ဗြိတိသျှအစိုးရသည် ၄င်းတို့၏ နိုင်ငံခြားရေး
ရုံးခွဲတစ်ခုကို မြန်မာနိုင်ငံတွင်
ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး
ဝီလီယံဟေ့ဂ်က
ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါရုံးခွဲကို နေပြည်တော်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထိုသို့ဖွင့်လှစ်ခြင်းအားဖြင့်
ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံး၏လုပ်ငန်းဆောင်တာများ တိုးတက်မှုရှိစေရန်
အထောက်အကူပြုမည့်အပြင် မြန်မာအစိုးရ၊ ပြည်သူတို့နှင့် ဆက်ဆံရေးတိုးမြှင့်ရန်အတွက် မိမိတို့၏
သဘောထားကို ဖော်ဆောင်ပြသခြင်းဖြစ်ကြောင်း ဟေ့ဂ်က ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ဗြိတိသျှအစိုးရက ၄င်းတို့၏
ရုံးခွဲအသစ်ဖွင့်လှစ်ခြင်းသည် နေပြည်တော်တွင်အခြေစိုက်သည့် မြန်မာအစိုးရဘက်မှ
တာဝန်ရှိသူများနှင့် ပိုမိုလက်တွဲလုပ်ဆောင်နိုင်မည်ဖြစ်သည်။
ထိုသို့လက်တွဲ၍ ဆွေးနွေးလုပ်ဆောင်ခြင်းသည် ဗြိတိန်-မြန်မာနှစ်နိုင်ငံအကြား
ဆက်ဆံရေးအတွက် အထူးပင်အရေးပါရုံသာမက နိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုလည်း ပိုမိုထောက်ခံ
အားပေးရာ ရောက် သည်ဟု ၄င်း က ထပ်လောင်း ပြောကြားထားသည။် ဗြတိန်ဝန်ကြီးချုပ်
ဒေးဗစ်ကင်မရွန်း (၀ဲပုံ)သည် မြန်မာနိုင်ငံသို. .ခုလအတွင်း
လာရောက်လည်ပတ်ခဲ့ရာ ၄င်းသည် ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံအတွင်းသို့
ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ခဲ့သည့် အနောက်
နိုင်ငံမှ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သိရသည်။


0 comments:
Post a Comment