Wednesday, June 6, 2012

ဧရာဝတီဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တစ်ခု တည်ထောင်မည်

Posted by မျိုးချစ်သူရဲကောင်းများ On 3:30 PM 0 comments


From : ခေတ်လူငယ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေနက်ဆိပ်ကမ်းတစ်ခုနှင့် အထူးစီးပွားရေးဇုန်ကို တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ယင်းရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို Myanmar Super Axis Program အရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ပုသိမ်မြို့နယ် ငရုပ်ကောင်းဒေသတွင် တည်ထောင်သွားမည်ဖြစ်သည်။ ယင်းအပြင် စက်မှုနယ်မြေ၊ သယ်ယူပို့ဆောင်ရေး ကွန်ရက်နှင့် ဆက်သွယ်ရေး ကွန်ရက်များကိုပါ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ငရုပ်ကောင်းဒေသတွင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်နိုင်ရန်အတွက် ထိုင်းနိုင်ငံ အခြေစိုက် Empire Asia Energy Group Co.,Ltd. မှ တာဝန်ရှိသူများ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်နှင့် တွေ့ဆုံပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မေ ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Italian-Thai Development Public Co.,Ltd တို့ ပူးပေါင်း၍ ထားဝယ်တွင် ရေနက်ဆိပ်ကမ်းတစ်ခုကို တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် အထူးစီးပွားရေးဇုန်များကို အမေရိကန်ဒေါ်လာ သန်း ၈၆၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံကာ ၁၀ နှစ်စီမံကိန်းဖြင့် တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည့်အပြင် ကျောက်ဖြူတွင်လည်း ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်နေပြီဖြစ်ကြောင်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX