Wednesday, May 2, 2012

ကလိမ်ကကျစ် ဒေါ်စုကြည်ထံသို့ အိတ်ဖွင့်ပေးစာ

Posted by မျိုးချစ်သူရဲကောင်းများ On 12:11 PM 0 comments



From : ပြည်ချစ်သား

ဟော လုပ်ချလိုက်ပြန်ပြီ ပြည်သူ့များရဲ့ ဆန္ဒ ၊ ပြည်သူတို့ရဲ့လိုလားချက်အရ အခြားအတိုက်အခံ ပါတီများရဲ့ တောင်းဆိုချက်အရ ကျမ်းကျိန်ချက်ကို လက်ခံပြီး လွှတ်တော် တက်တော့မယ်တဲ့။
မေးပါရစေ ဒေါ်စုကြည် အစက ကျမ်းကျိန်ချက်နဲ့ ပါတ်သက်ပြီး လက်မခံပါနဲံ့ လွှတ်တော်မတက်ပါနဲ့လို့ ဘယ်ပြည်သူတွေက ဆန္ဒဖေါ်ပြလို့ ဘယ်ပါတီတွေက တောင်းဆိုလို့ မတက်ရောက်နိုင်ဖူးလို့ ဆုံးဖြတ်ရတာလဲ။
ကိုယ့်သဘောကိုယ်ဆောင်ပြီး လွှတ်တော်တက်ဖို့ ခေါင်းပေါင်းစတထောင်ထောင်နဲ့ ခပ်ကွင်းတပြင်ပြင်နဲ့ ဟန်ရေးပြင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ မျက်နာတောင် မထောက်နိုင်ဘဲ
ကျမ်းကျိန်ချက်ကို အကြောင်းပြပြီး လွှတ်တော်မတက်ရောက်နိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တာမဟုတ်လား။
အခုမှ ပြည်သူတွေရဲ့ ဆန္ဒအရ လို့ ဘာလို့ ညာလို့ဆိုပြီး ကျန်းကျိန်ချက်ကိုလက်ခံပြီး လွှတ်တော်တက်မယ်လို့ နာမည်ကောင်းယူပြီးပြောပြန်တယ်။ ဒီလိုဆိုရင် ခင်ဗျားလွှတ်တော် မတက်နိုင်ပါ
ဘူးလို့ ဆုံးဖြတ်တုန်းက အမေစု ဆုံးဖြတ်ချက် မှန်ပါတယ်လို့ မျက်နှာလိုအားရ ထောက်ခံချက်အမျိုးမျိုးပေးခဲ့ကြတဲံ့ ပြည်သူတို့ရဲ့ဆန္ဒကို မဖေါ်ဆောင်တော့ဘဲ မျက်ကွယ်ပြုတာလား ။
ဒီမယ်ဒေါ်စုကြည် ခင်ဗျား ဒီလိုအချိုးမျိုးချိုးတာ အခုမှမဟုတ်ဘူး အာဇာနည်နေ့ ချီတက်ရေး မတက်ရေးကိစ္စ အပါအ၀င် အပြောင်းအလဲ ဗလောင်းဗလဲ လုပ်တာတွေ အများကြီးပါ။ ခေါင်းဆောင်
ကောင်းတို့မည်သည်မှာ မိမိဆုံးဖြတ်ချက်မှားရင်လည်း မှားကြောင်းရဲရဲဝံ့ဝံ့ ၀န်ခံနိုင်ရပါမယ် အခုမှ ပြည်သူ့ဆန္ဒအရလို့ အကာအကွယ်ယူပြီးပြောတာ အင်မတန်အောက်တန်းကျလှပါတယ်။ မှားတယ်မမှားဘူးဆိုတာခင်
ဗျား သိမှာပါ မှားတယ်ဆိုတာသိရင် မိမိမှားကြောင်း ရဲရဲဝန်ခံပါ ဘာမှအကြောင်းပြနေရန်မသင့်ပါဘူး။ မမှားဘူးလို့ယုံကြည်ရင်လည်း တိုင်းပြည်နဲ့ ပြည်သူကောင်းကျိုးဆောင်ရွက်တာဖြစ်လို့ ခေါင်းဆောင်ကောင်းပီသ
စွာနဲ့ မိမိဆုံးဖြတ်ချက်ကို သေသည်အထိ စွဲကိုင်သွားဖို့လိုပါတယ်။
ပြောလိုပါသေးတယ်ဒေါ်စုကြည် ခင်ဗျားသာ တကယ်တန်းပြည်သူတွေရဲ့ဆန္ဒအရ ဆောင်ရွက်နေတာပါဆိုရင် ပြည်သူအားလုံးတွင်မက မြန်မာနိုင်ငံရဲ့အကျိုးကိုလိုလားတဲံ့ ပြည်ပနိုင်ငံအသီးသီးရဲ့
တောင်းဆိုနေကြတဲ့ ခင်ဗျားကိုကျောထောက်နောက်ခံအားပေးနေတဲ့ နိုင်ငံကြီးများက မြန်မာနိုင်ငံအပေါ်မှာ တားဆီးပိတ်ဆို့ အရေးယူမှုတွေကို လုံ့းဝရုပ်သိမ်းပေးဖို့ ခင်ဗျားပါးစပ်က တောင်းဆိုလိုက်စမ်းပါ ။
အဲဒါတွေကမှ ပြည်သူလိုလားတဲ့ဆန္ဒစစ်စစ်ဖြစ်ပါတယ်။ ခင်ဗျားတောင်းရဲပါ့မလား။ တောင်းရဲရင်တော့ ...............။ အာဇာနည်ပေါ့။

0 comments:

Post a Comment

LIKE BOX