Thursday, May 31, 2012

ကျောက်မီးသွေးဖြင့် ကော့သောင်းနှင့် မြိတ်၌ ၂၄ နာရီ မီးပေးရန်စီစဉ်နေ

Posted by မျိုးချစ်သူရဲကောင်းများ On 2:18 PM 0 comments


From :အောင်ထက်
ကျောက်မီးသွေးသုံးစက်ဖြင့် ၂၄ နာရီ လျှပ်စစ်သုံးစွဲနိုင်ရန် ကော့သောင်းမြို့နှင့် မြိတ်မြို့တို့တွင် ပြုလုပ်နေပြီဟု အဆိုပါ စီမံကိန်းမှ သိရသည်။ ”ကော့သောင်းမှာ ဇွန်လ ကနေစပြီး ရှစ်မဂ္ဂါဝပ်အားနဲ့ ရသွား မယ်။ ပြီးမှ မြိတ်မြို့မှာ ၅ဝ မဂ္ဂါဝပ် ဆက် လုပ်သွားမယ်လို့ စီမံကိန်းအရ သိရ တယ်”ဟု မြိတ်မြို့နေ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိအချိန်တွင် အဆိုပါမြို့ တို့၌ ပုဂ္ဂလိကမီးစက်ဖြင့်ပေးသော လျှပ်စစ်ကို ၂၄ နာရီ ရရှိနေသော် လည်း တစ်ယူနစ်လျှင် ကျပ်၄၄ဝ ပေးဆောင်နေရသည်။ယခု ကျောက် မီးသွေး မီးစက်အကောင်အထည် ပေါ်ပါက အများပြည်သူသုံးစွဲနိုင်ရန် တစ်ယူနစ်လျှင်ကျပ် ၂ဝဝ ထိ ကောက်ခံမည်ဖြစ်ပြီး ယူနစ်၏ သတ်မှတ်တန်ကြေးကို အစိုးရအဖွဲ့ ၏ ညှိနှိုင်းဆုံးဖြတ်ချက်အရလုပ်ကိုင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ ”အခု ကောက်ခံနေတဲ့ ပုံစံက တစ်လမှာ သုံးသုံး၊ မသုံးသုံး ၁၅ ယူနစ်ဖိုး ပေးရ တယ်။ ဒေသခံတိုင်း မသုံးနိုင်ဘူးပေါ့”ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။ အဆိုပါစက်ရုံကို ကော့သောင်း မြို့နှင့် ၅ မိုင်အတွင်းတွင် တည် ဆောက်ထားပြီဖြစ်ပြီး မြိတ်မြို့နှင့် ၁၅ မိုင်အကွာတွင်ရှိသော ကျွဲကူး ကျေးရွာတွင် ထပ်မံတည်ဆောက် သွားမည် ဖြစ်သည်။ ”ကျန်တဲ့ ဒေသတွေမှာ ကိုယ့် နည်းကိုယ့်ဟန်နဲ့မီးပေးပြီးသုံးနေကြ တယ်။တစ်ယူနစ်ကို ၆ဝဝ ကျတယ်” ဟုဒေသတွင်းအခြေအနေကို ရှင်းပြ သည်။ ¤င်းဒေသများကို မီးစက် အသုံးပြု လျှပ်စစ်မီးပေးသူများသည် အစိုးရမှပေးထားသော မီတာဘောက် များကိုတစ်လလျှင် မီတာစောင့်ရှောက် ခ ကျပ် ၁ဝဝဝ နှင့် တစ်ယူနစ်လျှင် ၁ဝ ကျပ်ပေးရကြောင်း၊မီတာဘောက် အသစ်တပ်ဆင်ပါက တရုတ်နှင့် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်သော ကျပ် ၃ဝဝဝဝ ဝန်းကျင်တန် မီတာ ဘောက်များကို တပ်ဆင်အသုံးပြု နေကြောင်း သိရသည်။ အဆိုပါ ပုဂ္ဂလိက မီးပေးစနစ် တွင် လမ်းဘေးလျှပ်စစ်မီးတိုင်များ ၏ သုံးစွဲသည့် တစ်လ၏ ကျသင့် ငွေကို တစ်အိမ်ထောင်စုလျှင် ကျပ် ၅ဝဝ ပေးရသည်။ ရေအား လျှပ်စစ် အနေဖြင့် ကျွန်းစုမြို့နယ်တွင် နဝရတ်ရေအိုင်မှ စီးသောရေကို ကျွန်းစုမြို့နယ်ရှိ မြို့မိ၊ မြို့ဖများနှင့် လုပ်ငန်းရှင်များကအသေးစား လျှပ် စစ်ထုတ်ယူသုံးစွဲလျက်ရှိကြောင်း၊ ၄င်းလျှပ်စစ်ဓာတ်အား သည် မိုးကာလ တွင်သာရရှိပြီးဒေသခံပြည်သူများမှ တစ်ယူနစ်လျှင်ကျပ်၂ဝဝပေးရကြောင်း သိရသည်။


Myanmar Express

0 comments:

Post a Comment

LIKE BOX