Wednesday, June 6, 2012

ဒီလိုလေးတွေ လုပ်တက်ကြတယ်နော်....

Posted by မျိုးချစ်သူရဲကောင်းများ On 5:41 PM 0 comments



မီးမလာတုန်းက ဆုတောင်းပွဲလေး လုပ်တယ်.. မီးပေးမယ် ဆိုတော့ မီးပေးတော့လဲ ကျေးဇူးတင်ကြောင်းလေး ဘာညာလေး လုပ်ပါဦး... ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မယ် ဆိုတဲ့ သကောင့်သားလေးကလည်း ဆန္ဒလေး ဖော်ထုတ်ပါဦးလား... အလကားလူတွေ... ရုတ်ရုတ်ဖြစ်လာရင် ကြားကနေ ၀င်ပြီး မြောက်ပင့်ပေးမယ်၊ နာမည်ကောင်းယူမယ် ဟိုလူ့ကို ပုတ်ချ ဒီလူ့လက်ညှိုးထိုး လွဲချမယ်... နဲ့ ကောင်းအောင် လုပ်ပေးတဲ့ သူတွေကြတော့ ကျေးဇူးမတင်ကြဘူး...

From : ခေတ်လူငယ်

ရွှေလီရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနိုင်ပြီဖြစ်၍ လည်းကောင်း၊ ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှု တိုးတက်လာ၍ မြန်မာတစ်နိုင်ငံလုံးကို ဇွန်လ ၅ ရက်နေ့မှစ၍ ၂၄ နာရီ မီးပေးတော့မည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန် ကြေညာလိုက်သည်။ ပြီးခဲ့သော မေလ ၁၉ ရက်က KIA လက်နက်ကိုင်အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသော ၂၃၀ ကေဗီရွှေလီ-မန်ဆန် မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် -၇၃၊ ၂၀၆၊ ၂၀၇၊ ၂၀၈ တို့အား ၁-၆-၂၀၁၂ ရက်တွင် ပြင်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။ ရန်ကုန်နှင့် မန္တလေးခရိုင်အတွင်း မြို့နယ်များကို ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့မှစတင်၍ ယခင်လျှပ်စစ်ဓာတ်အားပေးသည့် အချိန်ထက် ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်းလည်း သိရသည်။ လွန်ခဲ့သော မေလက ရန်ကုန်အပါအဝင် မန္တလေး၊ မုံရွာ၊ ပြည်၊ ပုသိမ်၊ သုံးဆယ် စသည့်မြို့များတွင် လျှပ်စစ်မီးနှင့် ပတ်သက်သော ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။

0 comments:

Post a Comment

LIKE BOX