Monday, April 30, 2012

စာရေးဆရာကြီးဦးအာင်သင်း ပြောတဲ့ ရိုဟင်ဂျာ

Posted by မျိုးချစ်သူရဲကောင်းများ On 10:41 PM 0 comments

From : မေသင်္ကြန်မိုး

မေး ။ ။ ရိုဟင်ဂျာဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေထဲမှာပါဝင်ပါသလား ဆရာ၊ သူ့သမိုင်းကကော

 ဘယ်လို ရှိပါသလဲ၊ ဘီဘီစီကတော့ မြန်မာပြည်မြေပုံထဲမှာ ရိုဟင်ဂျာကို ထည့်သွင်းထားတဲ့အတွက်

 ပြသနာတွေ ဖြစ်နေကြပါတယ်။ ဆရာ့အနေနဲ့ကော ဘယ်လိုမြင်မိပါသလဲ`လို့ ကျမက မေးပါတယ်။

ဖြေ ။ ။ `ဆရာ့အနေနဲ့က ရိုဟင်ဂျာကိုတိုင်းရင်းသားထဲပါတယ်လို့တခါမှမယူဆခဲ့ဘူး။

 သူ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် သူဟာ တိုင်းရင်းသားထဲမှာမပါဘူး။

 ဗမာပြည်လွတ်လပ်ရေးရတဲ့အချိန်မှာ သူတို့တွေက နေရာယူချင်လာတယ်။ နယ်စပ်မှာဖြစ်နေတဲ့

 အခါကျတော့အစိုးရကမလွှမ်းမိုးနိုင်ဘူး။ အဲဒီအခါမှာ ရိုဟင်ဂျာက ပြည်တွင်းမှာသူပုန်အနေနဲ့ ၀င်လာပြီး

 သောင်းကျန်းမှု့တွေတော်တော်လုပ်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်လို့ ဗမာစာရေးဆရာကြီးအချို့တွေကလည်း

 ရိုဟင်ဂျာတွေ အကြောင်းကို ၀တ္ထုတွေထဲမှာ တော်တော်လေးရေးခဲ့တယ်။ ရိုဟင်ဂျာတွေကလည်း

 လက်နက်ကိုင်ပြီးတော့လွှမ်းမိုးနိုင်လာချင်တယ်။ အဲဒီနေရာမှာရှိတဲ့ ဗမာတိုင်းရင်းသားတွေက

 လက်နက်မဲ့တဲ့အခါကျတော့ ခံခဲ့ရတာတွေ ရှိတယ်။ ဗမာတွေက သိပ်ကိုမုန်းတီးခဲ့တယ်။ ဆိုလိုတာက

 တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာကို ဘယ်တုန်းကမှတိုင်းရင်းသားလို့မသတ်မှတ်ဘူး။ သူတို့က ပြည်ထဲဝင်

 ဇွတ်အတင်းနေရာယူ သောင်းကျန်းသူတွေပဲဖြစ်တယ်လို့ ဆရာကတော့ အဲလိုပဲ မြင်တယ်`။

Myanmar Express

0 comments:

Post a Comment

LIKE BOX