Sunday, April 29, 2012
ကျွန်မကိုခိုင်းပါဆိုတဲ့ NLD နဲ့ ဆန်ရှင်ဖွင့်တာလိုချင်တဲ့ မြန်မာပြည်
Posted by မျိုးချစ်သူရဲကောင်းများ On 4:39 PM 0 comments
ကျွန်မကိုခိုင်းပါဆိုတဲ့ NLD ပြည်သူ့အကျိုးဆောင်ရွက်ပေးဖို့ အချိန်တန်နေပါပြီ
ဧပြီလ ၁ ရက်နေ့က ရွေးကောက်ပွဲမှာ NLD ပါတီက လူထုထောက်ခံမှုနဲ့ အနိုင်ရခဲ့ပါတယ်။ လူထုကလည်း
 NLD အနိုင်ရရင် လူထုအတွက် ဘာတွေများဆောင်ရွက်ပေးမလဲဆိုပြီး အထင်တကြီးနဲ့ မဲပေးလိုက်တာ
 ဖြစ်ပါတယ်။ ဒါပေမယ့်ဗျာ လူထုအတွက် လုပ်ပေးဖို့ နောက်မှထား လွှတ်တော်တောင်မတတ်ဘူးလို့
 ကြေငြာလိုက်တော့ အားကိုးတကြီးနဲ့ စောင့်ကြည့်နေတဲ့ လူထုရင်ဘတ်ကို လှမ်းကန်လိုက်သလိုပါပဲ။
ကျမ်းကျိန်စာသား ပြောင်းမပေးလို့ မတတ်ဘူးဆိုတာ တကယ်တော့ လွှတ်တော်မတတ်ချင်လို့
 ဆင်ခြေပေးတဲ့ စကားပါ။ လွှတ်တော်မတတ်ချင်လို့ဆိုတာ ပြည်သူ့အကျိုးကို မဆောင်ရွက်ပေးချင်လို့ဆိုတာ
 ထင်ရှားနေပါတယ်။
ပြည်သူတွေ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာဖို့လာရောက်တဲ့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး ကိုတောင်
 စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းမပေးအောင် ပြောဆိုခဲ့တာက အထင်အရှားပါပဲ။
 ပြည်သူတွေကောင်းစားဖို့ထက် NLD ပါတီ အာဏာရအောင် ဆောင်ရွက်နေတာ မျက်မြင်ပဲ ဖြစ်ပါတယ်။
 ပြည်သူတွေ ဖွံ့ဖြိုးမှုကို နှောင့်နှေးအောင် လုပ်ဆောင်နေတဲ့ အာဏာရှင်စနစ် ထွက်ပေါ်လာအောင်
 လုပ်ဆောင်နေတဲ့ သဘောပါ။ ပါတီအာဏာရဖို့အရေး ပြည်သူတွေ ဘာပဲဖြစ်ဖြစ် ပါတီအာဏာရဖို့ အဓိက
 ဖြစ်နေတယ်။
NLD ပါတီက အမျိုးသားဒီမိုကရေစီပါတီလို့ ပြောပေမယ့်လည်း ပါတီအတွင်းမှာ ဒီမိုကရေစီစနစ်ကို
 ဖော်ဆောင်နိုင်ခြင်းမရှိပဲ ဒေါ်စုကြည်ရဲ့ အမိန့်အတိုင်းသာ လုပ်ဆောင်နေရတာဖြစ်ပါတယ်။
 လွှတ်တော်အမတ် ၄၃ နေရာ အနိုင်ရပေမယ့် အမတ် ၃၀ ခန့်ကတော့ ကျမ်းကျိန်စာသားမပြင်လည်း
 လွှတ်တော်တတ်ပါမယ်။ လွှတ်တော်ရောက်မှ ပြင်ဆင်ဖို့ အဆိုတင်သွင်းမယ်ဆိုပြီး
 ဆွေးနွေးတင်ပြကြပေမယ့် ဒေါ်စုကြည်ကတော့ လုံးဝ လက်မခံပါဘူး။ ပါတီအတွင်းမှာတောင်
 ဒီမိုကရေစီမရှိတာ လူထုအတွက် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲ။ အနောက်နိုင်ငံတွေကို အားကိုးပြီး
 လွှတ်တော်နဲ့ သမ္မတကို အကြပ်ကိုင်နေတာကို ပြောရရင်တော့ ပြည်ပအားကိုး ပုဆိန်ရိုးလို့သာ
 ဆိုချင်တော့ပါတယ်။
NLD ပါတီမှ လွှတ်တော်အမတ် ၄၃ ယောက်ကြောင့် လွှတ်တော်ထဲရောက်နေတဲ့ ကျန်အမတ်တွေပါ
 ပြန်ပြီးကျမ်းသစ္စာ ကျိန်ရမလို ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောင်ပွဲ မတိုင်ခင်
 လူထုအကျိုးကို ဆောင်ရွက်ပေးမယ်လို့ ပြောပြီးစည်းရုံးခဲ့ပေမယ့် လက်တွေ့လုပ်ပြရမယ့် အချိန်မှာတော့
 လူထုအကျိုးမကြည့်ပဲ ပါတီအကျိုးကိုသာ ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကို
 ပြန်ဖွင့်ပေးလိုက်ရင် လူတွေလည်း အလုပ်အကိုင်ပေါများလာပြီး စီးပွားရေးချောင်လည်လာရင် ဒီမိုကရေစီ
 ဆိုတာကို ဘယ်သူမှ စိတ်မ၀င်စားတော့မှာ စိုးရိမ်ပြီး အခက်အခဲတွေဖြစ်အောင် လုပ်နေတာပါ။
 ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အနောက်နိုင်ငံကြီးများရဲ့ စီးပွားရေးပိတ်ဆို့မှုကိစ္စတွေကို
 နိုင်ကွက်လုပ်ပြီး အစိုးရနဲ့ ပြည်သူကို အကြပ်ကိုင်နေတာလို့ မြင်ပါတယ်။
လူထုကို အာဏာရဖို့ မလှည့်စားပါနဲ့။
လူထုက NLD ကို စောင့်ကြည့်နေပါတယ်။ ခုလို အစိုးရနဲ့ ပြည်သူကို ခုတုံးလုပ်ပြီး အာဏာရဖို့
 လုပ်နေတယ်ဆိုတာ ပြည်သူတွေက တဖြည်းဖြည်း နားလည်လာကြပါပြီ။ အစိုးရက လိုက်လျောမှုတွေ
 ပေးနေတာကို အခွင့်ကောင်းမယူပါနဲ့။ အစိုးရက ပြန်ပြီးတင်းမာမယ်ဆိုရင် ကြားက ပြည်သူတွေပဲ
 ဒုက္ခရောက်ရမှာပါ။ ဒါကိုလည်း ပြန်ပြီး စဉ်းစားပါအုံး။ အနောက်နိုင်ငံတွေဆိုတာ မြန်မာနိုင်ငံအရေးကို
 အဝေးကပဲ ကူညီပေးနိုင်တာပါ။ မြန်မာပြည်သူတွေကသာ ကိုယ့်သမိုင်း ကိုယ်ရေးခွင့် ရှိတာပါ။
အမေကျော်ပြီး ဒွေးတော်ကိုတော့ မလွမ်းသင့်ပါဘူး။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ်
 ကိုယ်ရပ်သင့်ပါတယ်။ ဒီလိုသာ ဆက်လုပ် နေမယ်ဆိုရင်တော့ ပြည်သူတွေဒဏ်ခတ်မှုကို
 မလွဲမသွေခံရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးကို ကောင်းကောင်းနားမလည်လဲ
 ဝေ့လည်ကြောင်ပတ်ပြောတတ်တဲ့ ရှေ့နေဦးဥာဏ်ဝင်းနဲ့ သတင်းစာဆရာ ခေါင်းကြီး ဦးဝင်တင် ပြောသမျှ
 လိုက်လုပ်နေလို့ မသင့်ပါဘူး။ ဦးဥာဏ်ဝင်းကလည်း ရှေ့နေပီပီ ဝေ့လည်ကြောင်ပတ်နဲ့ အကြံပေးနေပြီး
 မသိပါဘူး။ ပြည်သူသိတာက ဗိုလ်ချုပ်သမီး ဒေါ်စုကြည်ကို သာ သိတာပါ။ ဒါကြောင့် လူတွေက
 မဲပေးခဲ့တာမှားနေပြီလို့ ထင်နေကြပါတယ်။
0 comments:
Post a Comment
LIKE BOX