ဇွန် ၈ ရက်
KIA ဌာနချုပ်ရှိ လိုင်ဇာဟိုတယ်မှာ KIO မှအတွင်းရေးမှု ဒေါက်တာလဂျာနဲ့ အစိုးရအဖွဲ့မှကိုယ်စားလှယ်များနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုကို မနေ့မနက် ၇နာရီလောက်မှ ၈နာရီခွဲလောက်အထိ ပြုလုပ်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
လိုင်ဇာမှရပ်မိရပ်ဖများတွေပါ ၎င်းဆေွး နွေးပွဲသို့ တက်ရောက်ခဲ့ကြပြီး KIA နဲ့ ကချင်ရပ်မိရပ်ဖ ၄၅ ဦးတက်ရောက်ခဲ့ပါတယ်။ KIA ဘက်မှ စစ်ဘက်ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ် အက်စ်ဂွမ်မော်ပါတက်ရောက်ခဲ့ပါတယ်။
ဒေါက်တာလဂျာက အစိုးရအဖွဲ့နဲ့ငြိမ်းချမ်းရေးကို ၂ကြိမ် ပြုလုပ်ခဲ့တယ် နောက်ထပ်ဆွေးနွေးဖို့အတွက်
ဆောင်ရွက်မှုတွေဆေွး နွေးခဲ့ကြပါတယ်။ KIA ဘက်က ၂ဖက်စစ်တပ်တေကွို ရုပ်သိမ်းဖို့နဲ့ နိုင်ငံရေး အရဆွေးနွေးရန်အတွက်တောင်းဆိုခဲ့ပါတယ်။ အခုဆွေးနွေးမှုတွေကို အတည်ပြုဖို့အတွက် ထပ်မံအမြန်ဆုံးဆွေးနွေးရန် အမြန်ဆုံးလုပ်ရန်ပြောကြားခဲ့ပေမယ့် ဘယ်နေ့ဘယ်ရက်ကို ထပ်မံဆွေးနွေးမယ်ဆိုတာတော့ အတိအကျမသတ်မှတ်ခဲ့ပါဘူး။ အခုဆွေးနွေးပွဲမှ ၂ ဖက်လုံးက စစ်ဘက်တာဝန်ရှိသူများပါ ဆွေးနွေးပွဲမှာ ပါဝင်လာခဲ့တဲ့အတွက် အမြန်ဆုံးငြိမ်းချမ်းရေးကို လုပ်ဆောင်
နိုင်မှာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။
KIA ဒုစစ်ဦးချုပ်ဗိုလ်ချုပ် အက်စ်ဂွမ်မော်ကလည်း အရင်က ဆွေးနွေးပွဲပြုလုပ်နေပေမယ့် စစ်ဘက်နဲ့နယ်ဘက်ကပေါင်းစပ်မှုမရှိတဲ့အတွက် အောင်မြင်မှုမရခဲ့ရတာဖြစ်ပါတယ်။ အခုအခြေအနေမှ ၂ဖက်လုံးက စစ်ဘက်အရပ်ဘက်ပါဝင်ခဲ့တဲ့အတွက် အမြန်ဆုံးငြိမ်းချမ်းရေးရရှိမယ်လို့မျှော်မှန်းပါတယ်။ နောက်တစ်ကြိမ်ဆွေးနွေးပွဲကျရင် တကယ်တမ်းရှေ့တန်းကျကျ တိုက်ပွဲဝင်နေတဲ့သူတွေပါ ဆွေးနွေးရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလိုငြိမ်းချမ်းရေး ဆွေးနွေး
ပွဲတွေပြုလုပ်နေပြီး ကချင်ပြည်သူတွေကိုပါတက်ခိုင်းပြီး ပြုလုပ်စေချင်ပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံး
ရအောင်ဆောင်ရွက်မှာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ လိုင်ဇာမြိုခံ
ဦးလအောင်က အခုလို KIA/ KIO တာဝန်ရှိသူတေက အခုလိုပြည်သူတွေဆန္ဒအတိုင်း လုပ်ဆောင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ပြောကြားခဲ့ပါတယ်။
အခုလို ပြည်သူကိုပါပါဝင်ပြီးဆွေးနွေးမှုပြုလုပ်တဲ့အတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိနိုင်တော့မှာ ဖြစ်ပါ
ဖြစ်ပါတယ်။ KIA ကလည်း ၁၉၉၂ ခုနှစ်တုန်းက လိုငြိမ်းချမ်းရေးလိုမျိုးမလုပ်ဖို့ ပွင့်လင်းပြီးရိုးသားတဲ့ ထာဝရ
ငြိမ်းချမ်းရေးဖြစ်အောင်လုပ်ဆောင်ကြပါလို့ရမှာဖြစ်ပါတယ်လို့ ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ လိုင်ဇာမြို့ခံတစ်ဦးမှ KDNသတင်းဌာနသို့ mail ဖြင့်သတင်းပေးပို့ထားပါတယ်။
0 comments:
Post a Comment