Monday, June 4, 2012

အင်းတော်ချောင်းကူးတံတားအား KIA မှ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့...

Posted by မျိုးချစ်သူရဲကောင်းများ On 2:38 AM 0 comments


From : ကချင်ပြည်သူတစ်ဦး


မနေ့ညနေ ၈နာရီခွဲလောက်တွင် ကာမိုင်း- မအူပင်- ၆မိုင်ဖြတ်လမ်း၁ရှိ အင်းတော်ချောင်း ကိုဖြတ်ကူးတည်ဆောက်ထားတဲ့ အင်းတော်ချောင်းကူးတံတားအား အဝေးထိန်းစနစ်ဖြင့် KIA မှဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။ ဖောက်ခွဲခဲ့မှုကြောင့် တံတား၏ ကားဘီးလျှောက်လမ်း ကြမ်းခင်းမှာ ပျက်စီးသွားခဲ့ပေမယ့် လူနဲ့ ယာဉ်မှာ ထိခိုက်မှုမရှိခဲ့ပါဘူး။

KIA မှအခုလို ကချင်ပြည်နယ်အတွင်းမှာ တံတားတွေဖျက်ဆီးနေမှုဟာ အစင်း ၂၀၀ နီးပါး ရှိနေပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်ကောင်းစားရေး၊ ကချင်သမ္မတနိုင်ငံထူထောင်ရေးတို့ကို အကြောင်းအမျိုးမျိုး ပြနေပေမယ့် တကယ်တမ်း KIA အဖွဲ့ ရဲ့လုပ်ဆောင်ချက်တွေက ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးများ၏ လူနေမှု ဘ၀နိမ့်ကျအောင် လုပ်နေပြီး KIA ခေါင်းဆောင်များ အာဏာ တည်မြဲဖို့ လုပ်ဆောင်နေတယ်ဆိုတာသိနိုင်ပါတယ်။ KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်ကို အဆက်မပြတ်လုပ်ဆောင်နေတဲ့ အတွက် ကချင်ပြည်သူလူထုက စက်ဆုပ်ရွံ့ မုန်းတီးနေကြပြီး ဘုရားသခင်ရဲ့ ဒဏ်ခတ်ခံရတော့မှာဖြစ်တယ်လို့ ကာမိုင်းမှ လူတွေက ပြောဆိုနေကြတယ်လို့ KDN သတင်းဌာနသို့သတင်းပေးပို့ထားပါတယ်။

Myanmar Express

0 comments:

Post a Comment

LIKE BOX