Wednesday, May 2, 2012

အမြင်မှန်ရလာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုယ်စားလှယ်များ လွှတ်တော်တွင် အခြေခံဥပဒေကို ကာကွယ်စောင့်လျှောက်ပါမည်ဟု သစ္စာဆို

Posted by မျိုးချစ်သူရဲကောင်းများ On 11:46 AM 0 comments

အမြင်မှန်ရလာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုယ်စားလှယ်များ ဟာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ " ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်လျှောက်ပါမည်" ဟု သစ္စာဆို ကျမ်းကျိန်ခဲ့ကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ပြီး လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုယ်စားလှယ်များက အယူ ဝါဒ အမှား များကို စွဲကိုင်ပြီး လွှတ်တော်ကို သပိတ်မှောက်ကာ ကျမ်းမကျိန် ပဲ နေခဲ့ကြပါတယ်။

ကုလသမ္မဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရောက်လာပြီး နောက်တစ်ရက်မှာပဲ အရေးပေါ် အစည်းအဝေး တစ်ခု ကျင်းပပြီး ကျမ်းကျိန်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လွှတ်တော်အမတ် ဖြစ်ဖို့ ဆန္ဒပြင်းပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၈ နာရီ ၁၅ မိနစ်က နေပြည်တော်သို့ လေကြောင်း ခရီးစဉ်နဲ့ အစောဆုံး ရောက်နေခဲ့ပါတယ်။

၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NLD ရဲ့ ကြေညာချက်မှာတော့ NLD အနေနဲ့ ပါးစပ်ကတော့ ကွာကွယ်စောင့်လျှောက်ပါမယ်လို့ ပြောပြီး လုပ်တာကတော့ လေ့စားလိုက်နာ တာနဲ့ပဲ ဆက်လုပ်မှာ ဖြစ်ကြောင်း၊ အပြောနဲ့ အလုပ် ညီမှာ မဟုတ်ကြောင်း ပြောထားပါတယ်။

လွှတ်တော် သတ်တမ်းတစ်လျှောက်လုံးမှာ ကျမ်းမကျိန်ချင်တဲ့ NLD ကိုယ်စားလှယ်များ ဒီနေ့ ကျမ်းကျိန်တဲ့ အသံက အကျယ်ဆုံးလို့ သိရပြီး NLD အမတ် အရေအတွက်ဟာ ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးရဲ့ ၆% ပဲ ရှိကြောင်း သိရပါတယ်။

 






0 comments:

Post a Comment

LIKE BOX