Sunday, April 29, 2012

ပြည်သူ.လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင်. ပြည်သူလွှတ်တော် ကိုယ်စားလှယ်များ ပထမအကြိမ် ပြည်သူ.လွှတ်တော် တတိယပုံမှန်အစည်းအဝေး (22)ရက်မြောက်နေ. သို.တက်ရောက်စဉ်

Posted by မျိုးချစ်သူရဲကောင်းများ On 3:34 AM 0 comments



လက်ရှိကာလအခြေအနေနှင်. မကိုက်ညီတော.သည်. နိုင်ငံခြားဆက်ဆံရေး အက်ဥပဒေကို

 ရုပ်သိမ်းသည်. ဥပဒေကြမ်း လွှတ်တော်မှ အတည်ပြု


အစည်းအဝေး၌ ဥပဒေကြမ်းတစ်ခုတင်သွင်းခြင်း၊ အတည်ပြုခြင်း

နှင့် အစီရင်ခံစာဖတ် ကြားရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာ

သော နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေ ကြမ်းကို ပြည်သူ့လွှတ်တော်က ဧပြီ

၂၅ ရက်တွင် လက်ခံရရှိကြောင်းနှင့် ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေး

နွေးမည့်ရက်ကို ထပ်မံကြေညာမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်၏

ပြင်ဆင်ချက်များအပေါ် ဆွေးနွေးရန် အဆိုတင်သွင်းလိုသူများအနေဖြင့်

ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ ''အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ''ကို

တိတိကျကျဖော်ပြ၍ ဧပြီ ၂၈ ရက် မွန်းလွဲ ၁ နာရီ နောက်ဆုံးထား၍

ပေးပို့ရန်ဖြစ်ကြောင်း သိရသည်။

ဥပဒေကြမ်းတင်သွင်းအတည်ပြုခြင်းကဏ္ဍ၌ နိုင်ငံခြားရေးဝန်ကြီး

ဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က နိုင်ငံခြားဆက်ဆံရေး

အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို တင်သွင်းပြီး ယင်းဥပဒေ

ကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို

ဥပဒေကြမ်းကော်မတီဝင် ဦးခင်မောင်ရွှေက ဖတ်ကြားရှင်းလင်းသည်။

နိုင်ငံခြားဆက်ဆံရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းသည်

လက်ရှိကာလအခြေအနေနှင့် ကိုက်ညီမှုမရှိတော့သည့် ဥပဒေကို ရုပ်သိမ်း

သည့် ဥပဒေကြမ်းဖြစ်ပြီး ဥပဒေကြမ်းကော်မတီကလည်း ရုပ်သိမ်းသင့်

သော ဥပဒေကြမ်းတစ်ရပ်ဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်များအားလုံး

အနေဖြင့်လည်း တစ်စုံတစ်ရာပြင်ဆင်ရန် မလိုအပ်သည့်အတွက် ယင်း

ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းကဏ္ဍ၌ ဧပြီ ၂၅ ရက်တွင်

ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီက တင်သွင်းခဲ့သော

၂ဝ၁၂ ခုနှစ် အခြေခံပညာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း

ကော်မတီ၏အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာစိုးမိုး

အောင်က ဖတ်ကြားရှင်းလင်းသည်။

ယနေ့အစည်းအဝေးကို မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ တွင် ရပ်နားပြီး

အစည်းအဝေး (၂၃)ရက်မြောက် ကျင်းပမည့်ရက်ကို ထပ်မံကြေညာမည်

ဖြစ်သည်။


0 comments:

Post a Comment

LIKE BOX