Monday, April 30, 2012

စာသားမပြင်လည်း ကျမ်းကျိန်လိုက်ရခြင်း (သို့) အရည်အချင်းမရှိသော ဒေါ်အောင်ဆန်းစုကြည်၏ ဆဌမအကြိမ် မြောက် ရှုံးနိမ့်ခြင်း

Posted by မျိုးချစ်သူရဲကောင်းများ On 8:23 PM 1 comments



ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်ရွှေ တို့ဟာ နှစ်ပေါင်း ၂၀ လောက် ဦးနောက်စွမ်းရည်၊

 စီမံခန့်ခွဲမှု စွမ်းရည်နဲ့ လက်တွေ့အကောင်ထည်ဖော်နိုင်မှု စွမ်းရည်တို့ အားပြိုင်လာခဲ့ကြရာတွင်

 ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ အစီအစဉ် မှန်သမျှကို တခု မကျန် ဆန့်ကျင်

 ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အရည်အချင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ

 အမြော်အမြင်ကြီးမားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို အခုချိန်ထိ တခါမှ အနိုင်မရတဲ့ အပြင် ဗိုလ်ချုပ်မှူးကြီး

 စီစဉ်ထားသမျှ အကွက်ထဲသို့ စိုက်စိုက်မြိုက်မြိုက် ဝင်ခဲ့ရပါတယ်။

အခုဆိုရင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလုပ်သမျှ ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ

 ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို အကြိမ်ကြိမ် ရှုံးနိမ့်ကာ ဦးသန်းရွှေရဲ့ အလိုတော်အတိုင်း

 လမ်းပြမြေပုံ အတွင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မေလ ၂ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့

 NLD ကိုယ်စားလှယ်များဟာ ဦးသန်းရွှေ စီစဉ်ထားတဲ့ အတိုင်း လွှတ်တော်ထဲကို မတက်ချင် တက်ချင်နဲ့

 ကျမ်းကျိန်တော့မှာ ဖြစ်ပါတယ်။

လမ်းပြမြေပုံ (၇) ချက်ကို အောင်အောင်မြင်မြင်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရုံမျှ မက တသတ်လုံး

 ဆန့်ကျင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ခွက်ခွက်လှန်အရှုံးပေးပြီး လွှတ်တော်ထဲရောက်အောင် စီစဉ်

 အကောင်ထည်ဖော် ကာ အကြီးအကျယ် အောင်မြင်ခဲ့သော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ

 မြန်မာ့သမိုင်းမှာ အအောင်မြင်ဆုံး ခေါင်းဆောင်ကြီး တစ်ဦးလို့ ပြောလို့ ရသလို ၂၀၁၂ ခုနှစ် မေလ (၂)

 ရက်နေ့ဟာလည်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ စီမံကိန်းကြီး ပြီးဆုံးအောင်မြင်သည့်နေ့ အဖြစ် သတ်မှတ်လို့

 ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး ရဲ့ အောင်မြင်မှုဟာ တပ်မတော်ရဲ့ အောင်မြင်မှု၊ အစိုးရရဲ့ အောင်မြင်မှု လို့

 ပြောလို့ ရသလို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှုံးနိမ့်မှုဟာလည်း အစိုးရ ဆန့်ကျင်ရေး အင်အားစု

 အတိုက်အခံလောကတခုလုံးရဲ့ ရှုံးနိမ့်မှုလို့ ပြောလို့ရပါတယ်။

ပထမ အကြိမ် မြောက် ရှုံးနိမ့်ခြင်း - ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရကို ဆန့်ကျင်ပြီး ၉၀

 ရွေးကောက်ပွဲကို လက်ကိုင်ထားရမယ်လို့ ကြေညာခဲ့ပါတယ်... ၂၀၁၁ အောက်တိုဘာ လမှတော့

 အရှုံးပေးလိုက်ရကာ ၉၀ ရွေးကောက်ပွဲက လက်တွေ့မကျဘူးလို့ ပြောင်းလဲ သတ်မှတ်ကာ အစိုးရ၏ ဆန္ဒကို

 လိုက်လျော အရှုံးပေးလိုက်ရပါတယ်။

ဒုတိယ အကြိမ် မြောက် ရှုံးနိမ့်ခြင်း - အစိုးရကို ဆန့်ကျင်ပြီး အမျိုးသားညီလာခံကို NLD မှ သပိတ်မှောက်

 ရမယ်လို့ ကြေညာခဲ့ပါတယ်... ထို့နောက် ဥက္ကဌ ဦးအောင်ကြီး ဦးဆောင်ပြီး အမျိုးသားညီလာခံကို

 တက်ရောက်ကာ အစိုးရ၏ ဆန္ဒကို လိုက်လျော အရှုံးပေးလိုက်ရပြန်ပါတယ်။

တတိယအကြိမ် မြောက် ရှုံးနိမ့်ခြင်း - ၂၀၀၈ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲကို အမှားခြစ် ကာ ၂၀၀၈

 သပိတ်မှောက် ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရကို ဆန့်ကျင် ကာ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၀

 မှာတော့ အခြေခံဥပဒေကို ပါ အချက်များကို လိုက်နာခဲ့ရကာ အစိုးရဆန္ဒကို လိုက်လျောပြီး

 အရှုံးပေးလိုက်ရပြန်ပါတယ်။

စတုထ္ထအကြိမ် မြောက် ရှုံးနိမ့်ခြင်း - ၂၀၁၀ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား အရ NLD

 ကို မှတ်ပုံ မတင် ဟု အစိုးရ ကို ဆန့်ကျင်ကာ ကြေညာခဲ့ ပေမယ့် ၂၀၁၁ မှာတော့ အစိုးရရဲ့ ဆန္ဒကို

 လိုက်လျောကာ အရှုံးပေးလိုက်ရပြီး ပါတီကို မှတ်ပုံတင်လိုက်ရပါတယ်။

ပဉ္စမအကြိမ် မြောက် ရှုံးနိမ့်ခြင်း - ၂၀၀၈ အခြေခံဥပဒေ အရ ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲကို

 မဝင်ဘူးလို့ အစိုးရကို ဆန့်ကျင်ကာ ကြေညာခဲ့အပြီးမှာ ၂၀၁၂ ခုနှစ် ဧပြီလမှတော့ အစိုးရရဲ့ ဆန္ဒကို

 လိုက်လျောကာ အရှုံးပေးလိုက်ရပြီး ရွေးကောက်ပွဲကို ဝင်လိုက်ရကာ လွှတ်တော်တွင်းမှာ ၆%

 နေရာလောက်ရတာနဲ့ ကျေနပ်ခဲ့ရပါတယ်။

ဆဌမအကြိမ် မြောက် ရှုံးနိမ့်ခြင်း - စာသား မပြင်ပေးရင် ကျမ်းမကျိန်နိုင်ဘူးလို့ အစိုးရကို နားပူနစာ

 လုပ်ကာ လွှတော်မတက်ပဲ သပိတ်မှောက်ခဲ့ပေမယ့် နောက်ဆုံးတော့ အစိုးရရဲ့ ဆန္ဒကို လိုက်လျောပြီး

 အရှုံးပေးလိုက်ရကာ စာသားမပြင်ပေးတဲ့ လွှတ်တော်မှာ ကျမ်းကျိန်လိုက်ရပါတယ်။

လွှတ်တော်ကို သပိတ်မှောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မေလ (၂) ရက်နေ့ မှာ လွှတ်တော်

 တက်မယ် လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဦးသန်းရွှေ တစ်ယောက် မချိမဆန့် ပျော်ရွှင် ကြည်နူး ဝမ်းသာ

 အောင်ပွဲခံနေမှာ ဖြစ်ပြီး အကြိမ်ကြိမ် အရှုံးပေးခဲ့ရတဲ့ ဒေါ်စုတော့ အောင့်သက်သက်နဲ့ မအီမသာ ဖြစ်နေမှာ

 အသေအချာပါပဲဗျာ....။

1 comments:

that's true,, very good,, she's brainless

Post a Comment

LIKE BOX