Sunday, April 29, 2012

နိုင်ငံရေး အကြောင်းဘာမှ နားမလည်တဲ့ ဒေါ်အောင်ဆန်းစုကြည်

Posted by မျိုးချစ်သူရဲကောင်းများ On 7:05 PM 0 comments

From : နိုင်ငံရေးကျောင်းသားတစ်ဦး


ဒေါ်စုကြည် မိုက်တစ်လုံးကိုင်ခဲ့စဉ်က

ကျွန်တော်ဟာ ဒေါ်စုဖက်က တောက်လျှောက်ရပ်တည်ခဲ့သူပါ။ မနေ့တနေ့ကအထိပါပဲ။ အခုတော့

 ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို ပြောင်းရပါတော့မယ်။ ဘာကြောင့်ပါလဲ။

1988 ခုနှစ် မြန်မာပြည်ကို ပြန်ရောက်ကတည်းက ဒေါ်စုတစ်ယောက် နိုင်ငံရေးထဲကို ခြေစုံပစ်

 ဝင်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားများ အားလုံး ဝမ်းသာကြေနပ်ခဲ့ရပါတယ်။ ၁၉၉၀ ပြည့် မှာ

 လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်တော့ ဒေါ်စုခေါင်းဆောင်တဲ့ အဖွဲ့ချုပ်က ၉၀% လောက်နဲ့

 နိုင်ပါတယ်။ တပ်မတော်သားတွေ ကိုယ်တိုင်က သူ့ကို မဲထည့်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

ဖခင်ဖြစ်သူက တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ မျိုးချစ်ပုဂ္ဂိုလ်ဖြစ်လို့ တတိုင်းပြည်လုံးက ဒေါ်စုတို့

 မောင်နှစ်မကို တသသဖြစ်ခဲ့ရပါတယ်။ ဒေါ်စုမှာ အစ်ကို ဖြစ်သူနဲ့ ကွာတာက အစ်ကိုလုပ်သူဟာ နိုင်ငံရေး

 လုံးဝ စိတ်မဝင်စားသူပါ။ ဒါပေမဲ့ ဒေါ်စုကတော့ ဖခင်ဖက်ကို လိုက်ပါတယ်။ အရည်အချင်းပိုင်းအရလည်း

 အစစအရာရာ ပြောစရာမရှိအောင် တော်လှပါတယ်။ ဘာသာစကားတွေ ကျွမ်းကျွမ်းကျင်ကျင် တတ်တာ၊

 တွေးခေါ်စဉ်းစားတာ၊ လူတွေကို ပါအောင် ဆွဲခေါ်နိုင်တာ. ဝတ်ပုံစားပုံ သေသပ်လှပပြီး ယဉ်ကျေးမှုကို

 စောင့်ထိမ်းတာ. သတင်းသမားတွေ၊ ပြည်ပနိုင်ငံရေးသမားတွေကို ထိထိမိမိပြောနိုင်တာ..ငြင်းလို့

 မရတဲ့အချက်တွေပါ။



ဒါပေမဲ့ ဒေါ်စုမှာ အားနည်းချက်ကြီးတစ်ခုရှိပါတယ်။ အဲဒါကတော့ ညှိနှိုင်းလုပ်ဆောင်ခြင်း

 အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်ခြင်းတို့ကို နားမလည်တာပါ။ ဒီမိုကရေစီခေါင်းဆောင်လို့ နာမည်ကြီးတဲ့

 ဒေါ်စုဟာ သူကိုယ်တိုင်က ဘယ်သူနဲ့မှ အာဏာခွဲမယူနိုင်သလို ဘယ်သူအကြံပေးတာကိုမှလည်း

 လက်မခံချင်လောက်အောင် ခေါင်းမာလှပါတယ်။ (အသေးစိတ် သိလိုလျှင် ရဲဘော်အောင်ထက်ရဲ့ စာကို

 ဖတ်ကြည့်ပါ)။ ဒါကြောင့်မို့လို့လဲ ၁၉၉၀ ပြည့်မှာ စစ်ဗိုလ်ချုပ်တွေက သူတို့ကိုယ်သူတို့ ကာကွယ်ဘို့

 အာဏာခွဲယူဘို့ ပြောခဲ့တာကို ဒေါ်စုတို့က အပြီးပိုင် ငြင်းပယ်ခဲ့ပါတယ်။ လွှတ်တော်တက်ခဲ့တဲ့

 အချိန်အတိုင်းအတာတစ်ခုရှိပေမဲ့ မညှိနှိုင်းတတ်တဲ့ ဒေါ်စုဟာ လွှတ်တော်ထဲက အပြီးတိုင်

 နှုတ်ထွက်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ပြီးတော့ ဒေါ်စုရဲ့ တချက်လွှတ်ဆုံးဖြတ်ချက်ကို ကြားတဲ့

 စစ်ကြိုခေတ် နိုင်ငံရေးသမားဟောင်းကြီးတွေ (ထိုစဉ်က အနားယူထားသူများ) က အတော် မခံချိ

 မခံသာဖြစ်ကြပြီး သူက ဘာမို့လို့ မညှိနှိုင်းနိုင်ရတာလဲ၊ မနေ့တနေ့ကမှ ပြန်လာပြီး လူပါးဝလိုက်တာလို့

 ပြောတာကို နားနဲ့ ဆတ်ဆတ်ကြားရပါတယ်။ ကျွန်တော်က အလွန်ငယ်နေသေးတဲ့အတွက် အတိအကျ

 ဘာဖြစ်ကြသလဲ၊ ဘယ်လို မညှိနိုင်းသလဲဆိုတာကို အဲဒီတုန်းက မေးမထားလိုက်ပါဘူး။

ပိုမိုအထောက်အထားရဘို့အတွက် သူနဲ့ အလုပ်တွဲ လုပ်ဘူးတဲ့ လူတွေကို မေးကြည့်ပါ။ စာရေးဆရာ

 မောင်စူးစမ်း၊ သူ့ရဲ့ အတွင်းရေးမှူ: ဖြစ်ဘူးတဲ့ စာရေးဆရာမ မသင်္ဂီ၊ ဒေါက်တာဇာနည်၊

 ဒေါက်တာဝှမ်အာဂီလာ (ယခင်ယူနီဆက်ဌာနေကိုယ်စားလှယ် ၁၉၉၈) နဲ့ မနေ့တနေ့ကမှ

 အယ်န်အယ်လ်ဒီ က နှုတ်ထွက်သွားသူများဖြစ်တဲ့ ဒုဗိုလ်မှူးကြီးဟောင်း ကျော်ဆန်း နဲ့ ရဲဘော်အောင်ထက်

 စသည်တို့ ဖြစ်ပါတယ်။ ဒေါ်စု တဖက်သားကို မည်မျှ မလေးစားကြောင်း၊ အာဏာရှင်ဆန်ကြောင်း

 ရဲဘော်အောင်ထက်ရေးသားထားတဲ့ ဒီချုပ်နဲ့ လမ်းခွဲရှင်းတမ်း အပိုင်းတစ်ကို ဖတ်ကြည့်ပါ။

ပြီးခဲ့တဲ့ ၂၃နှစ်ကို ပြန်ကြည့်လိုက်တဲ့အခါ ဒေါ်စုဟာ သူလိုချင်တဲ့အဖြေ မရမချင်း ထိုင်စောင့်တာရယ်၊

 လူတွေကြားထဲ လျှောက်သွားပြီး သတင်းသမားတွေနဲ့ အမေးအဖြေလုပ်တာရယ်၊ နဲ့ အချိန်ကုန်ခဲ့ပါတယ်။

 စစ်တပ်ကလည်း မနေ့တနေ့ကမှ နိုင်ငံခြားက ပြန်လာတဲ့ အမျိုးသမီးကို အရှုံးမပေးတာကြောင့် သူ့ကို

 နေအိမ်အကျဉ်းချုပ် ချထားလိုက်ခြင်းအားဖြင့် မြန်မာတပြည်လုံး ပိတ်ဆို့အရေးယူမှုတွေ လက်အောက်မှာ

 လူထုက ကြားထဲက မြေဇာပင် ဖြစ်ခဲ့ရပါတယ်။ ဒေါ်စုဟာ ကနေ့ထက်ထိ

 နိုင်ငံဦးလျှောင်အထင်ကရအမျိုးသမီးအဖြစ် ကမ္ဘာတလွှားက လေးစားခံရသူအဖြစ် ရှိနေပါတယ်။

 ဒီလိုအခြေအနေမျိုးမှာ ဆင်းရဲနွမ်းပါးပြီး အတိဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ရဲ့

 မျိုးဆက်သစ်များအရေးကို အလျှင်အမြန် အရေးယူဆောင်ရွက်ဘို့ နှစ်ဦးနှစ်ဖက် ပြေလည်မှ

 ဖြစ်မည်ဆိုသော အချက်ကို ဒေါ်စု တကယ်စဉ်းစားလိမ့်မယ်လို့ ကျွန်တော် မယုံကြည်တော့ပါဘူး။

 ကျွန်တော့်အယူအဆအရတော့ ဒေါ်စုဟာ သူလိုချင်တာ မရမခြင်း လွှတ်တော်ထဲကို ဝင်မည် မဟုတ်ပါ။

 ဝင်လျှင်လည်း အခြားသော ပါတီဝင်များနှင့် တွဲဖက်ဆောင်ရွက်နိုင်မည့်သူဟု ကျွန်တော် မယူဆပါ။

 သူလိုချင်တာ မရနိုင်သည်ကို သိသည်နှင့် တပြိုင်တည်း ပြန်လည်ထွက်ခွါလာမည် ဖြစ်ပါသည်။

 နောက်ဆုံးမှာ ဂျာအေး သူ့အမေရိုက်ခံရသည့် ကိန်းပဲ ဖြစ်မည်ဟု ကျွန်တော် ယူဆပါသည်။

ပိုဆိုးသည်မှာ မြန်မာလူမျိုးများသည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု အားသန်လှခြင်း ဖြစ်ပါသည်။ အဆိုပါ

 ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို ဦးနေဝင်းလက်ထက် ကတည်းက မြင်ဘူးခဲ့ရသည်မှာ ယခုအချိန်အထိ

 ဖြစ်ပါသည်။ အမေစုလုပ်သမျှ မှန်သည်၊ အမေစုကို ထိလျှင် ဒါးကြည့်၊ အမေစုသည် ကျွနုပ်တို့၏ ဒုတိယ

 ဘုရားသခင်ဟု အော်နေသူများ အားလုံး နိုင်ငံရေး အသိ ယခုထက် ပိုမြင့်မားရန် လုပ်ဆောင်သင့်သည်ဟု

 ကျွန်တော်တိုက်တွန်းပါသည်။ နိုင်ငံရေးသည် တစ်ဦးကောင်း တစ်ယောက်ကောင်းစံနစ် မဟုတ်ပါ။

 နိုင်ငံရေးဆိုသည်မှာ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ ဝေစားမျှစား ဖြစ်သည်။

 နိုင်ငံရေးဆိုသည်မှာ ညှိနှိုင်းအဖြေရှာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသားများ

 တပါတီလွှမ်းမိုးအုပ်ချုပ်ရေးစံနစ်မှ လွတ်မြောက်ပြီး ဒီမိုကရေစီကို ယခုထက် ပိုမိုနားလည်နိုင်ပါစေကြောင်း

 ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX