Sunday, April 29, 2012

သြစတေးလျလွှတ်တော်ကို လေ့လာရန် ဒေါ်အောင်ဆန်းစုကြည်မှ အဆိုတော် လင်းလင်း ကို စေလွှတ်

Posted by မျိုးချစ်သူရဲကောင်းများ On 3:26 AM 0 comments




NLD ဥက္ကဌရာထူးကို ယူထားသော ဒေါ်အောင်ဆန်းစုကြည်မှ အဆိုတော် လင်းလင်း ကို သြစတေးလျ

လွှတ်တော်ကို လေ့လာရန် စေလွှတ်လိုက်ကြောင်း သတင်းရရှိပါတယ်။ သြစတေးလျနိုင်ငံ

အလုပ်ရုံဆွေးနွေးပွဲသို့ အဆိုတော် လင်းလင်း ဦးဆောင်ကာ

လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဒက္ခိဏသီရိ ပြည်သူ့လွှတ်တော်

ကိုယ်စားလှယ်ဒေါ်စန္ဒာမင်း တို့လည်း အဖွဲ့ဝင် အဖြစ် လိုက်ပါ သွားကြောင်း သိရပါတယ်။

သြစတြေးလျ လွှတ်တော်ကို လေ့လာရန် အတွက် NLD မှ

လွှတ်တော်အမတ်များကို စေလွှတ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်မှ ကြိုးစားနေခဲ့တာ ကြာပြီဖြစ်ပြီး

ဒါကတော့ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။ လွှတ်တော်ကို လေ့လာရန်အတွက် အဆိုတော်ကို လွှတ်တာနဲ့

ပတ်သက်ပြီးတော့ အခြားမသွားရတဲ့ လွှတ်တော် ကိုယ်စားလှယ်များက မကျေမနပ် ဖြစ်နေကြောင်းလည်း

သိရပါတယ်။ ဒါပေမယ့်လည်း အဆိုတော်လင်းလင်းကို ဒေါ်အောင်ဆန်းစုကြည်

ကိုယ်တိုင်က ရွေးချယ်စေလွှတ်ခဲ့တာကြောင့် ဘယ်သူမှ ဘာမှမပြောရဲကြဘူးလို့ NLD ပါတီဝင်

တစ်ဦးက ပြောပါတယ်။

အဆိုတော်လင်းလင်းဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို တံခါးမရှိ ဓားမရှိ ဝင်ထွက်နိုင်သူ လူပျို

တစ်ဦးဖြစ်ပြီး အဆိုတော်လင်းလင်းရဲ့ "အရူးတပိုင်း" နဲ့ "ငါ့ဘက်က မှားတာပါ တလောကလုံး မှန်တယ်"

ဆိုတဲ့ သီချင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က အလွန်ကြိုက်ပြီး မကြာခဏ ဆိုပြခိုင်းတယ်လို့လည်း

အတည်ပြုလို့မရတဲ့ သတင်းများအရ သိရပါတယ်။ အဆိုတော်လင်းလင်း ဦးဆောင်တဲ့ အဖွဲ့ဟာ

အလုပ်ရုံ ဆွေးနွေးပွဲမှာ (၅)ရက် သင်တန်းတက်ရမှာဖြစ်ပြီး လွှတ်တော်ကို လေ့လာ ရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကို လေ့လာဖို့အတွက် အဆိုတော်ကို လွှတ်တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD

ကတော့ တစုံတရာ အကြောင်းပြချက် မပေးခဲ့ပါဘူး။

NLD ကိုယ်စားလှယ်တွေအားလုံးထဲမှာ ဒေါက်တာ မြတ်ညာဏစိုးကလွဲပြီး တခြားသူတွေဟာ

လွှတ်တော်အမတ်ဖြစ်ဖို့ ကျန်းလည်း မကျိန်ရသေးသလို လွှတ်တော်အတွေ့အကြုံလည်း လုံးဝမရှိ၊ နိုင်ငံရေး

ဗဟုသုတလည်း အလွန်နည်းသူတွေ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံမှ မြန်မာများကတော့

လင်းလင်းတို့ ဇေယျာသော်တို့ ရောက်လာပြီး သြစတေးလျ တာဝန်ရှိသူများက မေးရင် ဘာတလုံးမှ

မဖြေနိုင်ပဲ သီချင်းတွေ ဆိုပြကြမှာကို စိုးရိမ်နေကြတယ်လို့ သတင်းရရှိပါတယ်။

အဆိုတော်လင်းလင်း ဦးဆောင်တဲ့အဖွဲ့ဟာ ယနေ့ မနက် ဧပြီ ၂၈ ရက်နေ့ ရန်ကုန်လေဆိပ်မှ ထွက်ခွာ

သွားခဲ့ပါတယ်။

Myanmar Express

0 comments:

Post a Comment

LIKE BOX