Thursday, May 31, 2012

♪♫ယင်း(ယင်းလတ်)ကို တွေ့....ဆုံခွင့်....ပေးပါ......♫ အတိုက်အခံခြင်းသာတွေ့ဆုံခွင့်ရခဲ့တဲ့ ဒေါ်စုကြည်

Posted by မျိုးချစ်သူရဲကောင်းများ On 1:42 PM 0 comments


အတိုက်အခံတို့ဘ၀ (မြန်မာ့အတိုက်အခံခေါင်းဆောင်နှင့် ထိုင်းအတိုက်အခံခေါင်းဆောင် အဘီဆစ်)

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီအတိုက်အခံခေါင်းဆောင် ဒေါ်စုကြည်ဟာ ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ် ၀ိချာချီဝ (Abhisit Vejjajiva) နဲ့မနေ့ ညနေပိုင်းတုန်းက ဟိုတယ်လ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။အဘီဆစ် ၀ီချာချီဝ ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီးဒီမိုကရက်တစ်ပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။အတိုက်အခံခေါင်းဆောင်းနှစ်ဦးဟာ ဆွေးနွေးမှု့အချိန်ဟာကြာမြင့်ခဲ့တယ်လို့လည်းသိရပါတယ်။“မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ အဓိကကျတယ် ဆို တာကို ကျနော်တို့နှစ်ဦးစလုံး သဘောတူကြပါတယ်။ နိုင်ငံခြားငွေလှဲလှယ်မှုနဲ့ပတ်သက်ပြီး တညီတညွတ် တည်းဖြစ်အောင် လုပ်ဆောင်တာမျိုးလို ပြုပြင်ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့ တခြား စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြုပြင်ပြောင်းလဲပြီး ထင်သာမြင်သာရှိအောင် လုပ်ဖို့လိုပါ တယ်။ နောက် ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားတွေကိစ္စလည်း ကျနော်တို့ ဆွေးနွေးဖြစ် ပါတယ်။ အလုပ်သမားတွေ ပိုပြီး အ၀င်အထွက် ရှိနိုင်ရေးနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ၊ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးနိုင်ရေးကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။” ဟု
အဘီဆစ်ကပြောကြားသွားသည်။သို့သော်၎င်းတို့နောက်ကွယ်တွင်ဖုံးကွယ်ထားသော ဆွေးနွေးမှု့များရှိနိုင်သည်ဟုသုံးသပ်သူများကဆိုသည်။ဒေါ်စုကြည်ဟာ ထိုင်းဝန်ကြီးချုပ် ယင်းလပ်နှင့်တော့သီးခြားတွေ့ဆုံနိုင်ခွင့်မရှိခဲ့ပါဘူး။WEF မှတည်ခင်းသောညစာစားပွဲသို့တက်ရောက်သော ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ၎င်းညစာစားပွဲတွင်သာစောင့်မျှော်တွေ့ဆုံခွင့်ရခဲ့ခြင်းဖြစ်သည်။ဒေါ်စုကြည်ဟာ ယင်းလပ်နှင့်သီးခြားတွေ့ဆုံခွင့်ရရန်တောင်းဆိုပန်ကြားထားကြောင်းသိရှိရပြီး ယခုအချိန်ထိတော့ပြန်လည်ဖြေကြားမှု့ တစ်စုံတစ်ရာမရှိသေးဟုသိရပါတယ်။ဒေါ်စုကြည်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကိုတက်ရောက်ရင်း ထိုင်နိုင်ငံမှ အဓိကခေါင်းဆောင်များနှင့်တွေ့ခွင့်ရရန်ဆောက်ရွက်နေခြင်းဖြစ်ပြီး လောလောဆယ်ထိတော့ အတိုက်အခံခေါင်းဆောင်နှင့်သာတွေ့ဆုံနိုင်ခဲ့သည်။ ဒေါ်စုကြည်ရဲ့ ထိုင်းခရီးစဉ်ပြီးဆုံးချိန်ထိ ထိုင်းဝန်ကြီးချုပ်ယင်းလပ်နှင့် ဒေါ်စုကြည်တို့ သီးသန့်တွေ့ဆုံမှု့ရှိလာနိုင်မှာမဟုတ်ကြောင်းလည်းလေ့လာသုံးသပ်ထားကြပါတယ်။အကယ်၍သာ ဒေါ်စုကြည်အား ယင်းလပ်မှ သီးခြားတွေ့ဆုံခွင့်မပေးခဲ့ပါက ဒေါ်စုကြည်အား နိုင်ငံတကာ့အလယ်မှ အရှက်ခွဲသလိုမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ထိုင်းအတိုက်အခံခေါင်းဆောင် အဘီဆစ်နှင့်တွေ့ဆုံခွင့်ရရှိခဲ့ခြင်းမှာလည်း မြန်မာ့အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက် ဒေါ်စုကြည်မှ တွေ့ဆုံခွင့်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။

0 comments:

Post a Comment

LIKE BOX