Saturday, May 5, 2012

ကချင်ပြည်သူတစ်ဦးမှ KIA တို့ရက်စက်ယုတ်မာပုံကို ရင်ဖွင့်ရေးသား

Posted by မျိုးချစ်သူရဲကောင်းများ On 11:28 AM 0 comments


From : ကချင်ပြည်သူတစ်ဦး
တာပတောင်းအောက် မံဖွား အထက်ကြားတွင်အခင်းလုပ်ကိုင် ကြသူပေါင်း(၂၀၀၀)ကျော်လောက်ရှိပါသည်။မိုးကောင်းချောင်း
၏အထက်ပိုင်းကို (KIO) တပ်ရင်း(၁၁) ကအခွန်ကောက်ခံပါသည်။မိုးကောင်းချောင်း၏ အောက်ဘက်ပိုင်းကို(KIO)တပ်ရင်း(၅)ကကောက်
ခံပါသည်။ကောက်သောနှုန်းထားများမှာ တဲတစ်တဲလျှင်
ဆန်(၁)တင်း
အခင်းတဧက=၅၀၀၀ိ/-ကျပ်
ထွန်စက်(သေး)တစ်စီး=၂၀၀၀၀ိ/-ကျပ်
ဟွန်ဒါစက်တပ်လှေတစ်စီး=၁၅၀၀၀ိ/-ကျပ်
ကျွဲတစ်ကောင်=၅၀၀၀ိ/-
ကြက်တစ်ကောင်=၅၀၀ိ/-ကျပ်
ခွေး ။ =၅၀၀ိ/-ကျပ် ဟူ၍အသေးစိတ်ပြောထားပါသည်။လက်တွေ့တွင်
အကုန်မကောက်ခံသေးသော်လည်း ဆန်နှင့်အခင်းဖိုး ဧည့်စာရင်းဟူ၍ ဤသုံးမျိုးကိုကောက်ခံသွားပါသည်။ ရပ်ဝေးမှလာရောက်လုပ်ကိုင်
သူသည် (၂၈၀၀၀ိ/-ကျပ်)၊ ရပ်နီးလုပ်ကိုင်သူမှာ(၁၆၀၀၀ိ/-ကျပ်)ကုန်ကျပါသည်။စစ်ပြေးဒုက္ခသည် ကူညီရန်အတွက်ဟူ၍လည်းကောက်ခံပါ
သည်။ ကျနော်သဘောမပေါက်သည်မှာ KIO မှဘယ်စစ်ပြေးဒုက္ခသည်ကိုထောက်ပံ့နေပါသလဲ?၄င်းတို့လုပ်၍ သာစစ်ပြေးဒုက္ခသည်များရှိ
လာရခြင်းသာဖြစ်ပါသည်။အကြောင်းအမျိုးမျိုးပြ၍ ကောက်ခံနေပါတယ်။ရေဒီယိုနားထောင်တော့ RFA တွင် ဦးလှနန်ပြောရာတွင် (KIO) အယောင်ဆောင်၍ ကောက်ခံသည်ဟု ပြောကြားသွားပါတယ်။
တကယ်မသိ၍ လားမသိချင်ယောင်ဆောင်တာလားကျနော်တို့ဘက်တွင်လာရောက်စုံစမ်းပါ (KIO)တို့အခွန်ဖြတ်ပိုင်းများ တဲတိုင်းတွင်ရှိနေပါ
တယ်။မိုးကောင်းချောင်းအ၀တွင် လုပ်ကိုင်သူများက ပိုဒုက္ခရောက်ပါတယ် (KIO)တပ်ရင်း(၁၁)နှင့်(၅)နှစ်ဖက်စလုံး၏ ကောက်ခံခြင်းကိုခံနေရ
ပါတယ်။
ဦးလှနန်ပြောရာတွင်တိုင်တန်း ၍ရတယ်ဆိုတာကို ကျနော်သဘောကျပါတယ်။ဘယ်သူကတိုင်ရဲမှာလဲ ကိုယ့်အသက်လောက်ဘယ်အရာ
မှတန်းဖိုးမရှိပါဘူး။ တိုင်တဲ့သူကို (KIO)ကသိသွားခဲ့ရင်ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်သွားပါမယ်။စိတ်မထင်ရင်မထင်သလိုသတ်နေတဲ့သူတို့
ကိုဘယ်သူက အရဲစွန့်ပြီးတိုင်ရဲမှာလဲ? (KIO)မှသတ်လိုက်သောသူများသည်လူမျိုးရေး၊ဘာသာရေးပါလာလျှင် သူတို့က အစိုးရထောက်လှမ်းရေး
မို့သတ်လိုက် တယ်ဟူ၍ လွဲချလိုက်တာကြီးတွေ့နေရပါတယ်။ (KIO)အကြောင်းပြော၍ ပင်ကုန်မည်မဟုတ်ပါ ယခုတင်ပြခြင်းသည် အဖျားအနား
သာဖြစ်ပါတယ်။

0 comments:

Post a Comment

LIKE BOX