Wednesday, June 6, 2012

ဒေါ်စုကြည် ဗမာနိုင်ငံသူလား? မြန်မာနိုင်ငံသူလား?

Posted by မျိုးချစ်သူရဲကောင်းများ On 3:58 PM 0 comments




From : တိုင်းရင်းသူတစ်ဦး

ဒေါ်စုကြည်၏ ဘန်ကောက်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲ (World Economic Forum) ၌ ပြောကြားချက်တွင် နှစ်ပေါင်းထောင်နှင့်ချီ၍ ထင်ရှားခဲ့သော မြန်မာ နိုင်ငံကို မြန်မာ (Myanmar)ဟု ခေါ်ဆိုသုံးစွဲရမည်ဖြစ်သော်လည်း၊ မိမိမွေးရာဇာတိ နိုင်ငံကိုပင် ကိုလိုနီနယ်ချဲ့ပေးခဲ့သည့် အမည်ဖြစ်သည့် ဗမာနိုင်ငံ(Burma)ဟု အထပ်ထပ်အခါခါသုံးစွဲပြော ဆိုခဲ့မှုသည် နိုင်ငံရေးပါတီခေါင်းဆောင် တဦးအနေဖြင့်လုံးဝ (လုံးဝ)မပြုလုပ်သင့်သည်ကို သိ လျက်နှင့်လား၊ တမင်ဖန်တီး ပြောကြားသွားခြင်းလားဟု သံသယ၀င်ဖွယ်ဖြစ်လာပါသည် ။

မြန်မာဆိုသည်မှာ မြန်မာနိုင်ငံအတွင်း စည်းလုံးညီညွှတ်စွာ စုပေါင်းမှတင်းနေထိုင်ကြ သော တိုင်းရင်းသားညီမကို မောင်နှမများ (ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်)စသော မျိုး နွယ်စုပေါင်း ၁၀၀ ကျော်ကို ကိုယ်စားပြုခေါ်ဆိုသော ဗမာကို ကိုယ်စားပြု၍ Burma(ဘားမား) ဟု အင်္ဂလိပ် အသံထွက်နှင့် မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်၊ ပထမမြန်မာနိုင်ငံ(ပုဂံခေတ်)၊ ဒုတိယ မြန်မာနိုင်ငံ (ဟံသာဝတီခေတ်)၊ တတိယ မြန်မာနိုင်ငံ(ကုန်းဘောင်ခေတ်)ဟု သမိုင်းခေတ် အဆက်ဆက်နှစ်ပေါင်း ၁၀၀၀ ကျော် ထင်ပေါ်ကျော်ကြားခဲ့သည့် မြန်မာနိုင်ငံ (Myanmar) အား အန်တီစု(ဒေါ်စုကြည်)မှ ယခုကဲ့သို့ ဘားမား(Burma)ဟု အကြိမ်ကြိမ် တမင်ခေါ်ဆိုသုံးစွဲ လိုက်ခြင်းသည် ကျွန်မလို မြန်မာတိုင်းရင်းသူတဦးအနေဖြင့်လည်းကောင်း၊ မျိုးနွယ်စုပေါင်း ၁၀၀ ကျော်ရှိ တိုင်းရင်းသား/များ ကိုယ်စားလည်းကောင်း၊ များစွာစိတ်မကောင်းဖြစ်ရပြီး မြန်မာနိုင်ငံ၌အေးအတူပူအမျှ အတူတကွ နေကြရင်းဆုံးဖြတ်ထားသည့် မြန်မာတိုင်းရင်းသား များအကြား၊ ဗမာ လူမျိုးကြီး ၀ါဒကို သွတ်သွင်းရန်ကြိုးပမ်းနေပေသေးလားဟုများစွာသံသယ များဝင်ခဲ့စေပါသည် ။

မြန်မာနိုင်ငံ တိုင်းရင်းသားများ ကိုယ်စား အန်တီစုအား ပြောကြားလိုသည်မှာ မြန်မာ နိုင်ငံအား ရည်ညွန်းရာတွင် တရားဝင်အမည်ဖြစ်သော “Myanmar” ဟုခေါ်ဆိုသုံးစွဲရန်နှင့် ကိုလိုနီခေတ်အမည် “Burma”ကို လုံးဝ ခေါ်ဝေါ်မသုံးစွဲသင့်ပါကြောင်း စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပါသည် ။

Myanmar Express

0 comments:

Post a Comment

LIKE BOX