နေပြည်တော် ဧပြီ ၂၇ ညနေ ၅ နာရီ ၁၅
မိနစ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့
အင်အားဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးခင်ရီအား ကုလသမဂ္ဂဒုက္ခ
သည်များဆိုင်ရာ မဟာမင်းကြီးရုံး
(UNHCR)ဌာနေကိုယ်စားလှယ်Mr.Jahannes Gerhand Ten Feldသည် ဝန်ကြီးရုံး၌ လာရောက်တွေ့ဆုံ
ပြီး ရခိုင်ပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်း ဝန်ကြီးဌာနနှင်.UNHCR တို့အကြား
ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဝန်ကြီး
ဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မိုးပွင့်စီမံချက်များနှင့်
ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်နေမှုများအပေါ်UNHCRမှ
ပံ့ပိုးကူညီဆောင်ရွက်မည့်အခြေအနေများ၊ မြန်မာနိုင်ငံသား ပြစ်မှုဆိုင်ရာ ဥပဒေနှင့်
လုပ်ထုံးလုပ်နည်းများအကြောင်းနှင့် အနာဂတ်တွင်
ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ကြသည်။(၀ဲဘက်ပုံ)ထိုသို့တွေ့ဆုံရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်
ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်သန်း၊ရုံးအဖွဲ့မှူး ဦးသန်း
နိုင်ထွန်းနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

0 comments:
Post a Comment