Sunday, April 29, 2012

အရင် နှစ်ယောက် က မှန်ပါတယ် ဆိုတဲ့ နောက်တစ်ယောက် ( သို့သော် ယောင်္ကျားကြီး ဖြစ်နေ)

Posted by မျိုးချစ်သူရဲကောင်းများ On 4:14 PM 0 comments


မြန်မာနိုင်ငံတွင်းက မိန်းကလေးတွေကို ပြန်ပကိုထွက်သွားတဲ့ မိန်းကလေးတွေက ယဉ်ကျေးမှု ထိန်းသိမ်းဖို့နဲ့

 အဝတ်အစားဝတ်တာ အဆင့်အတန်းရှိဖို့ ဆုံးမတဲ့ ဗွီဒီယို ဖိုင်တွေ ဆက်တိုက်ထွက်လာအပြီးမှာ အခု

 နောက်တခု ထပ်ထွက်လာပါတယ်။ ဒီတစ်ယောက်ကတော့ ထူးထူးဆန်းဆန်း ယောင်္ကျားတစ်ဦးဖြစ်ပြီး

 အရင်မိန်းမ နှစ်ယောက်က မှန်တယ်လို့ ပြောသွားပါတယ်။ နောက်မှ နားသောတ

 ဆင်ကြည့်ကြပါခင်များ...။


မြန်မာ့ ယဉ်ကျေးမှုထိန်းသိမ်းဖို့နဲ့ အဆင့်တန်းရှိရှိ ဝတ်စားဖို့အတွက် ပြည်တွင်းက မိန်းကလေးများကို

 ဗွီဒီယိုရိုက်တင်တဲ့ ပြည်ပ က အစ်ကိုကြီး အစ်မကြီးများကို တစ်ခုလောက် အကြံပေးချင်ပါတယ်။

 ပြည်တွင်းက မိန်းကလေးတွေ ကို ခဏ ထားပြီး ဘေးပတ်ဝန်းကျင်မှာ အမြင်မတော်တဲ့ ပြည်ပရောက်

 မြန်မာမိန်းခလေးများကို ယဉ်ကျေးမှု ထိန်းသိမ်းတတ်ဖို့၊ အဆင့်တန်းရှိရှိဝတ်ကြဖို့ နဲ့ မြန်မာ့အမျိုးကို

 စောင့်ကြဖို့အတွက် အရင် ဆုံး ဗွီဒီယိုဖိုင်လေးတွေ ရိုက်ပြီး ဆုံးမ ပေးစေချင်ပါတယ်ခင်များ....။
 
Myanmar Express

0 comments:

Post a Comment

LIKE BOX