Thursday, June 7, 2012

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် မိုးပွင့် အဆင့် ၃ စီမံချက် စတင် ဆောင်ရွက်နေ

Posted by မျိုးချစ်သူရဲကောင်းများ On 11:45 AM 0 comments


From - MRTV_4

ဇွန်လ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်စတဲ့ လုပ်ငန်း တွေကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာ မိုးပွင့် အဆင့်
၃ စီမံချက်နဲ့ ဆောင်ရွက်ပေး လျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ မိုးပွင့် အဆင့် ၃ စီမံချက်ကို ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ အထိ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါ စီမံချက်ဟာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား ပြုလုပ်ပေးခြင်း၊ နိုင်ငံသား စိစစ် ကဒ်ပြား လဲခြင်း၊ သန်းခေါင် စာရင်း လူဦးရေ အတိုးအလျှော့များ ပြုလုပ်ခြင်းနဲ့ ပြောင်းရွှေ့ခြင်း များကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူများက ကွင်းဆင်း ဆောင်ရွက် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ အခု မိုးပွင့် အဆင့် ၃ စီမံချက် မှာတော့ ဝေးလံတဲ့ ကျေးရွာ၊ မြို့နယ်က နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ပြုလုပ်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာနကို အကြောင်းကြားမှသာ သွားရောက်ပြုလုပ်ပေးမှာဖြစ်ပါတယ်။

မိုးပွင့် အဆင့် ၁ စီမံချက်ကို ၂၀၁၁ ခုနှစ် ဇွန်လမှ စက်တင်ဘာ လအထိ ပြုလုပ် ပေးခဲ့ပါတယ်။ မိုးပွင့် အဆင့် ၂ စီမံချက် ကိုတော့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက် နေ့အထိ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အခု မိုးပွင့် အဆင့် ၃ စီမံချက် မှာတော့ ဝေးလံတဲ့ ကျေးရွာ၊ မြို့နယ်က နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ပြုလုပ်ဖို့ အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနကို အကြောင်း ကြားမှသာ သွားရောက် ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

0 comments:

Post a Comment

LIKE BOX