Saturday, May 5, 2012

စစ်တကောင်းဘင်္ဂါလီများကို ရင်ဆိုင်ရန်နည်းလမ်းများ(အပိုင်း - ၂)

Posted by မျိုးချစ်သူရဲကောင်းများ On 3:34 PM 0 comments


From : မျိုးဆက်

အပိုင်း (၁) အဆက် -

(ခ) ဘယ်လို ရင်ဆိုင်မလဲ
---------------------------------
(၁)နိုင်ငံပိုင် စာနယ်ဇင်းများကနေ တရားဝင် မြန်မာ့လူဝင်မှုကြီးကြပ်ရေးဥပဒေများနဲ့ ပတ်သက်တဲ့ ဆောင်းပါးများ သုံးသပ်ချက်များ ပြစ်ဒဏ်များကို စံနစ်တကျ ရေးသားဖော်ပြဖို့လိုအပ်တယ်။ လူဝင်မှုကြီးကြပ်ရေး ပေါ့လျော့၇င် ဖြစ်လာနိုင်တဲ အနာဂါတ် အန္တရာယ်များကိုလည်း ပုဂ္ဂလိက နာမည်ကြီးမီဒီယာများမှာ လစဉ်အတိုင်း ဖော်ပြနေဖို့လိုအပ်တယ်။ တစ်ခါတည်း ရေး တစ်ခါတည်းပျောက်ဖြစ်သွား၇င် ဘာမှ ထိရောက်မှုရှိမှာမဟုတ်။ လစဉ် ဒီလိုဆောင်းပါးမျိုးသည် နာမည်ကြီးဂျာနယ်တစ်စောင်စောင်မှာ အမြဲပါနေရမှာဖြစ်တယ်။

(၂) ဆိုရှယ်မီဒီယာများကနေ ပညာတတ်မြန်မာလူငယ်အများစုကို လက်ရှိရခိုင်ဒေသ ရင်ဆိုင်နေရတဲ့ အန္တရာယ်နဲ့ပတ်သက်လို့ တိတိကျကျ ပြောဆို ပညာပေးဖို့ လိုအပ်တယ်။ အန္တရာယ်တွေက ဘာလဲ၊ အကြောင်းရင်းက ဘာလဲ၊ ဖြစ်လာနိုင်ချေတွေက ဘာလဲ၊ ဘာကြောင့် ဆန့်ကျင်နေရသလဲဆိုတာကို ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း ပညာပေးဖို့ တိုက်တွန်းစည်းရုံးဖို့လိုအပ်တယ်။

(၃) လက်ရှိစစ်တကောင်းဘင်္ဂါလီအရေးကို အဓိက အရေးဆိုနေကြတာက အမေရိကန်၊ အင်္ဂလန် နဲ့ နော်ဝေဖြစ်တယ်။ အမေရိကန်က မြန်မာနိုင်ငံကိုသဘောပေါက်နားလည်မှုအပိုင်းမှာ အားနည်းချက်တွေရှိနေနိုင်တယ်။ ဒါကြောင့် အမေရိကန် သံအမတ်တွေ မြန်မာပြည်လာရင် ရခိုင်ပါတီများနဲ့ အစည်းအရုံးကိုယ်စားလှယ်များမှ သမိုင်းစာတမ်းများကို စံနစ်တကျ ပြုစုထားပြီး ဟီလာရီကလင်တန်လာတုန်းက ပေးသလိုမျိုး ပေးဖို့လိုအပ်တယ်။ မကြုံဆုံရင်လည်း မြန်မာသမိုင်းနဲ့ ရခိုင်သမိုင်း စာတမ်းဘတ်ပွဲတွေ ကျင်းပပြီး အနောက်နိုင်ငံသံရုံးတွေရဲ့ ကိုယ်စားလှယ်တွေကို အထူးဖိတ်ကြားဖို့ မြန်မာ့ လဝက အဆင့်မြင့်အရာရှိတွေကိုပါ ဖိတ်ကြားဖို့ နိုင်ငံတကာ သမိုင်းပညာရှင်တွေကိုပါ ဖိတ်ကြားဖို့ လုပ်သင့်တယ်လို့ မြင်တယ်။ နိုင်ငံတကာသမိုင်းပညာရှင်တွေကို မဖိတ်ကြား၇င်တောင် သံရုံးတာဝန်ခံတွေကို ဖိတ်ကြားခြင်းသည် ထိရောက်နိုင်တယ်။

(၄) ပြည်ပမီဒီယာများဟာ မြန်မာလူထုကို မျက်စိပိတ် နားပိတ်ဖြစ်နေတယ်လို့ ယူဆနေပုံရပြီး အင်မတန် မျက်နှာပြောင်ကြတယ်။ ဒါကြောင့် သူတို့ကို မှတ်လောက်သားလောက်အောင် ဆုံးမ ပေးဖို့လိုတယ်။ ဒီအထဲမှာ BBC နဲ့ VOA တို့က ထိပ်ဆုံးကဖြစ်တယ်။ ဒီမီဒီယာတွေကို ဆုံးမနည်းက
-လူစုလူဝေးနဲ့ ဆန္ဒပြခြင်း

- ထိုမီဒီယာများအား လုံးဝ သပိတ်မှောက်ခြင်း ဆိုပြီး ခွဲခြားနိုင်တယ်။

ဆန္ဒပြခြင်းကိုတော့ လက်ရှိ ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်ကျေးဇူးကြောင့် သိရှိရပြီးဖြစ်တယ်။
အဲ့ဒီမီဒီယာတွေကို သပိတ်မှောက်ဖို့ အားထုတ်မှုကတော့ နည်းနေသေးတယ်။ အဲ့ဒီ မီဒီယာတွေကို နားသောတ ဆင်ခြင်း မပြုဖို့ နိုင်ငံအဝန်း စည်းရုံးမှုတွေ လုပ်သင့်တယ်။ အစိုးရပေါ်လစီနဲ့မငြိရင် ဒီမီဒီယာနှစ်ခုကို ဆန္ဒပြဖို့ သင်တန်းတွေ၊ ကျောင်းတွေ၊ ဈေးတွေမှာ လက်ကမ်းစာစောင် ဝေခြင်း၊ ကြော်ငြာစာကပ်ခြင်းများကို ကန်ပိန်းသဘော လုပ်ပေးသင့်တယ်။ မြန်မာပြည်တွင်းက နာသောတ ဆင်မှု သိသိသာသာ ကျသွားရင် ဒီမီဒီယာတွေအပေါ် ဖိအားများစွာကျရောက်လာပါတယ်။

(၅) ကိုယ့်ဖက်က မလုပ်သင့်တဲ့အမှားတွေကတော့ စိတ်ခံစားချက် လွန်ကဲစွာနဲ့ မလုပ်မိဖို့လိုတယ်။ အဓိက အရေးအကြီးဆုံးသည် ဘာသာရေးစော်ကားမှု မလုပ်မိဖို့ပဲဖြစ်တယ်။ အဲ့ဒီအမှားကို အတော်များများ လွန်ကျူးနေကြတာကို တွေ့နေရတယ်။ ကျုပ်တို့နိုင်ငံထဲမှာ ရိုးသားစွာအသက်မွေးနေကြတဲ့ မွတ်စလင်တွေ အများပဲရှိတယ်။ ထိုနည်းတူစွာပဲ ဘင်္ဂါလီတွေကို တင်သွင်းဖို့လုပ်နေတဲ့ သစ္စာဖောက်တွေလည်းရှိနေကြတယ်။ ဘင်္ဂါလီတွေကိုတင်သွင်းတဲ့ မွတ်စလင်တွေနဲ့ လဝက အရာရှိတွေကို တစ်တန်းတစ်စားတည်း ပြစ်မှုကျူးလွန်သူများလို့သာမြင်ရမယ်။ အေးအေးချမ်းချမ်း နေထိုင်နေတဲ့မွတ်စလင်များကို မိမိတို့နဲ့ ထပ်တူ ရှိနေတဲ့ ကိုယ့်ဘက်သား နိုင်ငံသားများ အဖြစ်သာမြင်ရမယ်။ ဘာသာရေး ပဋိပက္ခမျိုးကို ကိုယ်က ကျူးလွန်မိလေလေ ကိုယ့်ဖက်က အမှားဖြစ်လေလေ ဆိုတာ သဘောပေါက်ရမယ်။ ဒီအမှားကို သူတို့ဖက်က ထိထိမိမိအသုံးချမယ်ဆိုတာ နားလည်ထားရမယ်။

(၆) အစိုးရအဆင့်အနေနဲ့ကတော့ ၂၀၁၄ မှာ သန်းခေါင်စာရင်းကောက်ဖို့ရှိပါတယ်။ လက်ရှိတည်ဆဲ လဝက ဥပဒေများကို ဘင်္ဂါလီများနဲ့ ပူးပေါင်းထားတဲ့ ပါတီမှ လွှတ်တော်အမတ်များက ဒေါ်အောင်ဆန်းစုကြည်တို့ကို ခုတုံးလုပ်ပြီး ပြင်ဆင်ဖို့ ကြိုးစားလာနိုင်တာကို သတိမူ၇မှာဖြစ်တယ်။ သန်းခေါင်စာရင်းကောက်တဲ့အချိန်သည် ဘင်္ဂါလီများအတွက် သေရေးရှင်ေ၇း အချိန်ဖြစ်တဲ့အတွက် ကိုယ့်ဖက်က ဥပဒေပညာ၇ှင်များ၊ သမိုင်းပညာရှင်များနဲ့ အတူ ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်။ အစိုးရပိုင်းက သက်ဆိုင်၇ာ လဝက အရာရှိများနဲ့လည်း ညှိနှိုင်းတိုင်ပင်တာမျိုးကို လုပ်ဖို့လိုအပ်တယ်။ ခြစားမှုကို တိတိကျကျ ထိန်းသိမ်းဖို့လိုအပ်တယ်။

(၇) လက်ရှိအစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ နီးစပ်နေတဲ့ ကရင်အဖွဲ့၊ ကယန်းနီအဖွဲ့တို့ထံ ဒီ မူဂျာဟစ်လက်နက်ကိုင်တွေ လာရောက်ပါတ်သက်ဖို့ကြိုးစားခဲ့ဖူးတယ်။ဒီအဖွဲ့တွေရဲ့ သဘောတူညီမှုကို ရအောင်ကြိုးစားဖို့လိုအပ်ပြီး သူတို့ဆီက တရားဝင်အချက်အလက်တွေနဲ့ မူဂျာဟစ်တွေနဲ့ တာလီဘန်၊ အလ်ခေးဒါးတွေ အဆက်အစပ်ရှိတဲ့အချက်အလက်တွေကိုပေါင်းစပ်လို့ နိုင်ငံတော်လုံခြုံေ၇းကို ခြိမ်းခြောက်နေတဲ့ ပြည်ပအန္တရာယ်အဖြစ် ရှင်းလင်းတဲ့ မက်ဆေ့ခ်ျကို နိုင်ငံတကာအသိုင်းအဝိုင်းအထိ ပေးလိုက်ဖို့ လိုအပ်တယ်လို့မြင်တယ်။

0 comments:

Post a Comment

LIKE BOX