Sunday, June 3, 2012

အမေစု သား/သမီး ဆိုသူများ မိုက်ရိုင်းမှု အရှိန်အဟုန် မြင့် လာသဖြင့် အချင်းချင်း သတိပေးနေရ

Posted by မျိုးချစ်သူရဲကောင်းများ On 3:35 AM 0 comments


"အမေစု.. အမေစု" လို့ အော်နေသူ အားလုံးနီးပါးဟာ အလွန်မိုက်ရိုင်းပြီး အောက်တန်းကျလာတာကြောင့် အခြား မနေနိုင်သည့် အမြင်မတော် သူများက လိမ္မာဖို့ ပြောနေရပြီ ဖြစ်ပါတယ်။ အင်တာနက်ပေါ်နှင့် facebook ပေါ်တွင် "အမေစု" လို့ ခေါ်သူ များဟာ အမြဲ ဆဲဆိုနေတတ်ကြပြီး ခေတ်တွေ နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း ၎င်း တို့ရဲ့ စကားအသုံးအနှုံးများ က ခါးအောက် ကနေ ခုထိ မတက်နိုင်သေးဘူး ဖြစ်ပါတယ်။ အခြား အင်တာနက်သုံးသူ မိန်းကလေး အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံ တိုးတက်စေဖို့ ထက် အမေစု သား/သမီးတွေ အသိအလိမ္မာ တိုးတက်စေဖို့ ကို အရင် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ လူရွှင်တော် ဇာဂနာ ကတော့ ညစ်စုတ်ပတ်စုတ်တွေ ပြောလွန်းလို့ facebook မသုံးချင်တော့ဘူးလို့ ပြောပါတယ်။

မြန်မာလူမျိုးအချင်းချင်း လဲနေသူ ထူပေးရန်၊ အားငယ်သူ အားပေးရန်လိုအပ်တာကြောင့် အသိအလိမ္မာ အားနည်းသော အမေစုသား လူရမ်းကားများကို တက်နိုင်သမျှ သည်းခံပြီး ဒီမိုကရေစီ နိုင်ငံသစ်အတွက် စိတ်သစ်လူသစ် မွေးခိုင်းကာ လက်တွဲခေါ်ကြဖို့ Myanmar Express Group အဖွဲ့ဝင်များက ကြိုးစားကာ အမြင်မှန်ရရေး ဆက်လက် ကြိုးစား သွားမယ်လို့ မြန်မာအိပ်စပရက် မှ အယ်ဒီတာချုပ် က မှတ်ချက်ပေးပါတယ်။

Myanmar Express

0 comments:

Post a Comment

LIKE BOX