Tuesday, June 5, 2012

လိုင်ဇာမြို့သိမ်းစီမံချက် Online ပေါ်မှပျံ့နှံ့လျက်ရှိပြီး လိုင်ဇာမြို့ခံများ ကြောက်ရွံ့လျက်ရှိ

Posted by မျိုးချစ်သူရဲကောင်းများ On 2:26 PM 0 comments

အခုရက်ပိုင်းအတွင်းမှာ Online မှာ လိုင်ဇာမြို့သိမ်းစီမံချက်နဲ့ပတ်သတ်ပြီး website တစ်ချို့မှာ ပျံ့နှံ့
လျက်ရှိပါတယ်။ ဒီလို IT ခေတ်မှာ သတင်းအချက်အလက်ဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျဖြစ်နေတဲ့အချိန်မှာ
online ကိုအသုံးပြုနေတဲ့သူများအားလုံးက ဒီလိုသတင်းအမှန်တွေကို သိရှိနေကြပါတယ်။ ကျွန်တော်တို့ လိုင်ဇာမြို့မှာ
internet အသုံးပြုသူတွေက ၁၀ ယောက်မှာ ၇ယောက်လောက်က internet ကို အသုံးပြုနေတဲ့သူတွေဘဲဖြစ်ပါတယ်။
အကြောင်းအရာ တော်တော်များများက Internet မှာရှာဖွေတွေ့ရှိသိရှိနိုင်ပါတယ်။ လိုင်ဇာမြို့သိမ်းစီမံချက်နဲ့
ပတ်သတ်ပြီး လိုင်ဇာမြို့မှာတော်တော်လေးပျံ့နှံ့နေပါတယ်။ လိုင်ဇာမြို့ ကကချင်တွေအားလုံးက ကြောက်လန့်
နေလျက်ရှိပါတယ်။



KIA ကခေါင်းဆောင်များကလည်း အဲဒီစီမံချက်နဲ့ပတ်သတ်ပြီး ခုခံမဲ့အစီအမံတွေ ရေးဆွဲထားပြီးဖြစ်ပေမယ့်
အင်းအားဖြည့်ဖို့အတွက် ပန်ဝါဘက်မှ အစိုးရတပ်နဲ့ တိုက်ခိုက်နေတဲ့တပ်တွေကို လိုင်ဇာမြို့သိုခေါ်ဆောင်နေပါတယ်။
အချို့တပ်တွေကတော့ လိုင်ဇာကိုရောက်ရှိနေကြပါပြီး။ လိုင်ဇာမြို့က ကချင်တွေကတော့အိမ်မှာဗုံးခိုကျင်းတူးတဲ့
သူတွေက တူးနေကြပြီး တစ်ချို့က တရုတ်ပြည်ကိုပြောင်းရွေ့ဖို့စီစဉ်နေတယ်လို့သိရှိရပါတယ်။ မြို့မှာရှိတဲ့
ပြည်သူတွေက တော်တော်လေးစိုးရွံ့နေကြပါတယ်။ KIA ခေါင်းဆောင်တွေရဲ့ မိသားစုတွေအားလုံးကိုတော့
တရုတ်ပြည်ကို ပြောင်းရွေ့မှုတွေလုပ်နေကြပါပြီး အခြေအနေမဟန်ရင်တော့ သူတို့ပါ တရုတ်ပြည်မှာ ခိုလုံဖို့
စီစဉ်နေပါတယ်။ ပြည်သူတွေကိုတော့ KIA ခေါင်းဆောင်တွေက ဘာကိုမှစီစဉ်ပေးတယ်ဆိုတာမရှိဘူးလို့ KIA
ကွန်ပျူတာဌာနမှာ တပ်ဖွဲ့ဝင်တစ်ဦးမှ KDN သတင်းဌာနသို့ email ဖြင့် သတင်းပေးပို့လာပါတယ်။

0 comments:

Post a Comment

LIKE BOX