Friday, June 1, 2012

ကချင်ပြည်နယ်မှ ပြည်သူတို့၏ အသံ

Posted by မျိုးချစ်သူရဲကောင်းများ On 4:22 PM 0 comments


From : ကချင်ပြည်သူ

ဗန်းမော်မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကြောင့် လူငယ်တော်တော်များများ မူးယစ်ဆေးဝါးစွဲ
နေကြ ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ သူတွေပါဝင်နေပါတယ်။ မူးယစ်ဆေးဝါးရောင်း သူတွေကတော့ ပိုက်ဆံရဖို့သာအဓိကဖြစ်တာကို လူငယ်၊လူကြီးမရွေး ဖောက်သည်ဖြစ်ပြီးရောသဘောနဲ့ရောင်းနေပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ဖမ်းဖို့လွယ်ကူပေမဲ့ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေကို ဖမ်းဆီးရမိတဲ့သတင်းမျိုး မကြားရဘူး ဖြစ်နေပါတယ်။ အခုဆိုရင်သားသမီးတွေရဲ့ရှေ့ရေးဟာ ရင်လေးစရာဖြစ်နေတယ်လို့ မိဘတွေက ပြောဆိုနေကြပါတယ်။
တနိုင်းမြို့မှာ ရှိနေကြတဲ့ ဒေသခံတွေအနေနဲ့ သူတို့ရဲ့သားသမီးတွေ ကျောင်းအပ်နှံဖို့ အခက်အခဲတော်တော်များများနဲ့ရင်ဆိုင်နေကြရပါတယ်။ ပထမဆုံးကြုံရတဲ့ အခက်အခဲကတော့ နယ်မြေအေးချမ်းမှုမရှိတဲ့အခက်အခဲဖြစ်နေပါတယ်။ စစ်တပ်နဲ့ KIAတပ်တွေ တိုက်ပွဲတွေဖြစ်နေလို့ နယ်မြေမအေးချမ်းဘူး။ နယ်မြေမအေးချမ်းတော့အလုပ်အကိုင် ကောင်းကောင်းမွန်မွန်မလုပ်ကြရပါဘူး။ အလုပ်မရှိတော့ ၀င်ငွေမရှိ၊ ၀င်ငွေမရှိတော့ ကျောင်းသားတွေကျောင်းမထား နိုင်ကြတော့ပါဘူး။ ပိုက်ဆံရှိလို့ထားမယ်ဆိုရင်တောင် ကချင်လက်နက်ကိုင်တွေကို ကြောက်နေရလို့
ကျောင်းမအပ်နှံရဲကြပါဘူး။ဒါကြောင့်လဲ ဒေသခံတွေတောင်းဆိုနေတာကြ ငြိမ်းချမ်းရေးပင် ဖြစ်ပါတယ်။
ကာမုငိးမြို့နယ်မှာရှိကြတဲ့ သူတွေကလဲ သူတို့ဒေသမှာ ငြိမ်းချမ်းရေးမှုမရှိ၊ တိုက်ပွဲတွေဖြစ်နေ၊
မိုင်းတွေေ ပါက်ကွဲနေလို့ သူတို့ရဲ့ကလေးတွေကို ဒီနယ်မြေက ကျောင်းတွေမှာမထားတော့ဘဲ မြို့ကြီးတွေမှာ
ရွှေ့ပြောင်းထားနေကြပါတယ်။ ကာမိုင်းမြို့နယ်ခွဲအတွင်းမှာ ကျောင်းအပ် သူတွေထက် ကျောင်းပြောင်းရွှေ့နေသူကပိုမိုများပြားတယ်လို့ သိရပါတယ်။ ဒါဟာ စစ်ရဲ့စစ်ဆိုးကျိုးတွေဖြစ်တဲ့အတွက် KIA ရဲ့ ငြိမ်းချမ်းရေးမယူတဲ့လုပ်ရပ်အပေါ် ဒေသခံလူထုတွေ နားမလည်နိုင် ဖြစ်ကြရပါတယ်။
မိုးညှင်းမြို့မှာနေထိုင်ကြတဲ့သူတွေကလဲ သူတို့မြို့နယ်အတွင်းရှိကြတဲ့ ပြည်သူတွေအသံကို ဒီလိုပဲပြောပြကြ
ပါတယ်။မိုးညှင်း-ဟိုပင်-မိုးကောင်းသွားတဲ့လမ်းမကြီးဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပျက်စီးလာနေပါတယ်။
ယာဉ်မောင်းနှင် ရာမှာအလွန်ပဲ အန္တရာယ်ရှိနေပြီး ခရီးအချိန်ကြန့်ကြာမှုဟာလဲ စိတ်မရှည်နိုင်အောင်ကြာနေပါတယ်။
နွေရာသီမှာ ဖုံအလွန်ထ မိုးရာသီမှာ ရေအိုင်ပေါ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ဒါကြောင့်မို့ မိုးညှင်း-ဟိုပင်-
မိုင်းကောင်း ကားလမ်းအား သက်ဆိုင်ရာ ပြုပြင်ပေးစေလိုကြောင်းနဲ့ မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်တွေကိုလဲ ထိထိရောက်ရောက် အရေးယူပေးဖို့ ပြောနေကြပါတယ်။
မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာပတ်ဝန်းကျင်မှာရှိတဲ့ တွင်ရေ၊ချောင်းရေ၊ မြောင်းရေတွေ ခမ်းခြောက်
ကုန်လို့ လယ်ယာစိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်နေပါတယ်။ ရာသီဥတုအလွန်ပူပြင်းတဲ့အတွက် သောက်သုံးရေအခက်အခဲ တွေ့ကြုံနေရပါတယ်။ မိုးမရွာဘဲ အပူချိန်ဆက်လက်မြင့်တက်နေမယ်ဆိုရင်လာမယ့်နှစ်မှာ စပါးအထက်ွနှုန်းလဲကျသွားနိုင်ဖွယ်ရှိနေပါတယ်။ စပါးမထွက်ငွေမရ ဆင်းရဲသားတို့ဒုက္ခ ဆိုသလိုဖြစ်နေတော့မှာ ဖြစ်တဲ့အတွက်
လက်ရှိအခြေအနေအရ ကုန်ဈေးနှုန်းမတက်ဖို့ သက်ဆိုင်ရာက ထိန်းသိမ်းပေးဖို့ ပြောဆိုနေကြပါတယ်။
မိုးမိတ်မြို့မှာတော့ မြို့ကွက်ကကျင်းကျင်း မော်တော်ဆိုင်ကယ်တွေကများများ ဖြစ်နေတာမို့ ယာဉ်တိုက်မှု
တွေ မကြာခဏဖြစ်နေပါတယ်။ မိုးမိတ်-မန္တလေး လိုင်းပြေးဆွဲနေတဲ့ မော်တော်ယာဉ် လိုင်းဂတ်တွေ ကလဲ မြို့လယ်အတွင်းမှာ ထားရှိနေတဲ့အတွက် အဝေးပြေးဂိတ်တွေကိုမြို့အပြင်ထုတ်ပေးသင့်တယ်လို့  ပြောဆိုနေပါတယ်။ အခုအခါမှာ တရုတ်နိုင်ငံက လုပ်တဲ့ဆိုင်ကယ်တွေ ၀င်ရောက်မှုပိုမိုများပြားလာနေတဲ့အတွက် ဆိုင်ကယ်စီးနင်းမှုကို
စည်းကမ်းတကျဖြစ်အောင် လုပ်ပေးဖို့ ပြောဆိုနေပါတယ်။

Myanmar Express

0 comments:

Post a Comment

LIKE BOX