Saturday, June 9, 2012

မောင်တောတွင် လူ ၇ ဦးသေဆုံး

Posted by မျိုးချစ်သူရဲကောင်းများ On 9:28 PM 0 comments




ရန်ကုန်၊ ဇွန် ၉


မောင်တောမြို့တွင်ဖြစ်ပွားနေသော ဆူပူ အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၇ဦး၊ ဒဏ်ရာရရှိသူ ၁၇ဦး၊ အိမ်ခြေ ၄၉၄ လုံး၊ ဈေးဆိုင် ၁၉ခန်းနှင့် တည်းခိုခန်း တစ်ခန်း ပျက်စီးဆုံးရှုံးကြောင်း ပြည်ထောင်စုသမ္မတ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သေဆုံးဒဏ်ရာရရှိမှုများ၊ ပျက်စီးဆုံးရှုံးမှုများ အပေါ်သင်ခန်းစာယူကာ လက်ရှိရရှိထားသော တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု အခြေ အနေကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရေး အတွက် ပြည်သူ အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် သက်ဆိုင်များက နှိုးဆော်ထားကြောင်း ယင်းဌာနက ထုတ်ပြန်ထား သည်။

နယ်မြေခံရဲတပ်ရင်း ရဲတပ်ဖွဲ့များသည်လည်း ဆူပူမှုများအား ခြောက်လှန့်ဖြိုခွဲကာ လုံခြုံရေးအတွက် ကာကွယ် စောင့်ရှောက်ပေးလျှက်ရှိကြောင်း ယင်းဌာန၏ ၀ဘ်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

ဇွန်လ ဂရက်နေ့ ညနေပိုင်းနှင့် ညပိုင်း ဖြစ်စဉ်များ အရ ဆူပူ အကြမ်းဖက်သူများသည် မောင်တောမြို့မှ ၁၂မိုင်ခန့် ကွာဝေးသည့် ဂေါ်ဒူသာရ ကျေးရွှာအုပ်စု သရေကုန်ဘောင်ရွှာကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်း လုယက်မှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပွားမှုကြောင့် ကျောင်းဆရာကြီး ဦးချမ်သာ အပါအ၀င် သုံးဦး သေဆုံးပြီး တစ်ဦး ဒါဏ်ရာ ရရှိခဲ့ကြောင်း၊ အလားတူ ညောင်တုန်း ကျေးရွှာအုပ်စု ရွှေရင်အေး ကျေးရွှာကို မီးရှို့ ပစ္စည်းလုယက်မှု ဖြစ်ပွားပြီး ဗောဓိကုန်း ကျေးရွှာ၊ ကင်းချောင်းကျေးရွှာ၊ ကန်သာယာကျေးရွှာ၊ ကန်ပြင်သာစည် ကျေးရွှာ၊ ဝေသာလီကျေးရွှာ၊ မောရ၀တီ ကျေးရွှာများကို မီးရှို့မှုကြောင့် မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း ယင်းဌာနက သတင်း ထုတ်ပြန် ထားသည်။

မောင်တော မြို့ပေါ်ရှိ ရပ်ကွက် ၄၊ ၅နှင့် အောင်ဗလရွှာ၊ ဥဒေါင်းရွှာ၊ ပြသားရွှာ၊ နှင့် ရွှာမရွှာတို့ကို ဆူပူ အကြမ်းဖက်သူများက မီးရှို့ရန် ကြိုးစားသော်လည်း နယ်မြေခံ လုံခြုံရေးများက ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြန်ကြားရေး ဌာနက သတင်း ထုတ်ပြန်ထားသည်။

0 comments:

Post a Comment

LIKE BOX