Saturday, June 9, 2012

တောင်းဆိုချက်(၉)ရပ်နှင့် ရခိုင်လူမျိုး(၃၀၀) ကျော် ဒေါ်စုကြည်ကိုဆန္ဒပြ

Posted by မျိုးချစ်သူရဲကောင်းများ On 9:36 PM 0 comments

ရန်ကုန်မြို့ဗဟန်းမြို့နယ် ရေတာရှည်လမ်းတွင်းရှိ ဓညဝတီစာသင်တိုက်အတွင်းတွင် ရခိုင်လူမျိုးများက စုဝေးခဲ့ကာ အများစုမှာနဖူးစည်းအဖြူရောင်များနှင့် စာတမ်းများကို ကိုင်ဆောင်ထားကြသည်။


အဆိုပါ ရခိုင်လူမျိုးအယောက် (၃၀၀) ကျော်မှာ ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ဆန္ဒခဲ့ကြပြီး ရခိုင်လူမျိုး အကြီးအကဲများ ဘုန်းကြီးများက ကျောင်းတိုက်တံခါးကို ပိတ်၍တားဆီးခဲ့သော်လည်း တားဆီမရခဲ့ပေ။

ရွှေတိဂုံဘုရားတွင် ရခိုင်လူမျိုးဦးရေ ၃၀၀ ၀န်းကျင်ခန့် လေးဦးတစ်တွဲနှုန်းဖြင့် 'ရခိုင်ပြည်ကို ကာကွယ်ပါ' ။ 'တစ်မျိုးသားလုံးကို ကာကွယ်ပါ' စာတမ်းများ ကိုင်ဆောင်ပြီး ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် လက်ယာရစ် ဆုတောင်း လှည့်လည့်ခဲ့သည်။ ဆုတောင်းလှည့်လည်သူများထဲက တစ်ဦးက ယခုကဲ့ဆိုသည်။
“ကျွန်တော်ရခိုင်တွေအပေါ် နိုင်ငံခေါင်းဆောင်တစ်ဦးပြောတဲ့ လူများစုက လူနည်းစုကို ညင်းပန်းတယ် ဆိုတာ ကန့်ကွက်ပါတယ်။ အခု ကျွန်တော်တို့က လူနည်းစုပါ။”ရခိုင်အမျိုးသာတစ်ဦးကပြောသည်။(ကျွန်မတို့ဟာ ပုထုဇဉ်လူသားတွေပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်း ဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ပြည်သူပြည်သားတွေ ပြေလည်မှုရှာစေချင်တယ်။
နောက်တစ်ခုကတော့ ကျွန်မပြောကိုပြောရမယ်။ အမြဲလည်း ပြောတယ်။ လူအများစုဆိုတာ လူအနည်းစုကို ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ သတိပေးပါရစေ။ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမယ်။ လူအများ စုဆိုတာ ကိုယ့်ရဲ့အင်အားကရှိပြီးသား။ အများစုအင်အားရှိပြီးသားမို့လို့ သဘောထားကြီးနိုင်ရမယ်။ ဂရုဏာတရားထားနိုင်ရမယ်။ " ဇွန်လ ၆ ရက်နေ့က ဒေါ်စှုကြည်ဘင်္ဂလီအရေးပြောကြားချက်မှ ကောက်နုတ်ချက်")

ရခိုင်လူမျိုးများက “ဘင်္ဂလီလူမျိုး လေးသိန်း၏ အကြမ်းဖက်မှုများကို တားဆီးပေးပါ။ မုဒိန်းကျင့်သူနှင့် အကြမ်းဖက်သူများအား လူထုရှေ့၌ အပြစ်ပေးပါလှုံဆော်သူ ကျူးလွန်သူ ဘင်္ဂလီလူမျိုး များအား အပြစ်ပေးပါ တရားမ၀င် ၀င်ရောက်လာ သောဘင်္ဂလီများအား အမြန်ထုတ်ဖော်၍ ဖမ်းဆီးပေးပါ။ မြန်မာနိုင်ငံသားများအသိ သတိဖြင့် ပူပေါင်းဆောင်ရွက်ပေးပါ ။လက်ရှိအခြေအနေကို ချက်ချင်းထိန်းသိမ်း ပေးပါ။ တရားမ၀င် နေထိုင် သော ဘင်္ဂလီ များအား ရခိုင်ပြည်မှ နှင်ထုတ်ပေးရန်။” စသည်တို့ တောင်းဆိုမှု များအား အစိုးရထံသို့ ဆန္ဒထုတ်ဖော်သူတို့က တောင်းဆိုခဲ့သည်။



0 comments:

Post a Comment

LIKE BOX