Saturday, June 9, 2012

ဘူးသီးတောင်မြို့နယ် အမိန့်အမှတ် ၁/၂၀၁၂

Posted by မျိုးချစ်သူရဲကောင်းများ On 1:31 AM 0 comments



From : သမ္မတရုံး

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ဘူးသီးတောင်မြို့နယ်

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၄၄

အမိန့်အမှတ် ၁/၂၀၁၂

(၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်)

ပြစ်မှုဆိုင်ရာ အထွေထွေအမှုအမှတ် ၁/၂၀၁၂

၁။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ အများပြည်သူတို့ သိစေရန် ထုတ်ပြန်လိုက်သည်။ ဘူးသီးတောင်မြို့နယ်၊ ရပ်ကွက်များအတွင်း ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဘဂ္ဂင်လီလူမျိုးများမှ လူစုလူဝေးဖြင့် တိုင်းရင်းသား နေအိမ်များအား ဝင်ရောက်ဖျက်ဆီး ဖြိုဖျက်ရန် ကြိုးပမ်းကြသည့် ဖြစ်စဉ်များ တွေ့ရှိနေ ရသဖြင့် ဘူးသီးတောင်မြို့ နယ်နေ ပြည်သူလူထုများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဘူးသီးတောင်မြို့ နယ်တွင် တည်ရှိသော လမ်းများ၊ အများပြည်သူတို့ သွားရာလမ်း၊ လမ်းမကြီး ၊ လမ်းကြား၊ ပန်းဥယျာဉ် (သို့မဟုတ်) အများပြည် သူဆိုင်ရာ နေရာများတွင် (၅) ဦး (သို့မဟုတ်) (၅) ဦးထက်ပိုသော လူများစုရုံးခြင်းကြောင့် မီးရှို့မှုများ၊ လူသတ်မှုများ၊ ရုန်းရင်း ဆန်ခတ်မှုများနှင့် ပစ္စည်းလုမှုများ ထပ်မံဖြစ်ပွားရန် အကြောင်းရှိသည်ဟု ကျွန်ုပ်ယုံကြည်သည်။

၂။ သို့ဖြစ်၍ ဘူးသီးတောင်မြို့ နယ်အတွင်းအတွင်း လမ်းမကြီးများ၊ အများ ပြည်သူတို့ သွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများ ပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာ များတွင် (၅) ဦး (သို့မဟုတ်) (၅) ဦးထက်ပိုသော လူများ စုဝေးခြင်း မပြုရန် နှင့် ညနေ (၁၈၀၀) နာရီအချိန်မှ နံနက် (၀၆၀၀) နာရီအထိ ကာလ အတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည်။

၃။ ဤအမိန့် သည် ယနေ့ မှ၍ (၂) လမျှ အတည်ဖြစ်သည်။

၎။ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက် မှတ်ရေးထိုး ထုတ်ဆင့်လိုက်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး

Myanmar Express

0 comments:

Post a Comment

LIKE BOX