Saturday, June 9, 2012

မောင်တောမြို့အရေးအခင်းအတွက် သမ္မတကြီးထံသို့တောင်းဆိုခြင်း

Posted by မျိုးချစ်သူရဲကောင်းများ On 9:53 PM 0 comments



ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဇွန်လ ၈ ရက်နေ့က ရခိုင်ရွာ ၇ ရွာကို အစ္စလာမ္မစ် ဘာသာဝင် ကုလား တွေမီးရှို့လိုက်တယ်။ ဒီနေ့မနက်မှာတော့ မီးရှို့ခံရတဲ့ရွာပေါင်း ဒါဇင်လောက်ရှိနေပြီဗျ။ မောင်တောဆေးရုံမှာ တာဝန်ကျနေတဲ့ ဘူးသီးတောင်ကဆရာဝန်လင်မယား ၂ ယောက်ပါ အသတ်ခံရတဲ့အပြင် ရခိုင် ၂ဝ ယောက် ကျော် အသတ်ခံရတယ်။ ရဲစခန်းကို ကုလားတွေလာဝိုင်းကြတယ်။ ရဲတွေက ပစ်မိန့်မရလို့ ဘာမှလုပ်လို့မရဘူးလို့ ကျွန်တော့အသိရဲနဲ့ ဖုန်းရတော့သိရတယ်။ ရဲအင်အားကလည်း ၂ဝဝ ကျော်ဘဲရှိလို့ အင်အားမလုံလောက်ဘူး လို့ပြောတယ်။ ကျွန်တော်တောင် ရဲထဲဝင်ပြီးတရားဥပဒေ စိုးမိုးရေးအတွက် စွန့်စားချင်စိတ်ပေါ်လာတယ်။ အခြေအနေက တော်တော်ဆိုးနေပြီဗျ။ မီးရှို့ခံရတဲ့ရွာတွေကို သွားကူချင်ပေမယ့် ကျွန်တော်တစ်ယောက်တည်း သွားလို့မရဘူး။ ကျွန်တော့်မှာသေနတ်လည်းမရှိဘူး။ ကျွန်တော်က စစ်သားလည်း မဟုတ်၊ ရဲလည်းမဟုတ်တော့ ဘာလုပ်ရမှန်းမသိဘူး။ ဒီလိုအချိန်မှာ ကျွန်တော် စစ်တိုင်းမှူးတစ်ယောက်ဖြစ်ရင် သိပ်ကောင်းမှာဘဲ။ အားလုံး ငြိမ်အောင်ထိန်းပစ်လိုက်မယ်။ ကျွန်တော်တို့ဒေသက လူတစ်ချို့အတွေးအခေါ်တွေ တော်တော်ခေတ်နောက်ကျ တယ်။ တော်တော်ညံ့တယ်လို့ပြောရမယ်။ အစိုးရကပြုပြင်ပြောင်းလဲမှုလုပ်တယ်။ဒီမိုကရေစီရအောင် လုပ်နေတာ ကိုအခွင့်ကောင်းယူပြီး လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်ဆိုပြီး ဟိုနေရာ ဆန္ဒပြ ဒီနေရာဆန္ဒပြနဲ့ မင်းမဲ့စရိုက် ဆန်လာကြတယ်။ တရားဥပဒေ မရှိတော့သလို ဖြစ်နေတယ်။ ရှင်းရှင်းပြောရရင် ဖွင့်ပေးလိုက်လို့ ကတော့ ဘစ်ကနီFashionနဲ့ တောင်ပေါ်လာမလားမသိဘူး။ ကျွန်တော်တို့မြို့မှာရဲလည်းရှိတယ်။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေလည်း ရှိရဲ့သားနဲ့ဗျာ အစိုးရအာဏာစက် မသက်ရောက်တော့ဘူးလား။ တောင်ကုတ်မှာရခိုင် မိန်းကလေးမုဒိန်းကျင့်တဲ့ကိစ္စကစပြီး ဘယ်သူတွေဘယ်လိုသွေးထိုးလိုက်လို့ဒီလိုဖြစ်လာတာလဲဗျာ။ ၈၈ မျိုးဆက် ကျောင်းသား ကိုမြအေးပြောသလို အရေးအခင်းကြီးဖြစ်လာရင် စစ်တပ်က အာဏာ သိမ်းတဲ့အဖြစ်မျိုး ကျုပ်တို့ အလိုမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ မောင်တောမြို့မှာ ဘာသာရေးနဲ့ လူမျိုးရေး နွယ်ပြီးတော့ ပဋိပက္ခ အထွဋ်အထိပ်ရောက်နေပြီ။ အာဏာပိုင်တွေလည်း ထိန်းလို့မရတော့ဘူး။ ဒီအချိန်မှာတော့ ထိန်းနိုင်တာ စစ်တပ် တစ်ခုထဲရှိမယ်ထင်တယ်။ စစ်တပ်ကိုတော့ဝင်မလာစေချင်ဘူး။ ဒါပေမယ့်ဘယ်သူမှမထိန်းနိုင်ဘူး၊ အာဏာပိုင် လည်းမထိန်းနိုင်ဘူး။ ပါတီတွေလည်းမထိန်းနိုင်ဘူး။ စစ်တွေတုန်းက အဖြစ်အပျက်ကို ကြည့်ပါလား။ ခရိုင် အမျိုးသားဖွံ့ဖြိုးရေးပါတီဥက္ကဌ ဒေါက်တာ အေးမောင်က ရဲစခန်းသွားပြီး ကြားဝင်ထိန်းပေးတယ်။ ဘယ်ရမလဲဗျ သူလည်းသာမန်လူဘဲ နောက်ဆုံးသူပါ ရဲစခန်းက ခုံအောက်ထဲဝင်ပုန်းရတဲ့အဖြစ်ဗျ။ အခုလည်း ရခိုင်-ကုလား အရေးအခင်းမှာ သူဖြေရှင်းပေးမယ်။ ရခိုင်ပြည်ကို ရခိုင်ပဲအုပ်ချုပ်မယ်ပြောနေတယ်။ ဘယ်လိုလုပ် အုပ်ချုပ် နိုင်မလဲဗျာ။ ဒီလိုမဖြစ်အောင် သူတို့သွားထိန်းကြည့်ပါလား။ အသံကောင်းမဟစ်ကြပါနဲ့ပြောချင်တယ်။ ခင်ဗျားတို့ ပါတီတွေ အာဏာရဖို့လုပ်နေတာ ကျုပ်တို့ပြည်သူတွေမြေဇာပင်ဖြစ်ရတယ်။ အာဏာမရူးကြပါနဲ့။ ကိုယ့်မိသားစု ကောင်းစားဖို့ အေးအေးချမ်းချမ်းဖြစ်ဖို့ဘဲ ကြိုးစားကြပါဗျာ။ အခုမှမိုးပေါ်ကကျလာပြီး လေနဲ့မလုပ်စားပါနဲ့လို့ ပြောချင်တယ်။ နိုင်ငံတော်သမ္မတကြီး ကျွန်တော်တို့ရခိုင်လူမျိုးတွေကို ကူညီပါအုံး။ တပ်ထဲကိုဝင်ဆိုရင်လည်း ကျွန်တော်တို့ဝင်ပါမယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို အားကိုးပါတယ်။ ကျွန်တော်တို့ ဒေသကို အေးချမ်းအောင် ကူညီပါအုံး။ ကျွန်တော်တို့ရခိုင်တိုင်းရင်းသားတွေ မျိုးချစ်စိတ်ရှိပါတယ်။ သတ္တိလည်း ရှိပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ရခိုင်ပြည်က မောင်တောမှာရခိုင် ၁ဝ ရာခိုင်နှုန်းတောင်မရှိတော့ဘူး။ အစ္စလာမ် ဘာသာဝင် တရားမဝင်နေထိုင်တဲ့ ဘင်္ဂါလီ ၉ဝ ရာခိုင်နှုန်း ကျော်ရှိနေတော့ ကျွန်တော်တို့ အားမတန်ပေမယ့် မာန်မလျှော့ပါဘူး။ အမျိုးမပျောက်ဖို့ ရသလောက် အသက်နဲ့ လဲပြီးကာကွယ်သွားမှာပါ။ ဒါပေမယ့် သမ္မတကြီးကို အကူအညီတောင်းချင်တာကတော့ ထုတ်ပြန်ထားတဲ့ မာရှယ်လောအတိုင်း ထိထိရောက်ရောက်ထိန်းသိမ်းပေးပါ။ စစ်တပ်ကိုအမိန့်အပြတ်ပေးပြီး ထိရောက်စွာ ကိုင်တွယ်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ မင်းမဲ့စရိုက် ဆန်နေပါပြီ။ ဘင်္ဂါလီတွေ ရဲစခန်းကိုတောင် ဝိုင်းပြီး နိုင်ငံတော်ပုန်ကန်မှုကြီး လုပ်နေပါပြီ။ အကြမ်းဖက် နေကြ ပါပြီ။ လူသတ်မီးရှို့နေပြီ။ အမိန့်မနာခံသူ သောင်းကျန်းသူတွေကို ပစ်ခတ်ဖမ်းဆီးမိန့်ထုတ်ပေးပါ။ တပ်မတော်ကို အားကိုးပါတယ်လို့ တင်ပြချင်ပါတယ်။

လှဖြူဇံ
အနောက်သား (မောင်တောမြို့)

0 comments:

Post a Comment

LIKE BOX