Saturday, May 5, 2012

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ဂျွန်ယက်တော့ နှစ် ည ဝင်အိပ်ခြင်း ၃ နှစ်ပြည်.

Posted by မျိုးချစ်သူရဲကောင်းများ On 7:18 AM 0 comments


နေ့စဉ်နီးပါ အကြောင်းရှာပြီး ဖြစ်ပြီးခဲ့သမျှ နေ့တိုင်းကို နှစ်ပတ်လည် ရက်ကျင်းပနေတဲ့ NLD ဟာ ဒီကနေ့တော့ အထိန်းအမှတ် ပွဲတစ်ခု ကျင်းပဖို့ မေ့နေကြသည်။ ဒီကနေ့ မေလ ၅ ရက်နေ့ ကတော့ ဂျွန်ဝီလီယံ ယက်တော့ တစ်ယောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို နောက်ပေါက်က ဝင်ရောက်ခြုံရေး အဖွဲ့တွေကိုလည်း လုံးဝ အသိမပေးခဲ့သလို ပြန်လွှတ်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ဂျွန်ယက်တော ဝင်ရောက်ခဲ့သည်ကို အားလုံးသိကြပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မရှိကြောင်း ကို အခုချိန်ထိပြောနေကြတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင်းသို့ ဂျွန်ရက်တော့ စတင်ဝင်ရောက်ကြောင်း သိစဉ်က ဂျွန်ယက်တော ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်အင်မတန် လေးစား မြတ်နိုးသည့် ထူးခြားသည့် ပုဂ္ဂိုလ်အဖြစ်ကြောင်း၊ ပညာပြည့်ဝသည့် စာရေးစရာတစ်ဦးဖြစ်ကြောင်း၊ ရေကူးချန်ပီယံတစ်ဦးဖြစ်ကြောင်း၊ လုပ်ချင်တာတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်ခဲ့သည့် ခံယူချက်ရှိသူ တစ်ဦးဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြပေမယ့် ဂျွန်ရက်တောကြောင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ၁ နှစ်ခွဲကျချိန်မှာတော့ ဂျွန်ရက်တော ဆိုသည်မှာ အစိုးရဲ့စေခိုင်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အတွင်းသို့ဝင်ခဲ့ရသည့် စိတ်ရောဂါသည် တစ်ဦးအဖြစ် ဖော်ပြခဲ့ကြပြန်သည်။ သို့သော် သေချာသည်မှာ ဂျွန်ရက်တောနှင့် အစိုးရတို့မှာ အဆက်အသွယ်ရှိသူများ မဟုတ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂျွန်ရက်တောကို နေအိမ်မှာခွင့်ပြုညအိပ်ခဲ့သည့်ဖြစ်စဉ် မှားယွင်းသည့်အလုပ် လုပ်ခဲ့သည်မှာ သေချာပေသည်။
အမှန်ကန်သောအလုပ်လုပ်သူ၊ မှားယွင်းသောအလုပ်သူ၊ တည်ဆဲဥပဒေတစ်ခုခု ချိုးဖောက်သူ တို့အနေနဲ့ အရေးယူခံရမှာကို မကြောက်သင့်သလို ကာယကံရှင်နှင့် ပက်ဝန်းကျင်မှလူများအနေဖြင့် လည်း စဉ်းလုံးချောကောင်းနေလျှက်နှင့် အပြစ်ဒဏ်ကျကြောင်း မပြောသင့်ပါ။
ဂျွန်ယက်တော့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ နှစ်ည အိပ်စဉ်အတွင်း ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုတော့ ပွင့်လည်းမြင်သာရမယ်လို့ အမြဲပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခုချိန်ထိ ပွင့်ပွင့်လင်းလင်း ရှင်းပြမှု မရှိသေးကြောင်း သိရပါတယ်။

0 comments:

Post a Comment

LIKE BOX