Saturday, May 5, 2012

နေပြည်တော်ရှိ ဟိုတယ်အများစုတွင် လုံခြုံရေးတိုးမြှင့်ရန် လိုအပ်လျက်ရှိကြောင်း သက်ဆိုင်ရာက တိုက်တွန်း

Posted by မျိုးချစ်သူရဲကောင်းများ On 1:31 PM 0 comments



From : ခေတ်လူငယ်

နေပြည်တော်တွင်ဖွင့်လှစ်ပြီး ဟိုတယ်များတွင် လုံခြုံရေးတိုးမြှင့်သွားရန် လိုအပ်လျက်ရှိကြောင်းကို ဧပြီလ ၂၇ ရက်နေ့ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် ကျင်းပသွားသည့် လုံခြုံရေးဆိုင်ရာ အစည်းအဝေးက သိရသည်။ အဆိုပါ အစည်းအဝေးသို့ ဟိုတယ်ခရီးပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ဖွင့်လှစ်ပြီး ဟိုတယ် ၂၈ လုံးမှ အုပ်ချုပ်မှုဆိုင်ရာ ဝန်ထမ်းများ၊ လုံခြုံရေးခေါင်းဆောင်တို့နှင့် ဆွေးနွေးခဲ့ကြသည်။ ဧပြီးလအတွင်းကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လှည့်လည် စစ်တမ်းကောက်ယူခဲ့သည်ဟု သိရသည်။ အစည်းအဝေး ဆုံးဖြတ်ချက်အရ နေပြည်တော်ဟိုတယ်များကို ခုနစ်ပေ အမြင့်ရှိသည့်ခြံစည်းရိုးထားရှိရမည်ဖြစ်သော်လည်း နေပြည်တော်ဟိုတယ်များတွင် ထိုကဲ့သို့ ရာနှုန်းပြည့်ဖြစ်သည့် ဟိုတယ်များမှာ သင်္ဂဟ၊ မန်းမြန်မာနှင့် ဇမ္ဗူသီရိဟိုတယ်တို့သာ ကာရံထားသည်ဟု သိရသည်။ နေပြည်တော်ဟိုတယ်များ၏ ဝင်ပေါက်များ၌ စီစီတီဗီကင်မရာများ စနစ်တကျ ထပ်တိုးတပ်ဆင်သွားရန်လည်း ဝန်ကြီးက မှာကြားသည်ဟု သိရသည်။ ပြည်ထောင်စု ဝန်ကြီးက နေပြည်တော်ဟိုတယ်များတွင် အခန်းသော့စနစ်ကို ကွန်ပျူတာစနစ်သို့ အမြန်ဆုံးပြောင်းလဲတပ်ဆင်သွားရန်နှင့် လာရောက်သည့် ဧည့်သည်များကို ဝန်ဆောင်မှု အပြည့်ဖြင့် ရှင်းလင်းသွားရန် မှာကြားခဲ့သည်ဟု သိရသည်။ “ နေပြည်တော်မှာက နိုင်ငံတကာ ဧည့်သည်တွေ အများအပြားလာနေတာမို့ သတိထားရပါမယ်။ လုံခြုံရေးရော၊ ဝန်ဆောင်မှုရော အပြည့်ဖြစ်စေချင်တယ်။ ဟိုတယ်အားလုံးလည်း ပေါ့ပေါ့လျော့လျော့ မဖြစ်အောင်နေကြပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက မှာကြားခဲ့သည်။ နေပြည်တော် ဟိုတယ်တချို့သည် လုံခြုံရေးကုမ္ပဏီများနှင့် သီးသန့်ငှားရမ်း ပြီး ဟိုတယ်လုံခြုံရေးဆောင်ရွက်ကြသည်။ ထိုကဲ့သို့ ဆောင်ရွက်မှုများအကြားတွင် လုံခြုံရေးကုမ္ပဏီနှင့် ဟိုတယ်အကြားချိတ်ဆက်မှုတွင် အားနည်းသည့်အတွက် ပစ္စည်းပျောက်ရှမှု ဖြစ်စဉ်တချို့ ဖြစ်ပွားခဲ့သည်။ “ပြီးခဲ့တဲ့ ကျောက်ပွဲမှာကတည်းက အဲလို အဖြစ်တွေကြားလို့ ဧည့်သည်တွေကို တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ စတာတွေနဲ့ သတိပေးစာတွေကို ပေးခဲ့ပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေ သိမ်းနိုင်ဖို့ Safe Box တွေရှိတယ်ဆိုတဲ့အကြောင်း၊ ဧည့်သည်လက်ခံသော့၊ ကိုယ့်ဆီကသော့တစ်စုံ သော့နှစ်စုံပေါင်းမှ ဖွင့်လို့ရတယ်။ လုံခြုံမှု အပြည့်ပေးနိုင်တယ်ဆိုတာ သေချာပြောဖို့ ဝန်ထမ်းတွေကို ရှင်းပြဖို့မှာထားပါတယ်” ဟု တုံဂပူရိဟိုတယ်မှ ဒါရိုက်တာဖြစ်သူ မနန်းဆမ်ခမ်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

LIKE BOX