နိုင်ငံအတွင်းမီးသုံးစွဲသူဦးရေ တိုးတက်များပြားလာခြင်း၊ နိုင်ငံ/ပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံများ
တိုးတက်များပြားလာခြင်း၊ နွေရာသီအပူချိန်မြင့်မားသဖြင့် ရေခဲသတ္တာနှင့် လေအေးပေးစက်များ
ပိုမိုသုံးစွဲလာခြင်းအပြင် ရေခဲစက်များ ပိုမိုလည်ပတ်လာရခြင်းတို့ကြောင့်
ဓာတ်အားလိုအပ်ချက်မှာ မြင့်မားလျက်ရှိရာ တစ်နိုင်ငံလုံးဓာတ်အားလိုအပ်ချက်မှာ (၁၈၉ဝ)မဂ္ဂါဝပ်အထိ
တိုးမြင့်လာပြီး ဓာတ်အားဖြန့်ဝေနိုင်မှုမှာ (၁၅ဝဝ)မဂ္ဂါဝပ်သာရှိခဲ့သည်။ထိုသို့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်
ပိုမိုများပြားလာခြင်းကြောင့်ပြည်သူများလျှပ်စစ်ဓာတ်အားကို ညီမျှစွာရရှိစေရေးအတွက် ဧပြီလမှစ၍
အလှည့်ကျ ဝန်အားလျှော့စနစ်ကို အသုံးပြု၍ ဓာတ်အားဖြန့်
ဖြူးခဲ့ရာမှ ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့တွင်းမြို့နယ်များအား ၂၄
နာရီစနစ်ဖြင့်လည်းကောင်း၊ မန္တလေးခရိုင်
အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြို့နယ်အသီးသီးအလိုက် အုပ်စုသုံးစုခွဲ၍
အုပ်စုတစ်စုလျှင် ၆ နာရီသာ အလှည့်ကျ ဓာတ်အားဖြတ်ထားရကြောင်း၊ ထိုသို့ ပြည်သူများ
လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေးအတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို
ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ ဓာတ်အား ပိတ်ထား၍လည်းကောင်း၊ စက်မှုဇုန်များတွင် အုပ်စုနှစ်စုခွဲ၍
နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အုပ်စုတစ်စုနှင့် မွန်းတည့် ၁၂ နာရီမှ ညနေ၅ နာရီအထိ
အုပ်စုတစ်စုစသည်ဖြင့် အုပ်စုနှစ်စုခွဲကာ အလှည့်ကျ
စနစ်ဖြင့်လည်းကောင်း၊ ညနေ ၅ နာရီမှ ည ၁၁ နာရီအထိစက်မှုဇုန်အားလုံးကို
ဓာတ်အားပိတ်၍လည်းကောင်း၊ သံရည်ကျို
လုပ်ငန်းများ၊ ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းများအပါအဝင်စက်မှုလုပ်ငန်းအားလုံးကို ညနေ ၅ နာရီ မှ
ည ၁၁ နာရီအထိလျှပ်စစ်ဓာတ်အား ပိတ်၍လည်းကောင်း စနစ်တကျဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း၊
လျှပ်စစ်ဓာတ်အား ယခုထက်ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် စက်များကြံ့ခိုင်မှုတိုးတက်အောင်
ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းသို့အလှည့်ကျစနစ်ဖြင့် ဓာတ်အား
ဖြန့်ဖြူးခြင်းမှာလည်း ယာယီအခိုက်အတန့်သာဖြစ်ပြီး မကြာမီကာလအတွင်း
ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးသွားနိုင်ရေး စီစဉ်လျက်ရှိ
ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။


0 comments:
Post a Comment