို်င်ပါတယ်။ ဒါပေမယ့်လဲ ဒီလမ်းကြောင်းဟာ ပြည်သူတွေသွားလာနေတဲ့လမ်း၊ ကုန်ပစ္စည်းတွေပို့နေတဲ့လမ်းကြောင်း ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေဘဲထိခိုက်မှာဖြစ်ပါတယ်။ KIA က သူတို့ထောင်ပြီးတော့ ပိုက်ဆံရှာတဲ့ အနေအထားမျိုးကိုဖြစ်နေရပါတယ်။ အတင်းတောင်းလို့ အခြေ အနေမကောင်းလို့ ဒီလိုမိုင်ထောင်ပြီးတော့ မိုင်းဖိုးဆိုပြီး တောင်းတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် လို့ ကုန်တင်ကား အများစုနဲ့ ခရီးသည်တွေက မသွားရဲမလာရဲဖြစ်နေပြီး ကုန်ဈေးနှုန်းတွေလဲ အဆမတန် ကြီးမြင့် နေပြီး ကချင်ပြည်သူတွေလဲ ဒုက္ခရောက်နေရပါတယ်လို့ ကားသမားတစ်ဦးက KDN သတင်းဌာန သို့စာဖြင့်ပေးပို့ဆက်သွယ်လာခဲ့ပါတယ်

0 comments:

Post a Comment

LIKE BOX