Thursday, June 7, 2012

ဤ ငါး ချက် ကြောင့် ဘီယာ သောက်ပါ။

Posted by မျိုးချစ်သူရဲကောင်းများ On 4:05 AM 0 comments



၁။ ဦးနှောက်သွေးလည်ပတ် ရပ်ဆိုင်းခြင်း ဖြစ်မှု့ နည်းပါးစေခြင်း။
အကယ်၍ အရက်သေစာကို သင့်တင့်စွာ သောက်သုံးပါက ဦးနှောက်သွေးလည်ပတ် ရပ်ဆိုင်းခြင်း ဖြစ်မှု့ ရောဂါ ဖြစ်ပွားရန် အလွန်ပင်နည်းပါးကြောင်း တွေ့ရှိရပါသည်။ နယူးအင်္ဂလန် ဆေးဂျာနယ်မှ ဖေါ်ပြချက်အရ သင့်တင် မျှတစွာ သောက်သုံးသူများသည် ရောဂါဖြစ်ပွားမှု့နှုံး ပျမ်းမျှ ၂၀ ရာခိုင်နှုန်းမျှ လျော့နည်းကြောင်း တွေ့ရှိရပါသည်။

၂။ အရိုးကို ခိုင်မာစေခြင်း။
ဘီယာ ခွက်ကြီး တခွက်တွင် နေ့စဉ် သင်လိုအပ်သော kvartsi နှင့် boori သတ္ထုဓါတ် ၂၀ ရာခိုင်နှုန်း ပါဝင်ပါသည်။ ထိုသတ္ထုဓါတ်များသည် အရိုးတည်ဆောက်ခြင်းနှင့် အရိုးကြွတ်ဆပ်ခြင်း ဖြစ်ခြင်းကို ကာကွယ်ပေးသဖြင့် မဖြစ်မနေ လိုအပ်ပါသည်။ ထို့အပြင် ဘီယာ မဂ္ဂနီစီယမ်သည် သွားများ ခိုင်ခန့်စေပါသည်။

၃။ မှတ်ညဏ်ကောင်းလာစေခြင်း။
ဆွီဒင်နိုင်ငံမှ စမ်းသပ်စစ်ဆေးချက်မှ တွေ့ရှိသည်မှာ ဘီယာသောက်သုံးသောကြောင့် ဦးနှောက်အာရုံကြောများ လန်းဆန်း ရှင်သန်လာပါသည်။ ထိုအခါ သင်ကြားရေးနှင့် မှတ်ညဏ်များ ပိုမိုကောင်းမွန်လာသည့် အကျိုးကို ခံစား ရပါသည်။ ဟော်လန်မှ လေ့လာစစ်ဆေးချက်များအရ ဘီယာကို သင့်တင့်မျှတစွာသောက်သုံးပါက အသိညဏ် ပညာနှင့် ခံစားမှု့ကို ပျက်စီးသည့် အကြောင်းရင်းများကို ကာကွယ်ပေးပါသည်။ မှတ်သားရန်မှာ အကယ်၍ မိမိ သောက်သုံးသင့်သည်ထက် ပိုမို၍ သုံးစွဲပါက မည်သူ့ကိုမဆို ဘီယာမှ နောက်တနေ့ မိုးလင်းပါက အသိညဏ်နှင့် ခံစားမှု့ကို ကာကွယ်ပေးမည် မဟုတ်ပေ။

၎။ ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်စေခြင်း။
နေ့စဉ် ဘီယာသောက်သုံးသူများသည် တခါတရံ အလွန်အကျွံ အရက်သောက်သူများထက် နှာစေးချောင်းဆိုး ဖြစ်မှု့ ၃ ဆခန့် လျှော့နည်းစေပါသည်။ဘီယာတွင် ကိုယ်ခံစွမ်းအားအား မြှင့်တင်ပေးသည့် ဆယ်လယ်နီယမ်ဒြပ်စင် ပါဝင်ပါသည်။

၅။ လွယ်ကူစွာပင် ပိန်စေပါသည်။
စပိန်နိုင်ငံမှ လေ့လာတွေ့ရှိချက်များအရ ဤကဲ့သို့ အဖြေရရှိပါသည်။ နေ့စဉ် ဘီယာ ခွက်ကြီး သောက်၍ မြေထဲ ပင်လယ်ဒေသတွင် နေထိုင်သည့် သူများ စားသောက်သည့်အတိုင်း နေထိုင်စားသောက်ပါက မိမိကိုယ်ခန္ဓာ အရှိအတိုင်းကို ထိန်းသိမ်းထားရုံမက ပေါ့ပါးသွက်လက်၍ ကိုယ်ရည်စစ်ခြင်းကိုပင် ဖြစ်ပေါ်စေပါသည်။

0 comments:

Post a Comment

LIKE BOX