Thursday, May 3, 2012

တောတွင်းလက်နက်ကိုင် အဖွဲ့များဆက်လက်၍ အလင်းဝင်ရောက်လျက်ရှိ

Posted by မျိုးချစ်သူရဲကောင်းများ On 10:03 AM 0 comments



From : ခေတ်လူငယ်

နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှတိုက်ဖျက်ကာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေသည့် အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မဲခေါင်မြစ်ကြောင်းတစ်လျှောက် သွားလာလျက်ရှိသော သဘောင်္များအား လုယက်ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော မူးယစ်တရားခံပြေး စိုင်းနောင်ခမ်း၏ အဖွဲ့သည် အဖွဲ့ငယ်များခွဲထွက်ပြီး ထွက်ပြေးလျက်ရှိရာမှ နိုင်ငံတော်၏ စေတနာကို သိမြင်နားလည်ပြီး ဧပြီ ၂၃ ရက်က အိုက်ထွန်းခေါင်းဆောင်သော အင်အား ရှစ်ဦးတို့သည် လည်းကောင်း၊ ဧပြီ ၂၇ ရက်က လောဆန်ဦးစီးအင်အား ၁၂ ဦးတို့သည်လည်းကောင်း အလင်းဝင်ရောက်ခဲ့ပြီး ဧပြီ ၃၀ ရက်ကလည်း အဆိုပါ မူးယစ်တရားခံပြေး စိုင်းနော်ခမ်းအဖွဲ့မှ ထွန်းရွှေ့ဦးစီးအင်အား ၁၃ ဦးသည် လက်နက်မျိုးစုံလေးလက် ကျည်မျိုးစုံ ၁၇၈ ထောင့်၊ ကျည်အိမ်ရှစ်ခု၊ လက်ပစ်ဗုံးသုံးလုံး၊ လမ်းလျှောက် စကားပြောစက်တစ်လုံးတို့နှင့်အတူ တာချီလိတ်နယ်မြေရှိမိမိ တပ်မတော် တပ်စခန်းသို့ ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ကြသည်။ အဆိုပါ အဖွဲ့အား ယခင်အလင်းဝင်ရောက်ခဲ့ကြသည့် အဖွဲ့များနည်းတူ နယ်မြေခံတပ်မှ တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပြီး ၎င်းတို့မိသားစုဘဝလုံခြုံရေးနှင့် ပြည်လည်ထူထောင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX