Saturday, June 9, 2012

ညမထွက်ရ အမိန့်အမှတ် ၁/၂၀၁၂

Posted by မျိုးချစ်သူရဲကောင်းများ On 1:32 AM 0 comments


From : သမ္မတရုံး

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

မောင်တောမြို့နယ်

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ-၁၄၄

ညမထွက်ရ အမိန့်အမှတ် ၁/၂၀၁၂

(၁၃၇၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်)

ပြစ်မှုဆိုင်ရာ အထွေထွေအမှုအမှတ် ၁/၂၀၁၂

၁။ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ အများပြည်သူတို့ သိစေရန် ထုတ်ပြန်လိုက်သည်။ မောင်တောမြို့ ရပ်ကွက်များအတွင်း ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ လူစုလူဝေးဖြင့် ဝင်ရောက် ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ မောင်တောမြို့နယ်နေ ပြည်သူလူထုများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင် ရေး အတွက် မောင်တောမြို့တွင် တည်ရှိသော လမ်းများ၊ အများပြည်သူတို့ သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းကြား၊ ပန်းဥယျာဉ် (သို့မဟုတ်) အများပြည်သူဆိုင်ရာ နေရာများတွင် (၅) ဦး (သို့မဟုတ်) (၅) ဦးထက်ပိုသော လူများစုရုံးခြင်းကြောင့် မီးရှို့မှုများ၊ ရုန်းရင်းဆန်ခတ်မှုများနှင့် ပစ္စည်းလုမှုများ ထပ်မံဖြစ်ပွားရန် အကြောင်းရှိသည်ဟု ကျွန်ုပ်ယုံကြည်သည်။

၂။ သို့ဖြစ်၍ မောင်တောမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများ ပြည်သူတို့ သွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများ ပြည်သူနှင့်ဆိုင်သော ဗလီ၊ ကျောင်းနေရာ များတွင် (၅) (သို့မဟုတ်) (၅) ဦးထက်ပိုသော လူများ စုဝေးခြင်းမပြု ရန်နှင့် ညနေ (၁၈၀၀) နာရီအချိန်မှ နံနက် (၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ ထုတ်ဆင့် လိုက်သည်။

၃။ ဤအမိန့်သည် ယနေ့မှ၍ နောက်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိမချင်း အတည် ဖြစ်သည်။

၎။ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဤရုံးတံဆိပ် နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ဆင့် လိုက်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူး


Myanmar Express

0 comments:

Post a Comment

LIKE BOX