Sunday, April 29, 2012

မတရားသောစစ် ဆင်နွဲနေတဲ့ KIA ခေါင်းဆောင်များ

Posted by မျိုးချစ်သူရဲကောင်းများ On 8:31 PM 0 comments


၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် KIA ဗဟိုဌာနချုပ်မှ စစ်ဦးစီးဌာန တာဝန်ခံ

 ဗိုလ်မှူးကြီး ခေါင်လွမ်းခေါင်းဆောင်တဲ့ KIA စစ်သား ၂၀၀ ခန့်ဟာ အမှတ် (၁၀၀၂)

 နယ်ခြားစောင့်တပ်ရှိရာ လုပီစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ လုပီစခန်းမှာ ခစတ (၁၀၀၂) မှ

 အင်အား ၃၀ ကျော်သာရှိပါတယ်။ အင်အားမှာ ၇ ဆ ခန့် ပိုမိုများပြားသော်လည်း မနေ့နံနက်မှ ယခု

 အချိန်အထိ လုပီစခန်းအား တိုက်ခိုက်နိုင်ခြင်းမရှိသေးပါ။ လုပီ စခန်းအပြင် ပန်ဝါမြို့နယ်ကိုလည်း

 လည်းတိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိပါတယ်။ ပန်ဝါတွင်လည်း တပ်စခန်းများမရှိပဲ ပြည်သူများသာ

 အေးချမ်းစွာနေထိုင်လျက်ရှိပါတယ်။
 
KIA တပ်များသည် အင်အား အဆမတန်များပြားနေသော်လည်း ခစတ (၁၀၀၂) တပ်စခန်းဖြစ်သော

 လုပီစခန်းကို ၂ ရက်ခန့် ၀ိုင်းဝန်းတိုက်ခိုက်နေသော်လည်း အောင်မြင်မှုမရပဲ ဖြစ်နေပါတယ်။

 ဒီလိုမအောင်ရတာ ကလည်း တိုက်ပွဲထဲက KIA စစ်သည်တွေက စစ်ပွဲတွေကို ရွံ့ရှာနေပြီး ရှေ့တန်းမှာ

 အသေခံ တိုက်နေတဲ့လူတွေက ရှမ်းလူမျိုးတွေဖြစ်နေလို့ပါပဲ။ KIA တပ်အတွင်းမှာ

 လူမျိုးရေးခွဲခြားမှုတွေရှိနေတာ ကြောင့် KIA တပ်မှ ရှမ်းလူမျိုးများဟာ လက်နက်ကိုင်လမ်းစဉ်ကို

 စွန့်လွှတ်ပြီး အစိုးရထံမှာ အလင်းဝင်ရောက်မှုတွေ ရှိလာပါတယ်။ ရှမ်းတွေ ထွက်ပြေးတာများလို့ KIA

 တပ်များအတွင်းမှာ ရှမ်းတိုင်းရင်းသားများကို ပိုမို စောင့်ကြည့်မှုများ ပြုလုပ်လာပါတယ်။ ဒီလို

 အခြေအနေတွေမှာ KIA က ရှမ်းတိုင်းရင်းသားများကို ရှေ့တန်းတင် အသေခံတိုက်ခိုင်းနေလို့ ရှမ်းတွေက

 ဆက်လက်တိုက်လိုစိတ် မရှိတာကြောင့် လုပီစခန်းကို ခုထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။

 တကယ်တန်းရှေ့တန်းမှာ တိုက်နေကြတဲ့ ကချင်စစ်သားတွေကလည်း စစ်ပွဲတွေကို ရပ်ပစ်ပြီး

 မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေလိုကြပါတယ်။ စစ်မတိုက်ချင်လို့ ထွက်ပြေးတဲ့လူတွေကို

 နောက်ကလိုက်ပြီး သတ်ပစ်ပါတယ်။ မိသားစုတွေကို အပြစ်ပေးပါတယ်။ ဒါကြောင့် မတိုက်ချင်လည်း

 တိုက်နေရတာပါ။ KIA ခေါင်းဆောင်ကြီး တွေကတော့ လိုင်ဇာမှာ အိမ်ကောင်းကြီးတွေ

 ဟော်တယ်ကြီးတွေမှာ စားကောင်း သောက်ဖွယ်တွေနဲ့ ဇိမ်ကျနေပေမယ့် ရှေ့တန်းက

 ကချင်စစ်သည်တွေမှာတော့ စားစရာ ရိက္ခာတောင်မရှိပါဘူး။

ဒါ့အပြင် KIA တပ်များက လုပီ စခန်းကို တိုက်ခိုက်နေသော်လည်း ယနေ့ နံနက် ၂ နာရီခန့်က ဆဒုံးမြို့နယ်

 အုပ်ချုပ်ရေးရုံးကိုလည်း ၀င်ရောက်စီးနင်ဲး့ပြီး အုပ်ချုပ်ရေးမှူးနဲ့ ရုံးဝန်ထမ်း ၄ ဦးအား သတ်ဖြတ်ကာ

 ရုံးရှိငွေများနှင့်တယ်လီဖုန်းများ အားယူဆောင်သွားကာ ၀န်ထမ်း ၃ ဦး အားဖမ်းဆီး ခေါ်ဆောင်

 သွားခဲ့ပါတယ်။ KIA တပ်များ အနေဖြင့် ပြည်သူများမှလည်း ငြိမ်းချမ်းရေးကို လိုလား နေသော်လည်း

 အစိုးရတပ်များသာမက နယ်စပ် နယ်လုံခြုံရေးကို တာဝန်ယူထားတဲ့ တိုင်းရင်းသား တပ်အချင်းချင်းကိုပါ

 ကျူးကျော် ၀င်ရောက် အနိုင်ကျင့် အကြမ်းဖက်ပြီး တိုက်ခိုက်နေ ပါတယ်။ ဒီလို တိုက်ခိုက်မှုကြောင့် ပန်ဝါနဲ့

 ကန်ပိုက်တီးဘက်မှ တိုင်းရင်းသားများသည် တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ရပါတယ်။

 တရုတ်ရဲများမှလည်း နယ်စပ်ကို ပိတ်ထားသဖြင့် စစ်ဘေးဒုက္ခသည်များမှာ နယ်စပ်တွင် တဲများထိုးကာ

 နေထိုင်နေရကြောင်း သိရပါတယ်။ လက်အောက်ငယ်သားများအား အသေခံခိုင်းပြီး မတရားသောစစ်ကို

 ဆင်နွှဲခိုင်း နေတဲ့ KIA ဗဟိုမှ ခေါင်းဆောင်များ၏ အကြမ်းဖက်လုပ်ရပ်ဟာ သမိုင်းတွင်

 ကျန်ရစ်တော့မယ်ဆိုတာ မုချဧကန် မလွဲတော့ပါ။



0 comments:

Post a Comment

LIKE BOX