Thursday, June 7, 2012

အစိုးရ၏တခုတည်းသောပြန်ကြားရေးသတင်းဌာန(သို့ )ရုရှားပည်ာတော်သင်များ

Posted by မျိုးချစ်သူရဲကောင်းများ On 4:18 AM 0 comments



အမှန်တကယ်အွန်လိုင်းတွင်လူပြောများနေသော အကြောင်းအရာများသည် ရုရှားရောက်စစ်ဗိုလ်များဟုခေါ်ဝေါ်သုံးစွဲကြသည်။ယင်းမှာ မှားယွင်းသောအသုံးအနှန်းဖြစ်သည်။နိုင်ငံတော်မှာ ရုရှားနိုင်ငံသို့  စေလွှတ်ရာတွင် အရပ်သားတစ်ဥိးကဲ့ သို့ စေလွှတ်ခြင်းဖြစ်သည်။ခေါင်းစဉ်တည်ပေးလိုက်ကတည်းက လူ့ စွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးခေါင်းစဉ်သာဖြစ်သည်။သို့ သော် ကာချူပ်ကြီးပြောသည့်  အတိုင်းပင် ယနေ့ ခေတ်သည် စစ်ရေးအမြင်တခုတည်းရှိသည့် နှင့် မလုံလောက်တော့ သော အခြေအနေရောက်နေသည့် အားလျှော်စွာ ဘက်စုံစစ်ပွဲ အသွင်ဖော်ဆောင်လာသည်။အစိုးရအားတိုက်ခိုက်ဝေဖန်သည့်  မီဒီယာ ဆိုဒ်များ ပေါများစွာ အွန်လိုင်းတွင်ရှိသော်လည်းအစိုးရဖက်တွင်ပြန်လည်ဖြေ၇ှင်းနိုင်ခြင်းလွန်စွာအားနည်းသည်။ယင်းအချက်သည် အစိုးရအတွက်ပြည်သူများ၏ယုံကြည်ကိုးစားမူ့ လျှော့ ကျလာစေနိုင်သော အကြောင်းအရာများထဲမှာ တချက်အပါအ၀င်ဖြစ်သည်။သို့ သော် ပညာတော်သင်များမှာ ပညာရေးအတွက်သာမက တိုင်းပြည်အတွက်လိုအပ် နိုင်ငံအရေးဆိုင်ရာများတွင် အမှန်တရားအတွက် ခွန်းတုံ့ ပြန်ခြင်းဖြင့်  တိုင်းပြည် ၏ပြန်ကြားရေး ဖြစ်လာသည်။
အထူးသဖြင့်  အတိုက်အခံအင်အားစုများသည် ယခင်အသုံးအနှန်း စစ်ခွေးများအဖြစ်သုံးနှန်းခဲ့ ကြပြီ။လက်ရှိ အစိုးရ တက်လာသောအခါ ကြံ့ ဖွံ စစ်ခွေးဖြစ်လာသည်။အမှန်တကယ် ထိုသူတို့ လိုချင်သော ဒီမို ကရေစီ နိုင်ငံအသွင်တွင် စစ်တပ်သည် ကာကွယ်ရေးသက်သက်သာဖြစ်သည်။နိုင်ငံရေးတည်ဆောက်ရေး မဏ္ဍီုင်းကြီး ၅ ရပ်တွင် အုပ်ချူပ်ရေး၊တရားစီရင်ရေးနှင့် မီဒီယာတို့ တွင် တပ်မတော်မှ မပါနိုင်သော်လည်း ဥပဒေပြုရေးတွင် တော့ ပါဝင်ဖို့ လိုအပ်သည်။ထို့ အပြင် ရုရှားရောက်စစ်ဗိုလ်များသည်လည်း ကြံ့ ဖွံ အသင်းဝင်များမဟုတ်သလို NLDအသင်းသားများလည်းမဟုတ်။ကြံ့ ဖွံစစ်ခွေးဟုသုံးနှန်းနေသူများသည် အမှန်တကယ် ဥပဒေလည်းမသိ ၊စကားပြောနိုင်ချင်ဇောအားကြီးစွာ သုံးစွဲခြင်းသက်သက်သာဖြစ်ပြီး ဗဟုသုတ နည်းပါးမူ့ ကို လူအများရှေ့ ထုတ်ဖော်သကဲ့ သို့ ဖြစ်ချေသည်။
အွန်လိုင်းမီဒီယာလောကတွင် ပြသနာတစ်ခုဖြစ်တည်လာလျှင် လက်ရှိအစိုးရနှင် နွယ်ပြီး ရုရှားရောက်ပညာတော်သင်များကို ပါ ပူးပေါင်းပုတ်ခတ်ပြောဆိုကြသည်။ယင်းမှားမှားယွင်းခြင်းသက်သက်သာဖြစ်ပြီး တပ်မတော်နှင့် ပါတီ ဖြစ်စေ အစိုးရနှင့် ဖြစ်စေ မည့် သို့ မျှ ဆက်သွယ်ခြင်း ဆက်စပ်ခြင်းမရှိသည်ကို မသိပဲပြောဆိုခြင်းသက်သက်သာဖြစ်သည်။နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ပုဒ်မခွဲ(စ)အရ တပ်မတော်သည် နိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကို ကာကွယ်စောင့် ရှောက်ရန်အဓိက တာဝန်ရှိသည် ဟု အတိအလင်းဖော်ပြထားသည်။မြန်မာနိုင်ငံတွင်မှ မဟုတ်နိုင်ငံအသီးသီးတွင်နိုင်ငံ၏တည်ငြိမ်အေးချမ်းမူ့  လျော့ ရဲ လာလျှင် စစ်တပ်မှပင် ၀င်ထိန်းပင်ရသည်မှာလည်းသဘာဝဖြစ်သည်။ထို့ ကြောင့်  ရုရှားရောက်တပ်မတော်သားများတင်မဟုတ် တပ်မတော်သားအားလုံးသည် အခြေခံဥပဒေကို ကာကွယ်ရန် အလုံးစုံတာဝန်ရှိသည်။

ပြည်သူ တချို့ အကောင်းမြင်တက်ရန်လိုသည်

မြန်မာနိုင်ငံ၏နောက်ဆုံး စခန်းသိမ်းတိုက်ပွဲများဖြစ်သော ၀ါးခသစ်ကဲ့ သို့ သော တိုက်ပွဲများတွင် ကိုက်၂၀၀ ပစ်ကွင်းထဲဝင်ပါက သေမည် သိသိနှင်ပင်တပ်မတော်သားများ အသက်ပေးခဲ့ ကြသည်။အိုမီဂါ ရှိတ်ဟု လူပြောများသော စခန်းသိမ်းတိုက်ပွဲတွင် တပ်မတော်သားများစွာ အသက်ပေးလှူပြီး အင်္ဂါစွန့် လွတ်ခဲ့ ကြရသည်။ကမ္ဘာကိုပင် မည့် သို့ မျှတိုက်ခိုက်ခြင်းမပြုနိုင်သော စခန်းဟု ကြေငြာထားသော စခန်းအား တပ်မတော်၏စွမ်းပကားဖြင့် တိုက်ခိုက်ရရှိခဲ့ သည်။မဲမဲမြင်သည့်  အရာမှန်သမျှတိုင်းအား အဆိုးမမြင်တက်ဖို့ လိုသည်။နိုင်ငံ ဒေသအသီးသီးတွင် ဘူတာရုံများ လမ်းကင်းတံတားများ၊ဘုရားများ ၊အသီးသီးတွင် တပ်မတော်သားများ ကျရာနေရာမှ တာဝန်ထမ်းဆောင်လျှက်ရှိသည်။တိုင်းပြည်အတွက် ကျရာနေရာဒေသတွင်ပေးဆပ်နေသာ သူများရှိသကဲ့ သလို့  ဒုက္ခိတ ဖြစ်သွားသူများကိုလည်း မင်္ဂလာဒုံစစ်ဆေးရုံတွင် စိတ်ခိုင်ပါက သွားကြည့် နိုင်ပါသည်။သို့ သော် မည်သည့် တပ်မတော်သားများမှ ဆန္ဒမပြခဲ့ ကြ။အဆိုးမြင်သူများကြားတွင် အကောင်းမြင်သောစိတ်ဖြင့်  တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ ကြသည်။ပြည်သူအများသည် ၂၀၀၈ နာဂစ်ထက် ၂၀၀၇ အရေးအခင်းကို ပိုမြင်ကြသည်။ရန်ကုန်ရှိ လမ်းများမှ သစ်ပင်များ ၊လူသေကောင်များ ကို တပ်မတော်သားများကပင် ဒိုင်ခံဆောင်ရွက်ခဲ့ သည်။ဧရာဝတီ တိုင်းဒေသတွင်လည်းကယ်ဆယ်ရေးလုပ်ရင်းပင်တပ်မတော်သားများစွာ အသက်ဆုံး၇ှုံးခဲ့ ကြသည်။သို့ သော် ထိုတပ်မတော်သားများနှင့် ပတ်သတ်သော မိဘသားချင်းသည်လည်းကောင်းဆွေမျိုး များသည်လည်းကောင်း မည် သည့်  မှတ်ချတ်များမပေး၊ပေးဆပ်ရင်းဖြင့် ဂုဏ်ယူကြသည်။ခြေတဖက်ပျက်သောကြောင့်  လူ့ အခွင့် တောင်းဆိုပိုင်ခွင့် ရှိလျှင် သို့ တည်းမဟုတ် တိုင်းပြည်အတွက် အသက်ပေးလျှင် အကျိုးခံစားခွင့် ရမည့် ဥပဒေမျိုး ကို မည့် သည့် တပ်မတော်သားများ၏ သက်ဆိုင်သူများ တောင်းဆိုခြင်းမပြုခဲ့ ကြ။တိုင်းပြည်အတွက် ရေစက်ချခွင့် မရ၊မိဘသေလျှင်ပင် တာဝန်အရ ပြန်လာနိုင်ခွင့် မ၇ှိသော အခြေအနေများ၊မိန်းမ ကိုယ်ဝန်ရင့် မာ အချိန်မျိုးပင် တိုင်းပြည်အတွက် ရှေ့ တန်းထွက်ရသည့်  သူများသည်မိမိ ရပိုင်ခွင့်  အရေးထက် တိုင်းပြည်အရေးကို ဦးစားပေးသူများဖြစ်ကြပြီး လူ့ အခွင့် အရေးတောင်းဆိုကာ ထောင်ကျနေသောသူများထက်တော့  သာလွန်သော အလုပ်လုပ်နေသူများဟု ထင်မြင်မိသည်။
၂၀၀၈ နာဂစ်ကယ်ဆယ်ရေး အတွက်ကိုယ်ထူကိုယ်ထဖြင့်  တပ်မတော်သားများ ကြိုးပမ်းဆောင်ရွက်ခဲ့ ကြသည်။ယင်းအခြေအနေတွင် အတိုက်အခံများမှ အနောက်နိုင်ငံများ၏ ကူညီမူ့ ကို မယူရကောင်းလားဟုအပြစ်တင်ကြသည်။ ဒုက္ခရောက်နေသော ပြည်သူများကိုအရေးမစိုက်သော အစိုးရဟု အပြစ်တင်ကြသည်။ဥပမာလေးတခုပြပါမည်။မိမိအိမ်သို့  ဆွေမျိုးမကင်းသော သူ(သို့ ) မိန်းမဘက်မှ ညီမ ၊အမ ၊ဦးလေး တစ်ဦးဦး အလည်ရောက်သော်အခါ မိမိမှလည်း ကြာရှည်မကြည်ဖြူ ၊မောင်းထုတ်ရန်လည်းမကောင်း အခြေ အနေမျိုး ကြုံဖူးကြလိမ့် မည်။အမေရိကန်သည် မဟာဗျူဟာအရ မြန်မာနိုင်ငံ တွင် စစ်စခန်းတည်ဆောက်ခွင့် ရချင်သည်။သို့ မှသာ တရုတ်နိုင်ငံ၏ တခုတည်းသော ထွက်ပေါက်ကို ပိတ်နိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံ ပတ်ပတ်လည်တွင် အမေရိကန် စစ်စခန်းမရှိသော နိုင်ငံမ၇ှိ။ကယ်ဆည်ရေးများရောက်လာသောအခါ ကူညီပေးသည်မှာ အဓိကမဟုတ်။ကယ်ဆယ်ရေးလုပ်ငန်းပြီးသွားသော အခါ မောင်းထုတ်ရန် အတွက် အခက်အခဲ ဖြစ်မည်မှာအမှန်ဖြစ်သည်။သို့ အတွက်ကြောင့်  နိုင်ငံတော် အစိုးရ သည် စစ်မှန်သောကူညီမူ့ ဖြစ်ပါက ထိုင်းနိုင်ငံမှတဆင့်  ပို့ ဆောင်ပေးပါရန် မေတ္တာရပ်ခံခြင်းဖြင့်  အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ခြင်းသက်သက်သာဖြစ်သည်။ သို့ သော် ပြည်သူများအကြားတွင် ၂၀၀၇ အရေးအခင်းကို သာပြေးမြင်ကြသည်။ရဟန်းတော်များ မေတ္တာသုတ်ပွားများခြင်းသည် အရေးမဟုတ်သေး။ဘေးမှ နိုင်ငံရေးသများများ ၀ိုင်းဝန်းလာပြီး နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်လာခြင်းကသာ အရေးဖြစ်သည်။မေတ္တာသုတ်ရွက်ဖတ်ပူဇော်သည်ဖြစ်စေ ၊ဆန္ဒပြသည်ဖြစ်စေ လူအများသွားလမ်းမ တလျောက် မြို့ တခုလုံးအုပ်အော်သောင်းနင်းဖြစ်သည့် အထိ တော့  ဘုရားသားတော်များ(အစစ်)နှင့် အတူနိုင်ငံရေးသများတို့  မလုပ်သင့် ဟုထင်မြင်မိသည်။အထူးသဖြင့်  ကိုဇာဂနာပြောသော ဘုန်းကြီးများပါ ပါလာသည် အထိ သပိတ်အဖြစ်ပေါ်ပေါက်လာအောင် ကျနော်တို့ ကြိုးပမ်းခဲ့ ကြတယ် ဆိုတဲ့  ရုပ်သံဖိုင်ကို ကြည့် ဖူးသူများ ပို မို့ သိရှိကြပေလိမ့် မည်။

နိဂုံးချူပ်

တပ်မတော် မှ လမ်းပြကာဒီမိုကရေစီအတွက် ဦးဆောင်လမ်းဖောက်ပြီး ဆောင်ရွက်နေသည့် အတွက် သင်္ချာသဘောတရားအရပင် နောက်ပြန်လှည့် မည့် အခြေအနေမရှိ။အာဆီယံ၏ကိုးစားမူ့ ကို ရယူပြီး နိုင်ငံတကာ၏စောင့် ကြည့် နေသည့် ကြားတွင် ဖြေဖြေးနှင့် မှန်မှန် လက်ရှိအစိုးရ ဆောင်ရွက်လျှက်ရှိသည်။အတိုက်အခံဆိုသည်ထက် ပူပေါင်းဆောင်ရွက်မူ့ မျိုးရှိမှသာ နိုင်ငံတနိုင်ငံ၏တိုးတက်မူ့ ကို အလျှင်အမြန်ရှာတွေ့ နိုင်မည်ဖြစ်သည်။မဲမဲမြင်ဆဲမည့်  သူများသည်လည်း တပ်မတော်နှင့်  ကြံဖွံ အဖွဲ့ အစည်းခွဲခြား သိ၇ှိရန်လိုသည်။ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ရောက်သော အခါ NLDနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲခြားသိမြင်နိင်ရန်လိုအပ်သည်။ကိုဇာဂနာသည်လည်း စကားလုံးတိုင်းသည် ဟာသမဖြစ်ပါဆိုသည်ကိုလည်း သိရှိနိုင်ရန်လိုအပ်သည်။ပြည်သူအများသည်လည်း ဒီမိုကရေစီဟုဆိုလိုက်သည့် နှင့် တပြိုက်နက်တည်း မင်းမဲ့ စရိုက်ဆန်ဆန် အကြမ်းမဖက်ဖို့ လိုအပ်သည်။ရပိုင်ခွင့် တည်းဟူသော အခွင့် အရေးထက်ဘောင်ကျော်လျှင် ဒီမီကရေစီတွင်လည်း တရားဥပဒေစိုးမိုးမူ့ ဖြင့်  ချူပ်ကိုင်ထားသည်ကိုသိရှိရန်လိုအပ်သည်။လိုချင်သော အခွင့် အရေးအတွက်နည်းလမ်းကျစွာ ဆန္ဒဖော်ပြခွင့် ရှိသော်လည်း အလွန်အကျွံဖြစ်လာလျှင်မူ ဒီမိုကရေစီဘိုးတော်နိုင်ငံဖြစ်သည့်  အမေရိကန်တွင်လည်း ရဲများသည် အကြမ်းဖက်နှိမ်နှင်းသည်ကိုလည်းသိရှိထားရန်လိုအပ်သည်။ဒီမိုကရေစီဟူသော ဝေါဟာရသည် လွတ်လပ်မူ့ သဘောဆောင်သော်လည်း ဥပဒေများဖြင့် ချူပ်ကိုင်ထားသည်ကို ဥာဏ်များစွာကွန့် ပြီးသိနိုင်ရန်ကြိုးပမ်းသင့် သည်။သို့ ပါသောကြောင့်  လက်ရှိလူငယ်များအနေဖြင့် နိုင်ငံ၏ပြောင်းလဲမူ့ အဆင့် ဆင့် တိုင်းအတွက် အကျိုး၇ှိစွာပါဝင်ပူပေါင်းဆောင်၇ွက်ခြင်းဖြင့် တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရန်တာဝန်ရှိပေတော့ သည်။


(မင်းသန့် )

0 comments:

Post a Comment

LIKE BOX