Saturday, June 9, 2012

ဒုက္ခသည်များကို ဓားစားခံအဖြစ်အသုံးချမည့် KIA

Posted by မျိုးချစ်သူရဲကောင်းများ On 9:02 PM 0 comments

ဇွန်၈ ရက်
ဇွန်လ ၂ရက်နေ့က KIC ဒုဥက္ကဌ ဦးအင်ဘန်လမှ ဦးဒွဲပီဆာအား ဒုက္ခသည်များအား KIA အတွက်အသုံးချပြီး
အစိုးရအား ဆန္ဒပြဖို့အတွက် လှုံဆောင်ရန် အတွက် လိုင်ဇာမှာရှိတဲ့ ရှိန်ရှင်းဟိုတယ်မှာပြောကြားခဲ့တယ်လို့သိရပါတယ်။
မြန်မာပြည်အောက်ပိုင်းမှာ အစိုးရကိုလူထုက အကြောင်းအမျိုးမျိုးနဲ့ဆန္ဒပြနေတဲ့အတွက် KIA ရဲ့ လိုလားချက်ကိုဒုက္ခသည်များအား ဆန္ဒပြတောင်းဆိုရန်အတွက် အစီအစဉ်ပြုလုပ်ရမှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွက် ဒုက္ခသည်စခန်းတစ်ခုစီတွေ မှာ KIA မှတပ်ဖွဲ့ဝင် ၅ ဦးလောက်ထည့်သွင်းပြီး ဆန္ဒပြရန် စည်းရုံးလှုံဆော်မှုတွေ လုပ်ခိုင်းမှာဖြစ်တယ်လို့သိရှိရပါတယ်။ ဆန္ဒပြမယ့် အစီအစဉ်ကိုသေချာရေးဆွဲပြီး အစိုးရကိုသိက္ခာကျဆင်းအောင် နိုင်ငံတကာမှ အထင်အမြင်သေးအောင် ပြုလုပ်ရမှာဖြစ်ပါတယ်။


KIA မှ ဒုက္ခသည်တွေကိုအသုံးချပြီး မြစ်ကြီးနား၊ ဗန်းမော်၊ ၀ိုင်းမော်စတဲ့ မြို့ကြီးတွေမှာ ဆန္ဒပြခိုင်းမယ်
ဆူပူမှုဖြစ်အောင် ဒုက္ခသည်တွေကြားမှာ ထည့်သွင်းထားတဲ့ KIA တပ်ဖွဲ့ဝင်တွေက ဦးဆောင်ပြီး ရှေ့ဆုံးမှတောင်းဆိုမှုတွေကိုပြုလုပ်ပြီး စစ်တပ်ကဘဲဖြစ်ဖြစ် ရဲကဘဲဖြစ်ဖြစ် ၀င်ရောက်ထိန်းသိမ်းလို့ ပစ်ခတ်မှုတွေဖြစ်ရင် အစိုးရကအကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်တယ်ဆိုပြီး နိုင်ငံတကာကို တင်ပြပြီးပြုလုပ်ဖို့အတွက် ဒုက္ခသည်တွေကိုအသုံးချပြီး KIA အဖွဲ့ရဲ့လုပ်ရပ်တွေအတွက် ဖုံးကွယ်ဖို့သတင်းအမှားပြုလုပ်ဖို့ media နဲ့ ဟန်ချက်ညီညီလုပ်ဆောင်ဖို့အတွက်
အသေးစိတ်ညွှန်ကြားခဲ့တယ်လို့ ရှိန်ရှင်းဟိုတယ်မှ စားပွဲထိုးတစ်ဦးမှ KDN သတင်းထောက်တစ်ဦးအား mail ဖြင့်ဆက်သွယ်ပြောဆိုခဲ့ ပါတယ်။

0 comments:

Post a Comment

LIKE BOX