Thursday, June 7, 2012

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ မြန်မာ့ဆက်သွယ်ရေး ဈေးကွက် ဝင်တော့မည်

Posted by မျိုးချစ်သူရဲကောင်းများ On 7:30 AM 0 comments


From : ခေတ်လူငယ်

ဆွီဒင်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သော Ericsson နှင့်ဖရန်ကို အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ Aleatel-Lucent တို့က ၂၀၁၂ ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးဈေးကွက်အတွင်း ဝင်ရောက် လာတော့ မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများ၏ ထုတ်ပြန်ကြေညာ ချက်အရသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ မြန်မာ့ဆက်သွယ်ရေး ဈေးကွက်တွင် နေရာတစ်နေရာ ရရှိရေးအတွက် ရန်ကုန်မြို့တွင် ယခုလ အတွင်း Ericsson ကုမ္ပဏီက ရုံးခန်းလာရောက် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ အလားတူ Nokia ၊ တရုတ်နိုင်ငံအခြေစိုက် Huawei Technologies ZTE ကုမ္ပဏီတို့လည်း မြန်မာ့ ဆက်သွယ်ရေး ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး Alcatel- Lucent ကမြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ ၎င်း၏ ဈေးကွက်ချဲ့ထွင်းမည့်အစီအစဉ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က အတည်ပြုခဲ့ကြောင်း၊ မိုဘိုင်းလ်ဖုန်းသိပ်သည်းဆနည်းပါးသည့် နိုင်ငံများတွင် ဈေးကွက်ရရန် အလား အလာကောင်းကြောင်းဖြင့် အဆိုပါ ကုမ္ပဏီ၏ အာရှ -ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးအကြီးအကဲက သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX