Thursday, May 3, 2012

ရထားလမ်းကားလမ်းတံတားများကို အဆက်မပြတ် မိုင်းထောင်ဖောက်ခွဲနေသော KIA

Posted by မျိုးချစ်သူရဲကောင်းများ On 9:53 PM 0 comments

အမြင်ချင်းမတူညီကြလို့ ပစ်ခတ်ကြတာ။ တိုက်ခိုက်ကြတာတွေကိုတော့ မပြောလိုပါဘူး။ ဒါပေမယ့်

 ဘာမှမဆိုင်တဲ့ လမ်းတံတားတွေကိုဘာအတွက်ကြောင့် ဖျက်ဆီးနေရတာလဲ။

 လမ်းတံတားတွေပျက်ဆီးတော့ ပြည်သူတွေဘဲသွားရေးလာရေးခက်ခဲတဲ့အပြင် ကုန်ဈေးနှုန်းကလဲ

 တက်လာမှာဘဲ။ လမ်းတံတားတွေဆောက်လုပ်သူက ဆောက်လုပ်ထားပေမယ့် KIA ကတော့

 တံတားတွေကိုတစ်ခုပြီးတစ်ခုဖောက်ခွဲနေတာဟာ ၁၇၈ စင်းတောင်ရှိနေပါပြီး။
 

KIA မိုင်းထောင်ဖျက်ဆီးထားသောတံတား

ဧပြီ ၂၆ ရက်နေ့ကလည်း ကံပိုက်တီးသွားတဲ့လမ်းမှာ ခုနှစ်ရောင်စုံကွန်ကရစ်တံတားကို မိုင်းထောင်ပြီး

 ၃ကြိမ်တိုင်တိုင် ဖောက်ခွဲခဲ့တယ် တံတားကတော်တော်လေးကိုပျက်စီးသွားခဲတယ်။ တံတားက

 အလယ်တည့်တည့်က နေပြိုကျပျက်စီး သွားတဲ့အတွက်

 လူတွေယာဉ်တွေလုံးဝဖြတ်သန်းသွားလာလို့မရတော့ဘူးလေ။

 မနေ့တုန်းက(မေ၂ရက်နေ့)လည်း တနိုင်း-မြစ်ကြီးနား ကားလမ်းပေါ်က နန့်စန်ချောင်းတံတား ကို မနက် ၆

 နာရီ လောက်မှာ မိုင်းခွဲခဲ့တယ်။ တံတားက မိုင်းခွဲခံရမှုကြောင့် ပျက်ဆီးသွားပြီး ယာဉ်များသာ တံတားပေါ်

 ကနေဖြတ်သန်းသွား လာနိုင်ပေမယ့်လဲ ယာဉ်ကြီးများကတော့ တံတားအောက်ကနေ ခက်ခက်ခဲခဲ

 နဲ့သွားနေရတယ်လို့ မနေတုန်းက တနိုင်းက ပြန်လာတဲ့ သူငယ်ချင်းကပြောပါတယ်။

ပြည်ထောင်ကျေးရွာနားမှာ မနက် ၉နာရီလောက် ရထားလမ်းဘက်ကမိုင်းကွဲသံကြားလို့သွားကြည့်တော့

 ရထားလမ်းပြတ်တောက်နေတာတွေ့ရတယ်။ မိုင်းကွဲကွဲပြီးချင်း တာဝန်ရှိတဲ့သူတွေရောက် လာကြတယ်။

 အဲဒီမိုင်းကွဲ့အနားမှာဘဲ ဦးခေါင်းပဲ့နေတဲ့ လည်ပင်းအပိုင်းအစဖြတ်ပြီး သေနေတဲ့

  လူတစ်ယောက်လဲတွေ့တယ်။ မိုင်းထောင်သူလို့ ပြောပါတယ်။ သေနေတဲ့သူကတော့ ပျောက်ကျားအင်္ကျီနဲ့

 ဖြစ်ပြီး သေနတ် နဲ့ ဓားတစ်ချောင်း လဲပါပါတယ်။ ရွာက လူတွေပြောတာ “သေတာတောင်နည်းသေးတယ်။

 ပြည်သူတွေ ကိုဒုက္ခပေးချင်တဲ့အကောင်တွေ” KIA ကဘဲဖြစ်မှာပါ။

 ပျောက်ကျားဝတ်စုံဝတ်ထားတဲ့သူတွေဆိုတော့ ဒီလိုလုပ်ရပ်တွေ လုပ်နေတာလဲ ဒီကောင်တွေဘဲရှိတာ။

 KIA လုပ်လို့ ငါတို့ကချင်ပြည်နယ်မအေးချမ်း နိုင်တာ၊ ငါတို့လူမျိုးကိုကျန်တဲ့ လူမျိုးတွေက

 ကြမ်းဖက်လူမျိုးတွေလို့တောင်ထင်နေကြတာ။ KIA ခေါင်းဆောင်ကြီးများအနေဖြင့် သတ္တိရှိတယ်ဆိုရင်

 လက်နက်ကိုင် အချင်းချင်းတိုက်ကြပါလား။ ပြည်သူများသွားလာနေတဲ့ကားလမ်း ရထားလမ်း

 တွေကိုဘာလို့ဖျက်ဆီးနေတာလဲ အဓိပ္ပါယ်မရှိဘူး။

ကျွန်တော်တို့ကချင်ပြည်နယ်ကြီးအေးချမ်းတည်ငြိမ်စွာနဲ့ နေချင်လှပါပြီး။

 ကချင်လူမျိုးအကျိုးလို့ပြောပြီးသူတို့ရဲ့ အကျိုးကိုသာကြည့်နေတဲ့ KIA အဖွဲ့ကြီးပါ။ တကယ်တန်းကျတော့

 KIA တပ်သားတွေက ဘာကိုမှသိတာမဟုတ်ပါဘူး။ သူတို့ခေါင်းဆောင်ခိုင်းလို့လုပ်နေကြရတာပါ။ KIA

 ခေါင်းဆောင်တွေကလဲသူတို့အကျိုးစီးပွားကိုဘဲကြည့်နေပြီး ပြည်သူ

 တွေအတွက်ဒုက္ခတွေသာပေးနေပါတယ်။ တကယ်တမ်းသေနေတာက အောက်ကငယ်သားတွေပါ။

 ဒုက္ခရောက်နေတာ ကချင်ပြည်သူတွေပါ။ KIA ခေါင်းဆောင်ကြီးများရယ် သံဝေဂရသင့်နေပါပြီး။

 အားလုံးကလဲ အကြမ်းဖက်အဖွဲ့လိုမြင်နေ ကြပါပြီး။ အစိုးရဘက်က

 သဘောကောင်းစွာနဲ့ငြိမ်းချမ်းရေးကိုကမ်းလှမ်းနေပေမယ့် KIA အဖွဲ့ကတော့အကြမ်းဖက်လုပ်

 ရပ်တွေကိုပိုပိုလုပ်လာတယ်။ ပြည်သူတွေကတော့စိတ်ဒုက္ခရောက်နေရပါတယ်။ ဒါကြောင့် KIA အဖွဲ့ကို

 ဒီအတိုင်းမထာ တော့ဘဲ အပြုတ်တိုက်လိုက်စေချင်ပါတယ်။

 ကချင်ပြည်သူပြည်သားတွေကိုယ်စားတောင်းဆိုလိုက်ပါတယ်။

0 comments:

Post a Comment

LIKE BOX