ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ပြောတာတွေနဲ့ လုပ်တာတွေဟာ ရှေ့နောက်ညီမှုမရှိဘူး၊ အပြောနဲ့
အလုပ် တခြားစီ အမြဲဖြစ်နေတယ်၊ မူတစ်ခုကို ခိုင်ခိုင်မာမာ စွဲကိုင်ထားခြင်းမရှိဘူးလို့ တိုင်းရင်းသား
ပါတီတစ်ခုမှ လက်ရှိ လွှတ်တော် အမတ် တစ်ဦးက ပြောဆိုလိုက်ပါတယ်။
NLD ပါတီမှ မနေ့က ရက်စွဲနဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့ပြီး ကြေညာချက်ထဲတွင် ၎င်း တို့ပါတီ၏
သဘောထားမှာ "၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်" ဟူ၍ဖြစ်ပြီး ကျမ်းကျိန်ရာတွင်တော့
"၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်လျှောက်ပါမည်" ဟူ၍ ရွတ်ဆိုမည်ဖြစ်ကြောင်း
ဖော်ပြထားပါတယ်။ ယင်း ကြေညာချက် အရ NLD ပါတီဟာ အပြောနဲ့ အလုပ် တခြားစီ လုပ်နေကြောင်း
ဖော်ပြနေသလို ဖြစ်နေပါတယ်။
ဒီနေ့ဂွေးသီး မနက်ဖြန် ငှက်ပြောသီး ဆုံးဖြတ်ချက် အမျိုးပြောင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့
ဒီတစ်ကြိမ် ဆုံးဖြတ်ချက်ပြောင်းလဲ မှုနဲ့ အလျှော့ပေး၊ အရှုံးပေးလိုက်ရခြင်းဟာ သူမ၏ အားနည်းချက်သာ
ဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။ သူမရဲ့ လစ်ဟင်းချက်ကို တာဝန်ယူရပြီး အခု တော့ အစိုးရအလိုကျ
လွှတ်တော်တတ်တော့မယ်လို့ မနေ့က အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
၉၀ ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ အခြေခံဥပဒေအပေါ် သဘောထား၊ ပါတီမှတ်ပုံတင်ရေး၊
ရွေးကောက်ပွဲဝင်ရေး နဲ့ ကျမ်းသစ္စာကျိန်ဆိုရေး နဲ့ ပတ်သက်ပြီး NLD ပါတီ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ
အစပိုင်းမှာ အစိုးရကို အမြဲ ဆန့်ကျင်တဲ့ အလုပ်တွေ လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အမြဲ
ရှုံးနိမ့်ခဲ့ရပါတယ်။
0 comments:
Post a Comment